𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐫 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိရာ ကျွန်ုပ်တို့အဖွဲ့အစည်း၏ နေ့စဉ်ရုံးလုပ်ငန်းလည်ပတ်မှုများ ၊ ဘဏ္ဍာရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဦးဆောင်စီမံခန့်ခွဲပေးနိုင်ရန်အတွက် လုပ်ငန်းအတွေ့အကြုံရှိပြီး Finance Manager ရာထူးအတွက် လျှောက်လွှာများခေါ်ယူကာ ရှာဖွေလျက်ရှိပါသည်။

ရာထူး 𝗙𝗶𝗻𝗮𝗻𝗰𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗿

လျှောက်လွှာလက်ခံမည့်ကာလ (၀၉.၀၇.၂၀၂၆ မှ ၁၅.၀၇.၂၀၂၆ ) အထိ

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃လ

ပုံမှန်လစာ ၁၅၀၀၀ ဘတ်

အစီရင်ခံရမည့်သူ Executive Director

ခန့်အပ်မည့် ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)

ခန့်အပ်မည့်ဦးရေ ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————

စီမံကိန်းများနှင့် ပတ်သက်၍

● အဖွဲ့အစည်းမှ တိုးချဲ့လုပ်ကိုင်မည့် လုပ်ငန်းစဉ် (Program)များအတွက် ဘဏ္ဍာရေးဆိုင်ရာ (Finance Budget Proposal) အား ပြင်ဆင်ရေးဆွဲရမည်။

● လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ အဖွဲ့အစည်းအတွင်းအသုံးပြုမည့် ဖောင်ပုံစံများ ၊ နမူနာ လျှောက်လွှာပုံစံများ ပြင်ဆင်ရေးဆွဲရမည်။

● Project တစ်ခုတွင်ပါဝင်သော လုပ်ငန်းစဉ်များသည် အဖွဲ့အစည်းမှ ကျင့်သုံးလျက်ရှိသော ဘဏ္ဍာရေးဆိုင်ရာ မူ၀ါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးပေးရမည်။

● လုပ်ငန်းစဉ်မှ သတ်မှတ်ထားသော ငွေပမာဏနှင့် အမှန်တကယ်သုံးစွဲမှုများကို တိုက်ဆိုင်စစ်ဆေး စာရင်းသွင်း၍ အစီရင်ခံစာများ ထုတ်ပေးရမည်။

● အမှန်တကယ်သုံးစွဲနေသော ဘတ်ဂျက်များသည် သတ်မှတ်ပမာဏထက် ကျော်လွန်ခြင်း ၊ မပြည့်မီခြင်းများကို စစ်ဆေး၍ Management Team ထံတင်ပြဆွေးနွေးရမည်။

● ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားပိုင်းအား အဆိုပြုလွှာတင်သည့် ကာလမှစ၍ စီမံကိန်းပိတ်သိမ်းသည့် ကာလအထိ အလုံးစုံ တာ၀န်ယူ ဆောင်ရွက်ပေးရပါမည်။

● စီမံကိန်းနှင့် ပတ်သက်၍ အလုပ်အမှုဆောင်နှင့် စီမံကိန်းတာဝန်ခံများအား ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပါဝင်အကြံပြုပေးရပါမည်။

အဖွဲ့အစည်းနှင့် ပတ်သက်၍

● နေ့စဉ် ငွေဝင်/ငွေထွက်များအား စိစစ်တာဝန်ယူအတည်ပြုခြင်းနှင့် စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ရမည်။

● ဘဏ္ဍာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ မူ၀ါဒများနှင့် လုပ်ထုံးလုပ်နည်းများကို လိုအပ်လျှင် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ပေးရမည်။

● နေ့စဉ် ငွေကိုင်နှင့် ငွေစာရင်း ကိုက်ညီမှုစစ်ဆေးရမည်။

● လချုပ်စာရင်းများနှင့် နှစ်ချုပ်စာရင်းများကို Project Guideline/ Policy များနှင့်အညီ အချိန်မှီ ရေးဆွဲကာ Management Team သို့ တင်ပြနိုင်ရမည်။

● တပတ်တစ်ခါ Cash Count ပြုလုပ်၍ Executive Director ထံသို့ တင်ပြရမည်။

● လစဉ် Bank Reconciliation ရေးဆွဲပေးရမည်။

● နှစ်စဉ် အဖွဲ့အစည်း၏ စာရင်းစစ် စစ်ဆေးခြင်း (Auditing) လုပ်ငန်းစဉ်များအား အဖွဲ့အစည်းကိုယ်စား ဦးဆောင်၍ တာဝန်ယူဆောင်ရွက်ရမည်။

● အဖွဲ့အစည်း၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဝန်ထမ်းအသစ်များအား ပုံမှန်ရှင်းလင်းပြောကြားရမည်။

● ပစ္စည်းစာရင်း (Inventory records) နှင့် Admin ဘက်မှ ကောက်ခံထားသော အဖွဲ့အစည်းပိုင်ပစ္စည်း (Fixed Assesst) များအား တိုက်ဆိုင်စစ်ဆေးရမည်။

အတွေ့အကြုံလိုအပ်ချက်

————————-

● လုပ်ငန်းနှင့် သက်ဆိုင်သောဘွဲ့ (သို့မဟုတ်) Diploma တစ်ခုခု ရရှိထားသူဖြစ်ရမည်။

● သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိရမည်။

● Management ပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

● Financial Report (All package) ရေးဆွဲနိုင်ရမည်။

● Management and Financial Analysis ကျွမ်းကျင်ရမည်။

● Accounting Set Up ချဖူးသောအတွေ့အကြုံရှိရမည်။

● NGOs များတွင် အလုပ်လုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။

● Microsoft Office, Advance Excel, Accounting Software ရသူဖြစ်ရမည်။

● English 4 Skills, Communication and Management Skill ကျွမ်းကျင်သူဖြစ်ရမည်။

● Audit ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံရှိသူ ဦးစားပေးပါမည်။

● စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာပြောဆိုတတ်သူပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ ဖြစ်ရမည်။

● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူ မဖြစ်ရပါ။

● လုပ်ငန်းကိစ္စရပ်များနှင့် ပုဂ္ဂလိကဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————-

● မြန်မာဘာသာ (သို့) English ဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

For further inquires

𝗔𝗱𝗺𝗶𝗻 Officer

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 626 874 266

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!