𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ စိုက်ပျိုးမြေအခမဲ့ အသုံးပြုခွင့် ထောက်ပံ့ရေးအစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်း

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇူလှိုင်လ ၉ ရက်

မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ) မှ နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်လျက် ရှိကြသော မြန်မာပြည်သူ/သားများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများတွင် အသက်မွေးဝမ်းကြောင်း ပြန်လည်ထူထောင်နိုင်ရန် ရည်ရွယ်၍ တစ်လတာ စိုက်ပျိုးရေးသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အဆိုပါ စိုက်ပျိုးရေးသင်တန်းတွင် အောင်မြင်စွာ ပြီးဆုံးထားသော သင်တန်းသား/သူများ၊ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသူများ၊ ကိုယ်ပိုင်စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး ရှေရှည်တိုးချဲ့ရန် ရည်ရွယ်ထားသူများအား စိုက်ပျိုးမြေနေရာ အခမဲ့ ကူညီထောက်ပံ့ပေးသွားမည်။

သို့ပါ၍ Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်၊ ဖရာဒါ့ဖာဒဲရှိ လယ်ယာစိုက်ပျိုးမြေပေါ်တွင် တစ်ဦးလျှင် မြေအကျယ် အများဆုံး ၁ လိုက်အား ၁၁ လ အခမဲ့ ထောက်ပံ့မှု အစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ထောက်ပံ့မှု အစီအစဉ်အသေးစိတ်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

လုပ်ငန်းကာလ

————–

● ၁၁ လ (၂၀၂၆ ခုနှစ် ဇူလှိုင်လ မှ ၂၀၂၇ ခုနှစ် မေလ ၂၀ရက်နေ့ အထိ)

လျှောက်လွှာဖောင်နောက်ဆုံးလက်ခံမည့်ရက်။ ။ ၂၀၂၆ ခုနှစ်၊ ဇူလှိုင် ၂၂ ရက်နေ့။

ထောက်ပံ့ပေးမည့်အစီအစဉ်အကျဉ်း

———————————–

ရွေးချယ်ခံရသူများအား –

● တစ်ဦးလျှင် မြေအကျယ် (၁ လိုက်) ကို အခမဲ့ အများဆုံး ၁၁ လ (၂၀၂၇ မေလ၂၀ ရက်နေ့ အထိ) စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးခြင်း။

● စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သော စိုက်ပျိုးရေးမန်နေဂျာတစ်ဦးမှ လက်တွေ့အနီးကပ် ကြီးကြပ်၊ အုပ်ချူပ်၊ အကြံပြုပေးခြင်းနှင့် သီးနှံများအား ရောင်းချနိုင်ရန် ဈေးကွက်ရှာဖွေ ချိတ်ဆက်ပေးခြင်း။

အထက်ဖော်ပြပါ အစီအစဉ်တွင်ပါဝင်ရန် အမှန်တကယ် စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလှိုင်(၂၂) ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာတာဝန်ခံ၏ အီးမေးလ် (သို့) စင်ဂနယ်ထံ တိုက်ရိုက်ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

လျှောက်ထားနိုင်ရန်နည်းလမ်း

—————————-

အောက်ဖော်ပြပါ နမူနာလျှောက်လွှာဖောင်အား တိုက်ရိုက်ဖောင်ဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။ (ဖောင်ဖြင့် လျောက်လွှာ မတင်တတ်သူများအား Blossom Future (ပွင့်သစ်ဝေ) ၏ စိုက်ပျိုးရေးသင်တန်း တည်နေရာ (သို့) safehouse သို့ လာရောက် ထုတ်ယူ ဖောင်ဖြည့်သွင်းနိုင်ပါသည်။)

Google form Link

https://docs.google.com/…/10Ilkj1dwEj3VS2U…/edit

ဆက်သွယ်ရန်

တာဝန်ခံ – 𝗙𝗮𝗿𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿

ဖုန်းနံပါတ်/𝗦𝗶𝗴𝗻𝗮𝗹 နံပါတ် – ၀၆၂ ၄၄၇၈၉၂၇

𝗘𝗺𝗮𝗶𝗹 – 𝗳𝗺𝟮.𝗯𝗹𝗼𝘀𝘀𝗼𝗺𝗳𝘂𝘁𝘂𝗿𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!