တနိုင်ငံတည်း ဩဇာလွှမ်းမိုးခြင်း (Part 1)

Foreign affairs Magazine တွင် ပါရှိသော Michael Beckley ရေးသားသည့် There Is Only One Sphere of Influence “တနိုင်ငံတည်း ဩဇာလွှမ်းမိုးခြင်း” အတွေးအမြင်ဆောင်းပါးကို အကျိုးရှိမည်ဟု ထင်မြင်ပါသဖြင့် ဘာသာပြန်ပေးပို့အပ်ပါသည်။

အနှစ်ချုပ်မှာ

ယနေ့ကမ္ဘာတွင် အမေရိကန်ပြည်ထောင်စုသည် ပြိုင်ဘက်ကင်းသော ကိုယ်ပိုင်ဩဇာလွှမ်းမိုးမှု နယ်ပယ်တစ်ခုကို အနောက်ကမ္ဘာခြမ်းတွင် ခိုင်မာစွာ ပိုင်ဆိုင်ထားပြီး၊ ရုရှားနှင့် တရုတ်တို့ကဲ့သို့သော ပြိုင်ဘက်များ ထိုးဖောက်နိုင်စွမ်းမရှိသည့် အမာခံစခန်း ဖြစ်နေသည်။

အမေရိကန်သည် အနောက်ကမ္ဘာခြမ်းရှိ အခြားနိုင်ငံအားလုံး၏ စစ်အသုံးစရိတ် စုစုပေါင်းထက် ၁၂ ဆ ပိုမိုသုံးစွဲနေပြီး၊ ဒေသတွင်းနိုင်ငံများ၏ စစ်တပ်များသည် အမေရိကန်အား အားဖြည့်ပေးသည့် အရန် တပ်များကဲ့သို့သာ ဖြစ်နေသည်။

စီးပွားရေးအရလည်း အနောက်ကမ္ဘာခြမ်းသည် အမေရိကန်ဒေါ်လာနှင့် အမေရိကန်ဈေးကွက် အပေါ် လုံးလုံးလျားလျား မှီခိုနေရပြီး၊ အမေရိကန်ဈေးကွက်ကို ဆုံးရှုံးပါက ထိုနိုင်ငံများ၏ ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး ပြိုလဲသွားနိုင်သည့် အခြေအနေရှိသည်။

ရုရှားသည် ၎င်း၏ အိမ်နီးချင်းယူကရိန်းကိုပင် စစ်ရေးအရ အနိုင်မတိုက်နိုင်ဘဲ စီးပွားရေး ကျဆင်းမှု ကိုသာ ရင်ဆိုင်နေရသဖြင့် ၎င်း၏ လွှမ်းမိုးမှုနယ်ပယ်မှာ ပြိုကွဲလျက်ရှိသည်။

တရုတ်သည် စီးပွားရေးအရ အင်အားကြီးသော်လည်း အိမ်နီးချင်းနိုင်ငံများကို အမြတ်ထုတ်သည့် ကိုလိုနီလက်သစ်ပုံစံမျိုး ကျင့်သုံးနေခြင်းနှင့် ထောက်ပံ့ကြေးပေးထားသော ပို့ကုန်များဖြင့် ဒေသတွင်းနိုင်ငံ များ၏ စီပွားရေးလုပ်ငန်းများကို ဒုက္ခပေးနေခြင်းတို့ကြောင့် မိတ်ဖက်များ၏ ယုံကြည်မှုကို မရရှိဘဲ တန်ပြန်တွန်းလှန်မှုများကိုသာ ကြုံတွေ့နေရသည်။

လွှမ်းမိုးမှုနယ်ပယ်တစ်ခုတည်းရှိသော ကမ္ဘာသည် အမေရိကန်အတွက် အခွင့်အလမ်းဖြစ်သော် လည်း၊ ယူရေးရှားဒေသမှ ခြိမ်းခြောက်မှုများကို အလေးမထားဘဲ ပေါ့ဆနေမိပါက အန္တရာယ်ရှိနိုင်ကြောင်း ဆောင်းပါးရှင်က သတိပေးထားသည်။

ယခင်က ကျင့်သုံးခဲ့သည့် လစ်ဘရယ်စနစ်ဟောင်းမှာ ပျက်စီးနေပြီဖြစ်သော်လည်း၊ အမေရိကန် အနေဖြင့် ၎င်း၏အင်အားကို အသုံးပြု၍ လက်ရှိကမ္ဘာနှင့် ကိုက်ညီမည့် စနစ်သစ်တစ်ခုကို ပြန်လည် တည်ဆောက်ရန် လိုအပ်သည်။

အမေရိကန်၏ မဟာမိတ်များဖြစ်သော ဂျပန်၊ တိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် ဥရောပနိုင်ငံများသည် ရုရှားနှင့်တရုတ်၏ ခြိမ်းခြောက်မှုကြောင့် ၎င်းတို့၏ စစ်အင်အားကို ပြန်လည်မြှင့်တင်နေကြရာ အမေရိကန် အတွက် အရည်အချင်းရှိသည့် မိတ်ဖက်သစ်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။

အမေရိကန်၏ ဩဇာအာဏာ ရေရှည်တည်တံ့ရန်အတွက် ရုရှားနှင့် တရုတ်တို့ ကျူးလွန်ခဲ့သည့် “မိတ်ဖက်များကို လက်အောက်ခံများအဖြစ် ဆက်ဆံခြင်း” ဟူသော အမှားမျိုးကို ရှောင်လွှဲပြီး၊ အားလုံး ပါဝင်နိုင်သည့် လွတ်လပ်ပွင့်လင်းသော နယ်ပယ်တစ်ခုကို တည်ဆောက်ရမည် ဖြစ်သည်။

အမေရိကန်သည် အခြားသူများ အစားထိုး၍မရသော ဈေးကွက်၊ ငွေကြေးနှင့် လုံခြုံရေးတို့ကို ပေးစွမ်းနိုင်နေသရွေ့ အင်အားသုံးစရာမလိုဘဲ ကမ္ဘာ့စနစ်ကို ဆက်လက်ထိန်းကျောင်းသွားနိုင်မည် ဖြစ် ပါသည်။

ဘာသာပြန်ပေးသော ဆရာဦးဇော်လွင်အား အထူးကျေးဇူးတင်ရှိပါသည်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေ။

စန်းအောင်

_____________________________________________________________________

တနိုင်ငံတည်း ဩဇာလွှမ်းမိုးခြင်း ( Part 1)

ပြိုင်ဘက်နိုင်ငံများ မစွမ်းနိုင်သော အတားအဆီးအနည်းငယ်သာရှိသည့် အမေရိကန်၏ ဩဇာလွှမ်းမိုးမှု

Michael Beckley

ဖေဖော်ဝါရီ ၄၊ ၂၀၂၆

(MICHAEL BECKLEY သည် Tufts University တွင် နိုင်ငံရေးသိပ္ပံ Associate Professor ဖြစ်ပြီး American Enterprise Institute တွင် Nonresident Senior Fellow အဖြစ်နှင့် Foreign Policy Research Institute တွင် Asia Research ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။)

အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးပြီးနောက်၊ သမ္မတ Donald Trump က Greenland အား ရယူပိုင်ဆိုင်ရေး ဆွေးနွေးချက် များကို ပြန်လည်အသက်သွင်းလာသောအခါ၊ လေ့လာသုံးသပ်သူများက ယခင်ပြောနေကျ လက် သုံး စကားဟောင်းများဖြစ်သည့် “စည်းမကျော်ကြေး” ဟူသော မွန်ရိုးအယူအဆ (Monroe Doctrine) ပြန်လည်အသက်ဝင်လာခြင်း၊ “အင်အားကြီးနိုင်ငံ ဩဇာလွှမ်းမိုးသောနယ်မြေများ” ပြန်လည် ပေါ်ပေါက်လာခြင်း၊ “အမေရိကန်ဦးဆောင်သောကမ္ဘာ” အဆုံးသတ်သွားခြင်း စသည့် စကားလုံးများကို ပြန်ပြောကြရသည်။ သို့သော် ထိုဖြစ်ရပ်များမှ ထူးခြားသည့် အချက်တခုကို ဖော်ပြနေသည်။ ယနေ့ကမ္ဘာတွင် အမှန်တကယ်ပင် တနိုင်ငံတည်းမှ ဩဇာလွှမ်းမိုးထားသော ကမ္ဘာခြမ်းတခု ရှိနေပါသည်။ အမေရိကန် တနိုင်ငံတည်းသာ ဩဇာလွှမ်းမိုးသည့် ကိုယ်ပိုင် ဒေသ တခုကို ထိန်းချုပ်ပိုင်ဆိုင်ထားပြီး၊ ထိုဒေသသည် တရုတ်နှင့်ရုရှားကဲ့သို့ ပြိုင်ဘက်များလွှမ်းမိုးမှုမှ ကာကွယ်ရန် ကြားခံအဖြစ်သာ မဟုတ်ဘဲ အမေရိကန်၏ ဩဇာအာဏာနှင့် ကုန်သွယ်ရေးကို ပြိုင် ဘက် များ၏ နှောက်ယှက်၊ ကန့်သတ်မှု မရှိသလောက်ဖြင့် ပြင်ပနိုင်ငံများသို့ ထိုးဖေါက်နိုင်သည့် ကမ္ဘာခြမ်းတခုမှ အခြေစိုက်စခန်းလည်း ဖြစ်နေသည်။

ဤ အသွင်သဏ္ဍာန်သည် ယနေ့ခေတ်သစ်တွင် မမြင်စဖူး၊ မကြုံဘူးချေ။ စစ်အေး ကာလ တွင် အမေရိကန်၏ ဩဇာလွှမ်းမိုးနယ်မြေသည် ဆိုဗီယက်၏ ကျယ်ပြန့်သည့်နယ်မြေနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရသည်။ ရှေးအစောပိုင်း အင်အားစုပေါင်းစုံ အားပြိုင်ကြသည့် ခေတ်များက ဥရောပအင်အားကြီးနိုင်ငံများသည် ရေခြားမြေခြား နယ်မြေချဲ့ထွင် အုပ်ချုပ်ခဲ့ပြီး အနောက်ကမ္ဘာ ခြမ်း အတွင်းပိုင်းအထိ ကိုလိုနီများ တည်ထောင်ကာ အမေရိကန်ပိုင်နက် အနီးကပ်ဒေသများ အထိ ရောက်ရှိလာပြီး အမေရိကန်၏ ဩဇာသက်ရောက်မှုကို ပြိုင်ဆိုင်ခဲ့ကြသည်။ သို့သော် ထိုခေတ် ကာလ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယခု အမေရိကန် ဩဇာလွှမ်းမိုး သက် ရောက် နယ်မြေ တခုတည်းသာ ကျန်ရှိတော့သည်။ တရုတ်နှင့် ရုရှားတို့သည် ကိုယ်ပိုင်ဒေသများ ကိုပင် ခိုင်မြဲစွာ ထိန်းချုပ်နိုင်ခြင်းမရှိသေး၊ အမေရိကန် ခြံနောက်ဘက်နားသို့ ရေရှည် ဩဇာ လွှမ်းမိုး ထိန်းချုပ်ရန် ထိုးဖောက် အခြေမချနိုင်သေးချေ။

အနီးအနားနိုင်ငံများကို ခြိမ်းခြောက်၊ မီးမွှေးနိုင်သော်လည်း ဩဇာလွှမ်းမိုးမှုမှာ တန်ပြန်ခုခံ ဆန့်ကျင်ကြခြင်းကြောင့် ပျောက်ပျက်ပြီး မရှူနိုင် မကယ်နိုင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အင်အားစုမျာ ပြိုင်ဆိုင်ကြသည့် ပုံစံ ပေါ်ထွက်မလာ ဘဲ ထင်ထင်ရှားရှား တဘက်စောင်းနင်း ဖြစ်နေခဲ့သည်။ တဖက်တွင် အမေရိကန်၏ ခိုင်မြဲသော ကမ္ဘာခြမ်းနှင့် အခြားဘက်တွင် နေရာပေါင်းစုံမှ ပေါ်ထွက်လာသည့် ပြိုင်ဆိုင်မှုများ ဖြစ်သည်။

ဤသို့ တဘက်စောင်းနင်းဖြစ်မှုသည် အမေရိကန်ဩဇာလွှမ်းမိုးခြင်း ဖြစ်လာစေသည်။ အန္တရာယ် ရှိသည်။ လက်ရှိဖြစ်နေသည့် ထိုသို့သော အခြေအနေကို အခြားကမ္ဘာခြမ်းမှ တရုတ် ခေါင်းဆောင် ရှီကျင်းပင်နှင့် ရုရှားသမ္မတ ပူတင်တို့အနေဖြင့် လက်ခံရန် ခက်ခဲစေပါသည်။ ထို အခြေအနေကပင် အမေရိကန်သည် ယူရေးရှားဒေသ (ဥရောပ နှင့် အာရှ ကုန်းမြေ) တွင် ပြဿနာ ဖြစ်၊ ပေါက်ကွဲထွက်ချိန်မှသာ ဝင်ရောက်ဖြေရှင်းသည့်အတွက် အေးချမ်းလုံခြုံနေသည့် အခြေ အနေသို့ တွန်းပို့ထားပါသည်။ ဝါရှင်တန်အနေဖြင့် ကမ္ဘာ့ကြီကို ထိန်းညှိပေးသည့် အလုပ်မျိုးကို စွန့်လွှတ်ပြီး ကိုယ့်ဒေသအတွင်း အားစိုက်ကြိုးပမ်း အုပ်ချုပ်မှုကို ရွေးချယ်လိုသည့် ဆန္ဒကိုလည်း ဖြစ်လာစေသည်။

ဤသို့ ဖြစ်လာလျှင် အမေရိကန်သည် ကုန်သွယ်ရေးနှင့် မဟာမိတ်များမှတဆင့် အကျိုးဖြစ်ထွန်းနိုင်သည့် အင်အားတည်ဆောက်ခြင်းမျိုးကို စွန့်လွှတ်၍ ဒေသတွင်းနိုင်ငံများ မကျေမနပ်ဖြစ်စေမည့် သယံဇာတထုတ်ယူခြင်းနှင့် စစ်အင်အားပြ ထိန်းချုပ်ခြင်းများ ဖြစ်ပေါ် လာနိုင်ပါသည်။

သို့သော် ထိုတဘက်စောင်းနင်း မညီမျှမှုသည် အခွင့်အလမ်းတခုကိုလည်း ဖန်တီးပေးပါ သည်။ အမေရိကန်သည် မိမိဩဇာသက်ရောက်သည့် နယ်မြေကို နိုင်ငံတကာစနစ်အတွက် အစားထိုးခြင်းမပြုဘဲ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနိုင်သည်။ အမေရိကန်နိုင်ငံသည် ဩဇာ လွှမ်းမိုးသက်ရောက်သော ကမ္ဘာအဝန်းအဝိုင်းတခုကို ပိုင်ဆိုင်ထားသည့်အတွက် ကမ္ဘာကြီးမှ ထူးခြားသည့် အားသာချက်နှစ်ခု ပေးထားသည်- ‘အခြားနိုင်ငံများ မယှဉ်နိုင်သောအင်အား’ နှင့် လိုအပ်ပါက ‘အာရှ-ဥပရောပကုန်းမြေနှင့် အဆက်ဖြတ်ထားနိုင်သည့် လုံခြုံသော အိမ်အခြေစိုက် စခန်း’ တို့ ဖြစ်ပါသည်။ ထိုနှစ်ခုပေါင်းစပ်မှု (အင်အားနှင့် နောက်ကြောင်းအေးစွာဖြင့် ဆုတ်ခွာ ခြင်းကို ရွေးချယ်နိုင်ခွင့်) သည် အမေရိကန်၏ မဟာမိတ်နိုင်ငံများကို စစ်အင်အား ပြန်လည် တည် ဆောက်ရန် လှုံ့ဆော်နေပြီ ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလလယ်တွင် ဆွစ်ဇာလန်နိုင်ငံ Davos (ဒါးဗို့စ်) မြို၌ ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum (WEF) မှ မိန့်ခွန်း များကို အာရုံစိုက်နေချိန်တွင် တရုတ်နှင့်ရုရှားတို့၏ ဖိအားကို တိုက်ရိုက်ကြုံတွေ့နေရသော နိုင်ငံ များသည် ၎င်းတို့၏ စစ်တပ်များ၊ စက်မှုလုပ်ငန်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည် တည်ဆောက်နေကြသည်။ ထိုသို့ဖြင့် လစ်ဘရယ်စနစ်ကြောင့် အချိန်အတော်ကြာ ပျောက်ကွယ် နေခဲ့သည့် အမေရိကန်အတွက် အားဖြစ်စေသည့်မိတ်ဖက်များ ပြန်လည် အသက်ဝင်လာကြ သည်။ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ပိုမိုခိုင်မာ ရုန်းထနိုင်သည့် လွတ်လပ်သော ကမ္ဘာကြီး ပုံသဏ္ဌာန်ကို မြင်လာရ သည်။ ထိုမိတ်ဘက်များ ကြာရှည် တည်တံ့ခြင်း ရှိမည်- မရှိမည် ဆိုသည်မှာ- တရုတ်နှင့် ရုရှား၏ အကြီးမားဆုံး အမှားဖြစ်သည့် “မိတ်ဘက်များအား အပြန်အလှန် အားဖြည့်ကူညီသူများဟု မမြင်ဘဲ လက်အောက်ခံများအဖြစ် သဘောထာခြင်း” ကို အမေရိကန် ကိုယ်တိုင် ရှောင်ရှားနိုင်ရန် လိုအပ်ပါသည်။

တဦးတည်းအနိုင်ရသည့် ကစားကွင်း

လေ့လာသုံးသပ်သူများစွာက အမေရိကန်ဦးဆောင်မှု လျော့နည်းလာနေပြီး ကမ္ဘာကြီးသည် အင်အားစုဖွဲ့မှု ပုံစံမျိုးစုံဖြစ်လာသည်ဟု ဆိုကြသည်။ အချို့က ငြိမ်းချမ်းရေးအတွက် အာရှတွင် တရုတ်ဩဇာလွှမ်းမိုးသည့် နယ်မြေတခုနှင့် အရှေ့ဥရောပတွင် ရုရှားအတွက် နယ်မြေတခုကို အမေရိကန်က ပေးသင့်ကြောင်း အကြံပြုကြသည်။ သို့သော် ဩဇာသက်ရောက်လွှမ်းမိုးနိုင်သည့် နယ်မြေဆိုသည်မှာ သံတမန်ရေးအရ အလျော့ပေးခြင်းမဟုတ်ဘဲ နိုင်ငံရေးနှင့်သက်ဆိုင်ပါသည်။ နိုင်ငံ၏အင်အား၊ ပထဝီအနေအထားတို့အရ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအချက်များအပြင် အင်အားနည်းသော နိုင်ငံငယ်များ၏ ကိုယ်တိုင်ရွေးချယ်မှုလည်း ဖြစ်ပါသည်။

နိုင်ငံတခု၏ ဩဇာလွှမ်းမိုးသည့် နယ်မြေဆိုသည်မှာ ထိုနယ်မြေ၏ လုံခြုံရေးအတွက် ထိုနိုင်ငံများမှ ဩဇာခံခြင်း၊ အခြား နိုင်ငံခြားတိုင်ပြည်များ ကြားမဝင်နိုင်ခြင်းနှင့် အင်အားကို အမြဲ သုံးရန် မလိုဘဲ ထိန်းချုပ်ထားနိုင်သည့်အခါ မှသာလျှင် အမှန်တကယ် ဩဇာလွှမ်းမိုးသည့် နယ်မြေ ဟု ခေါ်ဆိုနိုင်ပါသည်။ ထိုအခြေအနေများ မရှိပါက အမည်ပေးထားခြင်းသာဖြစ်ပြီး ထူးခြား ပြောင်းလဲ သွားမည်မဟုတ်ပါ။

သမိုင်းတလျှောက် ဩဇာသက်ရောက်သည့်နယ်မြေများ တနည်းအားဖြင့် ဩဇာခံနယ်မြေ များကို နည်းလမ်းနှစ်ခုဖြင့် တည်ဆောက်ခဲ့ကြသည်။ ပထမတခုမှာ စစ်ရေးဖြင့် သိမ်းပိုက်ခြင်း ဖြစ် ပြီး ဒုတိယတမျိုးမှာ အိမ်နီးချင်းနိုင်ငံများနှင့်ပေါင်းစပ်၍- လုံခြုံရေးအာမခံချက်ပေးခြင်း၊ စျေးကွက် ဝင်ခွင့်ပေးခြင်းနှင့် ခွဲထွက်ရန်ခက်ခဲစေသည့် အဖွဲ့အစည်းများ ထူထောင်ခြင်းတို့ ဖြစ်ပါသည်။ တည်ဆောက်ပုံနည်းလမ်းများ ကွာခြားနိုင်သော်လည်း လိုအပ်ချက်များမှာ မကွာပါ။ အမှန် တကယ် ဩဇာလွှမ်းမိုးသည့် နယ်မြေတခုအတွက် စစ်ရေးလွှမ်းမိုးမှု၊ စီးပွားရေးဗဟို တည်နေရာနှင့် ရေရှည် ဆက်လက်ထိန်းသိမ်းနိုင်စွမ်းတို့ လိုအပ်ပါသည်။ ထိုစံနှုန်းများအရ အမေရိကန်သည် အနောက်ကမ္ဘာခြမ်းတွင် ဩဇာလွှမ်းမိုးသည့်နယ်မြေကို ပိုင်ဆိုင်ထားသည်။ အခြားအင်အားကြီး နိုင်ငံ မည်သည့်နိုင်ငံမျှ ထိုသို့ မရှိပါ။

စစ်ရေးလွှမ်းမိုးမှုကို ကြည့်ပါက၊ ဝါရှင်တန်သည် အနောက်ကမ္ဘာခြမ်းရှိ အခြားနိုင်ငံအားလုံး ၏ ကာကွယ်ရေးအသုံးစရိတ် စုစုပေါင်း ပမာဏထက် ၁၂ ဆအထိ ပိုမို သုံးစွဲနေသည်။ Rio Grande မြစ်၏ တောင်ဘက်တွင် နိုင်ငံများ၏ သုံးပုံနှစ်ပုံခန့်မှာ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များသာ ရှိသည့် အဆင့်ဖြစ်သည်။ ဒေသရှိ နိုင်ငံ ၃၃ နိုင်ငံ၏ စုပေါင်း စစ်လေယာဉ်အရေအတွက်သည် ၇၀၀ မကျော်ပါ၊ စစ်သင်္ဘော ၃၀ ခန့်နှင့် ရေငုတ်သင်္ဘော ၂၀ ခန့်သာ ရှိပြီး၊ အမေရိကန်၏ စစ်လေယာဉ် ၃,၀၀၀ နီးပါး၊ စစ်သင်္ဘော ၁၂၀ ကျော်နှင့် ရေငုတ်သင်္ဘော ၆၅ ခန့်နှင့် နှိုင်းယှဉ်လျှင် အလွန် နည်းပါး ပါသည်။

ကနေဒါသာ အနည်းငယ် ခြွင်းချက်ဖြစ်ပြီး တိုက်လေယာဉ်အုပ်စု ၂ ခု၊ mechanized brigade တခုနှင့် frigate သင်္ဘောငယ်အဖွဲ့တခု ပါဝင်သည့် စစ်ရေးအင်အား ရှိသည်။ သို့သော် တပ်ဖွဲ့အင်အား၏ ထက်ဝက်ခန့်မှာ အချိန်မရွေးအသုံးပြုရန် အသင့်မရှိပါ။ ဟောင်းနွမ်းလာသော စက်ပစ္စည်းများသည် ပြုပြင်ထိန်းသိမ်းခြင်း နောက်ကျ၍ ချက်ချင်းအသုံးမပြုနိုင်ပါ။ အလုပ်သမား နှင့် စစ်သားအင်အား မလုံလောက်မှုကြောင့် သင်္ဘောများ၊ လေယာဉ်များနှင့် တပ်ဖွဲ့များတွင် လိုအပ်သည့် ဝန်ထမ်း မပြည့်စုံကြ။ အနောက်ကမ္ဘာခြမ်းရှိ အခြားနိုင်ငံများကဲ့သို့ပင် ကနေဒါတပ်ဖွဲ့ များသည်လည်း ထောက်လှမ်းရေး၊ လေယာဉ်ဆီဖြည့်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ပစ်မှတ် လမ်းညွှန်မှုတို့တွင် အမေရိကန်အပေါ် လွန်စွာမှီခို အားထားနေကြရသည်။

အမေရိကန်၏ ဩဇာလွှမ်းမိုးသောနယ်မြေ တခုသာရှိပြီး ယှဉ်ပြိုင်ဘက်များသည် နေရာစုံမှ ပုံစံ မျိုးစုံ ဖြစ်နေကြသည်။

လက်တွေ့တွင် ဒေသတွင်းစစ်တပ်များသည် ပြိုင်ဘက်အဖြစ်ထက် အမေရိကန်ကို အားဖြည့်ကူညီပေးသည့် အရန်တပ်များကဲ့သို့ ပိုမိုလုပ်ဆောင်နေကြသည်။ သဘောတူညီချက်များ နှင့် ပူးတွဲလေ့ကျင့်ရေး အစီအစဉ်များမှတဆင့် အနောက်ကမ္ဘာခြမ်းတလျှောက်တွင် အမေရိကန် စစ်တပ်သည် စစ်ရေးလှုပ်ရှားခွင့် အပြည့်အဝနီးပါး ရရှိထားပြီး အနှောက်အယှက် အဟန့်အတား အနည်းငယ်မျှဖြင့် ဝင်ရောက်လှုပ်ရှားနိုင်သည်။ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် ဗင်နီဇွဲလား ဖြစ် ရပ် က ထိုအချက်ကို သက်သေပြနေသည်။

အမေရိကန်၏ စီးပွားရေးဗဟိုချက် တည်နေရာသည် ထိုလွှမ်းမိုးမှုကို ပိုမိုခိုင်မာစေသည်။ အမေရိကန်သည် အနောက်ကမ္ဘာလုံးခြမ်း၏ အဓိကစျေးကွက်ဖြစ်သည်။ တောင်အမေရိကမှ ပို့ကုန် ထက်ဝက်နီးပါးနှင့် ကနေဒါနှင့် မက္ကဆီကိုမှပို့ကုန် ၆၀ မှ ၈၀ ရာခိုင်နှုန်းအထိသည် အမေရိကန်သို့ သွားသည်။ ထိုကုန်သွယ်မှု ဈေးကွက်မှာ နိုင်ငံများစွာမှ တရုတ်နှင့် ပြုလုပ်နေသည့် သယံဇာတကုန်သွယ်ရေးမျိုး မဟုတ်ဘဲ အမေရိကန် စျေးကွက်အတွက် အထူးထုတ်လုပ်ထားသည့် ကုန်ချောပစ္စည်းများနှင့် အစိတ်အပိုင်းများပါဝင်သည့် ထောက်ပံ့ရေးကွင်းဆက် စနစ်တကျ ချိတ် ဆက်ထားသည့် ကုန်သွယ်ရေးဖြစ်သည်။ အမေရိကန်စျေးကွက်ကို ဆုံးရှုံးသွားပါက ထုတ်လုပ်မှု သည် အခြားနေရာများသို့ မရွှေ့သွားဘဲ ပြိုလဲသွားမည် ဖြစ်သည်။

အနောက်ကမ္ဘာခြမ်းသည် လက်တွေ့တွင် “အမေရိကန်ဒေါ်လာဇုန်” တခုလည်း ဖြစ်နေ သည်။ နိုင်ငံအချို့သည် ဒေါ်လာကို တိုက်ရိုက်အသုံးပြုကြပြီး၊ အချို့သည် ကိုယ်ပိုင်ငွေကြေးကို ဒေါ်လာနှင့် ချိတ်ဆက်ထားကြသည်။ ဒေသတွင်း ကုန်သွယ်ရေးနှင့် ချေးငွေများ အများစုကိုလည်း ဒေါ်လာဖြင့် သတ်မှတ်ထားသည်။ စီးပွားရေး အကြပ်အတည်းကာလများတွင် ကယ်ဆယ်ရေး ရံပုံငွေသည် အမေရိကန်အဖွဲ့အစည်းများမှတဆင့် ဖြတ်သန်းရပြီး အမေရိကန်မှ ပို့ပေးသော ငွေလွှဲ များသည် ဗဟိုအမေရိက (Central America) နှင့် ကာရစ်ဘီယန် (Caribbean) ဒေသများတွင် GDP ၏ အချိုးကြီးတခုကို ထောက်ပံ့ပေးနေသည်။ ထို့ကြောင့် ငွေကြေးစနစ်တွင်လည်း အမေရိ ကန်၏ ဩဇာလွှမ်းမိုးမှု ရှိနေသည်။ ဒေါ်လာနှင့် ချိတ်ဆက်နေသော အခြားအစိုးရများသည် ငွေကြေးမတည်ငြိမ်မှု အန္တရာယ်ကို ရှောင်ရှားရန် ဝါရှင်တန်ကို အလေးထား နေရာပေး စဉ်းစားလို ကြသည်။

နောက်ဆုံးတွင် အမေရိကန်သည် ဒေသနှင့်မကိုက်ညီသည့် နိုင်ငံရေး သို့မဟုတ် စီးပွားရေး စနစ်တခုကို အတင်းအကျပ် ထည့်သွင်းရန် ကြိုးစားနေခြင်း မရှိသောကြောင့် ဒေသတွင်း ဩဇာ လွှမ်းမိုးမှုကို ရေရှည် ထိန်းထားနိုင်စွမ်း ရှိသည်။ ဆိုဗီယက်ပြည်ထောင်စုသည် အရှေ့ဥရောပနှင့် အာရှအလယ်ပိုင်း (Central Asia) တွင် ကွန်မြူနစ်စနစ်ကို အတင်းအကြပ် သွပ်သွင်းခဲ့သည်။ ထို့ကြောင့် ဆိုဗီယက်အင်အား လျော့နည်းလာချိန်တွင် ချက်ချင်းပင် နိုင်ငံများ ခွဲထွက်ခဲ့ကြသည်။ အမေရိကန် ဩဇာလွှမ်းမိုးသည့်နယ်မြေများနှင့် ကွဲပြားကြောင်း တွေ့ရှိနိုင်ပါသည်။ အမေရိကန် ဩဇာလွှမ်းမိုးသည့်နယ်မြေများတွင် အမေရိကန်ဆန့်ကျင်ရေးသဘောထား ကျယ်ပြန့်စွာ ရှိနေကြ သော်လည်း အနောက်ကမ္ဘာခြမ်းရှိ အစိုးရအများစုသည် အမေရိကန်ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင် သည့် စုဖွဲ့မှုများ မရှိကြတော့ပါ။ လက်တင်အမေရိကသည် ဗင်နီဇွဲလားနှင့် ကျူးဘား ပြိုလဲမှုများ ကြောင့် ယုံကြည်မှုပျောက်ဆုံးပြီး ဆိုရှယ်လစ်အစိုးရနှင့် အမျိုးသားတော်လှန်ရေး တို့မှ ဝေးကွာ လာကြပြီး၊ လက်ရှိတွင် အကြမ်းဖက်မှုနှင့် ကုန်ဈေးနှုန်းတက်မှုကို ထိန်းချုပ်ခြင်း၊ ဘဏ္ဍာရေး တည် ငြိမ်မှု တည်ဆောက်ခြင်းနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းတို့အပေါ် အာရုံစိုက်နေကြ သည်။ ထိုဦးစားပေးလုပ်ဆောင်မှုများသည် ဒေသတွင်း၌ အမေရိကန်လိုလားမှု ဖြစ်ထွန်းလာခြင်း မဟုတ်သော်လည်း အမေရိကန်ဆန့်ကျင်ရေး စိတ်အားထက်သန်မှု လျော့နည်းစေပြီး အမေရိကန် ဦးဆောင်မှုကို

ဆန့်ကျင်လိုစိတ် လျော့ကျလာသည်။

အရေးပါသည့်အချက်မှာ အနောက်ကမ္ဘာခြမ်းတွင် အမေရိကန်လွှမ်းမိုးမှုကို အစားထိုးနိုင် မည့် ယုံကြည်စိတ်ချရသော အခြားရွေးချယ်စရာ မရှိပါ။ တရုတ်နှင့် ရုရှားသည် ဒေသတွင်း၌ စနစ်ကို ဖန်တီးမပေးဘဲ အရောင်းအဝယ်လုပ်ခြင်းသာ ပြုလုပ်သည်။ ဘေကျင်းသည် အခြေခံ အဆောက်အဦးများ ဆောက်လုပ်ပေးသော်လည်း ဒေသ၏ပို့ကုန်ကို လက်ဝါးကြီးအုပ်သည်။ မရှင်းလင်းသော ချေးငွေပေး၍ သယံဇာတများကို ထုတ်ယူသည်။ မော်စကိုသည် သယံဇာတနှင့် လက်နက်များကိုသာ ရောင်းချသည်။ ဒေသတွင်းနိုင်ငံများမှ အဓိပ္ပါယ်ရှိစွာ ပူးပေါင်းပါဝင်နိုင်သည့် နိုင်ငံရေး သို့မဟုတ် စီးပွားရေးစနစ်ကို မည်သည့်နိုင်ငံမျှ ဖန်တီမပေးနိုင်သလို နိုင်ငံများအများစု လိုက်နာလိုမည့် အယူဝါဒလည်း မပေးနိုင်ကြချေ။ နှစ်နိုင်ငံလုံးသည် မသေချာသည့် ခေါင်းဆောင် ဆက်ခံမှု အစီအစဉ်များနှင့် မတည်ငြိမ်သည့် မူဝါဒများရှိသည့် အာဏာရှင်စနစ်များဖြင့် နိုင်ငံကို အုပ်ချုပ်နေကြသည်။ ရုရှား၏ ယူကရိန်း ကို ကျူးကျော်မှုနှင့် တရုတ်၏ “zero COVID” lockdown မူဝါဒတို့သည် ထင်ရှားသည့် ဥပမာများဖြစ်ကြသည်။ ဝါရှင်တန်က ဗင်နီဇွဲလား သမ္မတ မာဒူရို Maduro အား စစ်ရေးအရ အရေးယူခဲ့ချိန်တွင် တရုတ်နှင့် ရုရှား သည် သူတို့၏ အနီးကပ်မဟာမိတ် ဖြစ်သူ ‘မာဒူရို’ ကို ကာကွယ်မပေးနိုင်ခဲ့ကြပေ။ တရုတ်နှင့် ရုရှား၏ လူဦးရေနှင့် စီးပွားရေး အရွယ်အစားများမှာ အမေရိကန်နှင့် နှိုင်းယှဉ်လျှင် လျော့နည်းလာနေသဖြင့် ၎င်းတို့နှင့် မိတ်ဖက် ဖြစ်လိုသူများအတွက် သေးငယ်သည့်စျေးကွက်များ၊ အားနည်းသည့်ဘဏ္ဍာရေး အခြေအနေများ နှင့် အမေကျော် ဒွေးတော်လွမ်းရမည့် အနာဂတ်ကိုသာ ပေးနိုင်ကြသည်။

အင်အားမကြီးသည့် အင်အားကြီးနိုင်ငံများ

ရုရှားနှင့် တရုတ်တို့တွင် ဩဇာလွှမ်းမိုးသောနယ်မြေများ အမှန်တကယ် ရှိခဲ့ပါက၊ ထိုသို့ သော နယ်မြေများသည် မထင်မရှား ဖြစ်နေမည် မဟုတ်ပါ။ ပူတင်သည် မိမိကိုယ်ကို ခေတ်သစ် ပီတာဘုရင် (Peter the Great) အဖြစ် အများမြင်အောင် ကိုယ်ထင်ပြပြီး စစ်အေးခေတ် အလွန်တွင် ဘာသာစကား၊ ဘာသာရေးနှင့် အင်ပါယာသမိုင်းအရ ပိုင်နက်ဖြစ်ခဲ့ဘူးသည့် နယ်မြေများကို ရုရှားဩဇာလွှမ်းမိုးသည့် နယ်မြေများဟု သတ်မှတ်လျင်- မော်စကိုက လက်ရှိတွင် အိမ်နီးချင်းများအပေါ် အသုံးပြုနေသည့် မည်သည့် အစုအဖွဲ့ဘက်ယိမ်းသည် မသေချာသည့် နယ် မြေ (gray-zone) များအပေါ် ဖိအားပေးခြင်းများ၊ လုပ်ကြံသတ်ဖြတ်မှုများ သို့မဟုတ် မဟုတ်မမှန် သတင်းဖြန့်ချိမှုများကို ယခုထက် ပိုလွန်လုပ်ဆောင်မည် ဖြစ်သည်။ ရုရှဩဇာသက်ရောက်၍ အပြည့်အဝထိန်းချုပ်နိုင်ပါက- ဘော်လ်တစ်နိုင်ငံများ၊ ဂျော်ဂျီယာ၊ မော်လ်ဒိုဗာ၊ ယူကရိန်း တို့အပြင် အချို့အခြေအနေတွင် ပိုလန်နှင့် ရိုမေးနီးယားတောင် ပါဝင်နိုင်သည့် ကြားနေနိုင်ငံများ ၏ ခါးပတ်လမ်းတခုကို ဖန်တီးမည်ဖြစ်သည်။ ၎င်းတို့ကို NATO နှင့် ဥရောပသမဂ္ဂသို့ ဝင်ခွင့် မပေး၊ အနောက်နိုင်ငံ စစ်တပ်များကိုလည်း ထားရှိခွင့်ပြုမည်မဟုတ်ဘဲ မော်စကို၏ နိုင်ငံခြားရေးမူဝါဒနှင့် လိုက်လျောညီထွေ ပြုလုပ်စေမည် ဖြစ်သည်။ စီးပွားရေးအရလည်း ထိုနိုင်ငံများကို ကုန်သွယ်ရေး ကွင်းဆက်တခုထဲသို့ ထည့်သွင်းပြီး ရုရှားနှင့် ကုန်သွယ်ရေး အတားအဆီးများကို လျှော့ချကာ အနောက်နိုင်ငံများနှင့် ကုန်သွယ်ရေး အတားအဆီးများကို တိုးမြှင့်မည် ဖြစ်သည်။ ရုရှားတပ်ဖွဲ့ များနှင့် ထောက်လှမ်းရေးအဖွဲ့များသည် ထိုနယ်မြေအတွင်း လွတ်လပ်စွာ လှုပ်ရှားနိုင်မည် ဖြစ် သည်။ ကရင်မလင် (Kremlin) သည် နိုင်ငံတနိုင်ငံစီ၏ ခေါင်းဆောင်များကို စစ်ဆေးရွေးချယ်ပြီး ဆန့်ကျင်သူများကို ဖယ်ရှားမည် ဖြစ်သည်။ ပူတင်၏ အမြင်အရ ထိုသို့သော နယ်မြေတခုသည် “ခေတ်သစ်ကမ္ဘာ၏ အင်အားတခု” အဖြစ် ဖွဲ့စည်းမည် ဖြစ်သည်။

တရုတ် ဩဇာသက်ရောက်နယ်မြေသည် ထို့ထက် ပိုမို ကျယ်ပြန့်မည် ဖြစ်သည်။ တိုင်ဝမ်၊ အိန္ဒိယ၏ အစိတ်အပိုင်းများနှင့် ဂျပန်၏ Ryukyu ကျွန်းစုအချို့ကို တင်းကြပ်စွာ စုပ်ယူဝါးမြို ထားမည် ဖြစ်သည်။ ဩစတြေးလျ၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ကို မဟာဗျူဟာအရ ကြားနေဖြစ်စေ၍ ၎င်းတို့၏ စစ်တပ်များကို ကန့်သတ်ထားပြီး အမေရိကန် တပ် ဖွဲ့ များကို နယ်မြေများမှ ဖယ်ရှားစေမည်ဖြစ်သည်။ အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ် ပင်လယ်တို့သည် လက်တွေ့အားဖြင့် တရုတ်၏ ပင်လယ်ရေများဖြစ်လာပြီး အိမ်နီးချင်းနိုင်ငံများ သည် မိမိတို့ကမ်းရိုးတန်းမှ ကျော်လွန်လှုပ်ရှားရန် ဘေကျင်း၏ ခွင့်ပြုချက်ကို လိုအပ်လာမည် ဖြစ်သည်။ “တရုတ်သည် အဆင့်မြင့် ထုတ်လုပ်မှုလုပ်ငန်းများကို တရုတ်တနိုင်ငံတည်း လက်ဝယ် ထားပြီး အခြားနိုင်ငံများကို သယံဇာတပေးသွင်းသူများအဖြစ် ထားရှိမည့် ကမ္ဘာတခုကို မျှော်မှန်း ထားသည်” ဟု တရုတ်ဝန်ကြီးချုပ် Li Keqiang က ၂၀၁၇ ခုနှစ်တွင် Trump ကို ပြောကြားခဲ့သည့် အတိုင်း စီးပွားရေးအရ ကိုလိုနီလက်သစ် (neocolonial) ပုံစံ ပေါ်ပေါက်လာမည် ဖြစ်သည်။ နိုင်ငံများသည် တရုတ်ကုန်ပစ္စည်းများကို ဝယ်ယူရန် တရုတ်မှ ချေးငွေများကို အလွန် အကျွံ ယူကာ တရုတ်စနစ်များကို တပ်ဆင်ရမည် ဖြစ်သည်။ ဒေတာနှင့် လိုင်စင်ကြေး များကို ဘေကျင်းသို့ ပြန်လည်ပေးပို့ရမည့်အပြင် တရုတ်ကွန်မြူနစ်ပါတီ၏ သတ်မှတ်ချက်များကို လိုက်နာရမည် ဖြစ်သည်။ ထိုကဲ့သို့ ဖိအားများအောက်တွင် အာရှတလွှား ဒီမိုကရေစီအဖွဲ့အစည်း များသည် တဖြည်းဖြည်း အားနည်းသွားမည် ဖြစ်သည်။

ဤသို့သော ဩဇာလွှမ်းမိုးသည့်နယ်မြေများ မဖြစ်နိုင်ပါက၊ မဖြစ်နိုင်ရခြင်းသည် ၎င်းတို့ကြောင့် ဖြစ်သည်။ ရုရှားနှင့် တရုတ်တို့သည် ထိုသို့သော နယ်မြေများကို တည်ဆောက်ရန် လိုအပ်သည့် စစ်ရေးလွှမ်းမိုးမှု၊ စီးပွားရေးဗဟိုချက်တည်ဆောက်နိုင်မှုနှင့် ရေရှည်ထိန်းသိမ်းနိုင်စွမ်း မရှိကြချေ။ ရုရှား၏ မအောင်မြင်မှုမှာ ထင်ရှားသည်။ ရုရှားသည် မိမိ၏ တည်ဆောက်ထားသော စစ်အင်အားကို အားနည်းသည့်အိမ်နီးချင်း ယူကရိန်း တနိုင်ငံတည်းအပေါ် အပြည့်အဝ အသုံးချခဲ့ သည်။ ရုရှားစီးပွားရေးကို စစ်အတွက်အသုံးပြုကာ ဆိုဗီယက်ခေတ်က စုဆောင်းထားသည့် လက် ကျန် စစ်လက်နက်ပစ္စည်းများကို ဖြုန်းတီးခဲ့သည်။ နိုင်ငံသား ထောင်သောင်းချီ၍ စစ်မှုထမ်း ဆင့် ခေါ်ကာ ရနိုင်သမျှ မဟာမိတ်နိုင်ငံများ အားလုံးကို အကူအညီတောင်းခဲ့သည်။ သို့သော် ယူကရိန်း နှင့် ဖြစ်ပွားသော လေးနှစ်ကြာ အလုံးစုံစစ်ပွဲ အပါအဝင် ဆယ်စုနှစ်တခုကျော်ကြာ စစ်ပွဲများအပြီး တွင် ရုရှားတပ်ဖွဲ့များသည် ၂၀၁၄ ခုနှစ် က ရှိခဲ့သော ရှေ့တန်းစစ်မျက်နှာမှ မိုင် ၃၀ ခန့်သာ ရှေ့တိုးနိုင်ခဲ့ပြီး စစ်သား ၁.၂ သန်းခန့် ထိခိုက်သေကြေခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်၏ စုစုပေါင်း ထိခိုက်ဆုံးရှုံးမှုနှင့် နှိုင်းယှဉ်နိုင်သည့် အရေအတွက် ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်သည့် စစ်ရေးမအောင်မြင်မှုသည် ရုရှား

၏ စီးပွားရေးကျဆင်းမှုကို အရှိန်မြှင့်ပေးခဲ့သည်။ ဥရောပ၏ စွမ်းအင်စျေးကွက်များ ဖြတ်တောက်ခံရသည်။ သန်းနှင့်ချီသည့် ရုရှားနိုင်ငံသားများ နိုင်ငံမှ ထွက်ပြေးသွားကြသဖြင့် အရည်အချင်းပြည့်ဝသူများ ဆုံးရှုံးခဲ့သည်။ နိုင်ငံ့ဘဏ္ဍာ၏ ထက်ဝက်ခန့် (ကျူးကျော်မှုမတိုင်မီထက် GDP အချိုးအစားဖြင့် နှစ်ဆနီးပါး) ကို စစ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲနေရသည်။ ရုရှားသည် အိမ်နီးချင်းနိုင်ငံများကို ဖျက်စီးနိုင် သော် လည်း ဆွဲဆောင်နိုင်ခြင်း- ဦးဆောင်နိုင်ခြင်းမရှိသည့် အကြွေးတင်ပြီး စစ်ရေးအလွန်အကျွံ ချဲ့ထွင် နေသည့် ရေနံနိုင်ငံတခုအဖြစ် ပြောင်းလဲလာနေသည်။ ထိုအခြေအနေကြောင့် ယခင်ဆိုဗီယက် နိုင်ငံများသည် မော်စကိုနှင့် ချိတ်ဆက်မှုများကို ဖြတ်တောက်နေကြသည်။ ရုရှားလက်နက်များ နေရာတွင် အခြားနိုင်ငံများမှ လက်နက်များဖြင့် အစားထိုးလာကြသည်။ ကုန်သွယ်ရေးလမ်း ကြောင်းများကို ပြောင်းလဲလိုက်ကြသည်။ ဒေသတွင်း အငြင်းပွားမှုများကို ရုရှားမပါဘဲ ဖြေရှင်းရန် ကြိုးစားကြသည်။ ရုရှားအပေါ်မှီခိုရာမှ တရုတ်နှင့် ဥရောပဘက်သို့ လှည့်လိုက်ကြသည်။ တခါက အိမ်နီးချင်းနိုင်ငံများအပေါ် စီးပွားရေးအရ လွှမ်းမိုးနိုင်ခဲ့သည့် အင်အားကြီးမားသော ရုရှားသည် ယခုအခါ လူပုကလေး ဖြစ်သွားသည်။ တချိန်က အာရှအလယ်ပိုင်းဒေသ ကော့ကေးဆပ် နှင့် အရှေ့ဥရောပ ကို ချိတ်ဆက်ပေးခဲ့သည့် အဓိကမဏ္ဍိုင်ဖြစ်ခဲ့သော ရုရှားသည် ယခုအခါ လေးစ

ား နာခံခြင်း မခံရတော့ဘဲ ရှောင်ကွင်းခံနေရသည်။

သို့သော် တရုတ်၏ အနာဂတ်အလားအလာသည် ပိုမိုကောင်းမွန်ဟန် ရှိသည်။ တရုတ်

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!