ကမ္ဘာခြမ်းတခုမှ ဝါရှင်တန်ကို ပေးထားသော အားသာချက် နှစ်ခု
သို့သော် အရွယ်အစားကြီးမားမှုသည် အပြည့်အဝ အနိုင်ယူနိုင်စွမ်းရှိသည် မဟုတ်ပါ။ အမေရိကန်နှင့် မတူသည်မှာ တရုတ်သည် ကမ္ဘာပေါ်တွင် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒေသတခု တွင် လှုပ်ရှားနေရသည်။ ၎င်း၏ အိမ်နီးချင်းများတွင် ကမ္ဘာ့လူဦးရေ အများဆုံး ၁၅ နိုင်ငံထဲမှ ၇ နိုင်ငံ၊ စီးပွားရေးနှင့် စစ်ရေး အသုံးစရိတ် အမြင့်ဆုံး ၁၅ နိုင်ငံထဲမှ ၄ နိုင်ငံ၊ နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံ ၄ နိုင်ငံ ပါဝင်ပြီး နျူကလီးယားလက်နက်ကို လျင်မြန်စွာ ထုတ်လုပ်၊ ပိုင်ဆိုင် နိုင်စွမ်းရှိသည့် နိုင်ငံများလည်း ပါဝင်သည်။ လွန်ခဲ့သော ရာစုနှစ် ၈ ခုအတွင်း ဘေဂျင်းသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံတိုင်းနှင့် နယ်နိမိတ် အငြင်းပွားမှုများ ရှိခဲ့ပြီး အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆိုဗီယက်ယူနီယံ၊ ဗီယက်နမ်တို့အပါအဝင် ၅ နိုင်ငံနှင့် စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ယနေ့ထိ အနည်းဆုံး ၁၀ နိုင်ငံနှင့် နယ်မြေအငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေသည်။
ထို့အပြင် တရုတ်သည် အမေရိကန်၏ ဆက်တိုက်ဖိအားကိုလည်း ရင်ဆိုင်နေရသည်။ အမေရိကန်သည် တရုတ်ကမ်းရိုးတန်း အနီးတွင် စစ်သား ၉၀,၀၀၀ ခန့်၊ လေယာဉ်ရာပေါင်းများစွာ၊ စစ်သင်္ဘောများနှင့် ဒုံးကျည်စနစ်များ တပ်ဆင်ထားသည်။ ၁၉ ရာစုတွင် ဝါရှင်တန်သည် လက်တင် အမေရိကတွင် သြဇာလွှမ်းမိုးမှု ပထမဆုံးတည်ဆောက်စဉ်က ယူရေရှား (ဥရောပ-အာရှကုန်းမြေ) ရှိ အင်အားကြီးနိုင်ငံများသည် တဦးနှင့်တဦး စစ်တိုက်နေခဲ့ကြသည်။ ယနေ့တွင် အမေရိကန်သည် အနောက်ကမ္ဘာအခြမ်းတွင် လုံခြုံစွာ ရပ်တည်နေပြီး တရုတ်၏ နောက်ခြံအထိ အင်အားကြီးမားစွာ ထိုးဖောက်လာနိုင်ခဲ့သည်။
ခေတ်သစ်နည်းပညာများသည် တရုတ်၏ စစ်ရေးအင်အားကို ထပ်မံ ကန့်သတ်နေသည်။ တိကျမှန်ကန်သော ဒုံးကျည်များ၊ ဒရုန်းများ၊ စမတ်မိုင်းများထုတ်လုပ်လာနိုင်ပြီး ဖြစ်၍ အားနည်း သောနိုင်ငံများသည်ပင် ကုန်ကျစရိတ်နည်းနည်းဖြင့် အင်အားကြီးနိုင်ငံ၏ စစ်တပ်ကြီးများကို ဖျက်ဆီးနိုင်စွမ်း ရှိလာကြသည်။ ဤအကျိုးသက်ရောက်မှုကို ယူကရိန်းစစ်ပွဲတွင် ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။ တရုတ်၏ အိမ်နီးချင်းများလည်း ထိုကဲ့သို့ မညီမျှသော လက်နက်များကို စုဆောင်းထားကြသည်။
ထို့အပြင် ယနေ့ခေတ်တွင် နယ်မြေတိုက်ခိုက် သိမ်းပိုက်မှုသည် အင်အားတိုးလာစေသည့် လုပ်ငန်း မဟုတ်တော့ပါ။ အတိတ်တွင် အောင်မြင်သူများသည် လယ်ယာမြေ၊ စက်ရုံများနှင့် သယံဇာတများကို သိမ်းယူကာ ပိုမို၍ အင်အားတောင့်တင်းလာကြသည်။ ယနေ့ခေတ် အဆင့်မြင့် စီးပွားရေးလုပ်ငန်းများသည် ပိုမို ထိခိုက်လွယ်သည်။ စစ်ကြောင့် လူများ ပြေးထွက်သွားကြသည်၊ အချက်အလက်-ဒေတာများ ပျောက်ကွယ်သွားသည်၊ ထောက်ပံ့ရေးကွင်းဆက်များ ပြိုကွဲသွား သည်။ ဥပမာအားဖြင့် တရုတ်သည် တိုင်ဝမ်ကို ကျူးကျော်လျှင် ထိုကျွန်း၏ ဆီမီကွန်ဒက်တာ လုပ်ငန်းများ ဖျက်စီးခံရနိုင်ပြီး ဘေဂျင်းသည် ကြွယ်ဝမလာလဲ အပျက်အစီးများသာ ရရှိနိုင်မည် ဖြစ်ပါသည်။
တရုတ်သည် ငွေကြေးဖြင့်လည်း ဒေသတွင်းသြဇာလွှမ်းမိုးမှုကို မဝယ်နိုင်ပါ။ အမေရိကန် သည် စားသုံးသူဈေးကွက် လိုအပ်ချက်များဖြင့် အိမ်နီးချင်းများကို ဆွဲယူနိုင်သော်လည်း တရုတ် သည် အစိုးရထောက်ပံ့မှုဖြင့် အရောင်းထုတ်ကုန်များကို ဈေးကွက်များထဲသို့ လွှမ်းမိုးစေကာ ဒေသတွင်း စီးပွားရေးလုပ်ငန်းများအား ထိခိုက်စေပြီး ကုန်သွယ်ဖက်နိုင်ငံများကို ရှောင်ခွာသွားစေ သည်။ ယခုအခါ တရုတ်၏ ကုန်သွယ်ရေးပိုလျှံငွေမှာ ဒေါ်လာ ၁.၂ ထရီလျံ အထိ ရောက်ရှိနေပြီး အပိုထုတ်ကုန်များကို နိုင်ငံခြားသို့ ထုတ်ပစ်နေသည်။ အာရှနိုင်ငံများသို့ တရုတ်မှ တင်သွင်းမှုများ သည် လွန်ခဲ့သော ၅ နှစ်အတွင်း နှစ်ဆတိုးလာသည်။ ထို၏ရလဒ်မှာ အိမ်နီးချင်း ကုန်သွယ်ဖက် နိုင်ငံများ၏ လေးစားလိုက်နာမှုမဟုတ်ဘဲ တုံ့ပြန်ဆန့်ကျင်မှု ပေါ်ထွက်လာသည်။
တရုတ်သည် ငွေကြေးအင်အားတွင်လည်း အားနည်းသည်။ ယွမ်ငွေသည် အာရှနှင့် ကမ္ဘာ့ ကုန်သွယ်ရေးတွင် ဒေါ်လာနောက်၌ ရှိနေပြီး ဒေသတွင်း ငွေသိုလှောင်မှု၏ ၃ ရာခိုင်နှုန်းခန့်သာ ယွမ်ငွေ ဖြစ်သည်။ ဘေဂျင်းသည် အစိုးရဦးဆောင်သော ငွေကြေးစနစ်ဖြင့် အစားထိုးရန် ကြိုးပမ်းခဲ့ သော်လည်း ခါးပတ်လမ်း စီမံကိန်း (Belt and Road Initiative) သည် တရုတ်ကို အာရှ၏ စီးပွားရေးဗဟိုချက် မဖြစ်စေခဲ့ပါ။ စီမံကိန်းတွင် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ကဲ့သို့ ဒေသ၏ စီးပွားရေးအကြီးဆုံး နိုင်ငံအချို့ မပါဝင်ခဲ့ကြချေ။ တရုတ်၏ နိုင်ငံခြားချေးငွေ လေးပုံ ပုံလျှင် သုံးပုံ ကျော်သည် တရုတ်သြဇာသက်ရောက်နိုင်သည့် အဝန်းအဝိုင်းအပြင်ဘက် အလယ်အလတ်နှင့် အထက် ဝင်ငွေရှိသော နိုင်ငံများသို့ ရောက်ရှိသွားခဲ့သည်။
ထို့အပြင် ငွေချေးယူသည့်နိုင်ငံ အတော်များများသည် ငွေပြန်မဆပ်နိုင်သဖြင့် တရုတ်၏ ငွေကြေးဖြင့်လွှမ်းမိုးမှုသည် အားသာချက်မဟုတ်ဘဲ အားနည်းချက် ဖြစ်လာသည်။ ဘေဂျင်းသည် ဖွံ့ဖြိုးရေးမိတ်ဖက် ဖြစ်မလာလဲ ကမ္ဘာ့အကြီးဆုံး ကြွေးရှင်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ၂၀၂၂ တွင် တရုတ်၏ နိုင်ငံခြားချေးငွေ ၆၀ ရာခိုင်နှုန်း ခန့်နှင့် ၂၀၂၃ တွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ချေးငွေယူသူ ၈၀ ရာခိုင်နှုန်းနီးပါးသည် ကြွေးမြီအခက်အခဲ ကြုံတွေ့နေရသော အစိုးရများဖြစ်လာခဲ့ပြီး ကင်ညာ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဇမ်ဘီယာတို့နှင့် ပြန်လည်ညှိနှိုင်းမှုများ ဆက်တိုက်လုပ်ဆောင်နေ ရသည်။
တရုတ်သည် ကုန်ထုတ်လုပ်ရေး အင်အားကြီး နိုင်ငံတခုအဖြစ် ဆက်လက်ရှိနေသော်လည်း (ကမ္ဘာ့ ထုတ်ကုန်၏ သုံးပုံတပုံခန့် ထုတ်လုပ်ပြီး သင်္ဘောတည်ဆောက်မှုမှ လျှပ်စစ်ယာဉ်နှင့် ဘက်ထရီ လုပ်ငန်းများအထိ လွှမ်းမိုးထားသည်) ထိုကုန်ထုတ်အင်အား၏ အခြေခံများသည် ယိုယွင်းလာနေသည်။ ၂၀၂၁ မှစပြီး ဒေါ်လာအတိုင်းအတာဖြင့် တရုတ်၏ စီးပွားရေးသည် အမေရိကန်နှင့် နှိုင်းယှဉ်လျှင် ကျဆင်းနေပြီး လူဦးရေသည် ရာစုအဆုံးတွင် တဝက်သို့ လျော့နည်း နိုင်သည်။ ထုတ်လုပ်မှုထိရောက်မှုသည် ဆယ်စုနှစ်တခုကျော် ရပ်တန့်နေပြီး အစိုးရကြွေးမြီသည် GDP ၏ ၃၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေသည်။ လူတဦးသုံးစွဲနိုင်သော ဝင်ငွေသည် ဒေါ်လာ ၆,၀၀၀ ခန့်သာရှိပြီး အလုပ်သမားအများစုသည် အထက်တန်းပညာပင် မပြီးဆုံးကြပါ။
တရုတ်သည် လာမည့်အနာဂတ်ကာလတွင် အာရှ၏ အင်အားအကြီးဆုံး နိုင်ငံအဖြစ် ဆက် ရှိ နေမည်ဖြစ်သော်လည်း ကမ္ဘာ့အခက်ခဲဆုံးဒေသကို ဩဇာလွှမ်းမိုးရန် လိုအပ်သော အပိုဝင်ငွေနှင့် အင်အား မရှိသေးပါ။
အင်အားကြီလေ ပြဿနာများလေ
ကမ္ဘာကြီး၏ ဩဇာလွှမ်မိုးမှုအဝန်းအဝိုင်းမှာ အမေရိကန်အတွက် လက်ဆောင်ကောင်းတခု ဖြစ်သော်လည်း မတည်ငြိမ်မှုကိုလည်း ဖြစ်စေနိုင်သည်။ အမေရိကန် သြဇာလွှမ်းမိုးသည် အဝန်း အဝိုင်း တခုသာ အမှန်တကယ် သက်ဝင်နေပြီး အခြားတဘက်တွင် စိတ်မကျေမနပ်ဖြစ်နေသည့် ပြိုင်ဘက်များနှင့် အကာအကွယ်မဲ့နေသော ဒေသများရှိနေသည့် ကမ္ဘာသည် တည်ငြိမ်သည့်မျှခြေ တခုကို မပေးနိုင်ပါ။ ဝါရှင်တန်ကို ကာကွယ်ပေးပြီး အားကောင်းစေသော မညီမျှမှုသည် ပြိုင်ဘက် များ၊ မဟာမိတ်များကို ပျက်ပြားစေပြီး အမေရိကန်ကိုယ်တိုင်၏ ပဋိပက္ခနှင့် ပြဿနာများကို ဖိတ် ခေါ် နေသကဲ့သို့ ဖြစ်စေသည်။
ပထမဆုံးအန္တရာယ်မှာ ထိုသို့သော ကမ္ဘာ့ပုံစံကြောင့် ရုရှားနှင့် တရုတ်တို့သည် လက်ရှိ အခြေအနေကို လက်မခံနိုင်ဖြစ်လာစေသည်။ စစ်အေးခေတ်အပြီးကာလတွင် ၎င်းတို့သည် ယခင် ထက် ပိုမိုလုံခြုံပြီး ချမ်းသာခဲ့ကြသော်လည်း အမေရိကန် တနိုင်ငံတည်း ဩဇာကြီးမားနေခြင်း သည် ၎င်းတို့၏ အင်အားကြီးနိုင်ငံအဆင့်နှင့် ၎င်းတို့ကို အုပ်ချုပ်နေသော နိုင်ငံရေးအာဏာပိုင်စနစ် များ ကို ခြိမ်းခြောက်နေသည်။
ရုရှား၏ အခြေခံပြဿနာမှာ ၎င်း၏ ယခင်လက်အောက်ခံ နိုင်ငံများသည် ၎င်းမပါဘဲ ဖွံ့ဖြိုး တိုးတက်နေခြင်း ဖြစ်သည်။ ၁၉၉၀ နောက်ပိုင်း ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးပြီး ဥရောပ သမဂ္ဂသို့ ဝင်ရောက်ခဲ့သော ယခင် ဆိုဗီယက်နိုင်ငံများ၏ စီးပွားရေး တိုးတက်နှုန်းသည် ရုရှားထက် နှစ်ဆကျော် မြန်ခဲ့သည်။ ၁၉၉၀ တွင် ရုရှားလူမျိုးများသည် ပိုလန်လူမျိုးများထက် ဝင်ငွေ နှစ်ဆခန့် ရှိခဲ့သော်လည်း ယနေ့တွင် ပိုလန်သည် ရုရှားထက် ၇၀ ရာခိုင်နှုန်းခန့် ပိုချမ်းသာလာသည်။ ယူကရိန်း၏ အနောက်ဘက်သို့ လှည့်ခြင်းသည် ထိုဖွံ့ဖြိုးမှု လမ်းကြောင်းကို ရုရှားနယ်စပ်အထိ ရောက်စေမည်ဖြစ်ပြီး ပူတင်အတွက် မခံမရပ်နိုင်သော အခြေအနေဖြစ်သည်။ လွတ်လပ်ပြီး အောင်မြင်သော ယူကရိန်းသည် ရုရှားအုပ်ချုပ်မှုမှာ နိုင်ငံကျဆင်းမှုကိုသာ ဦးဆောင်နေကြောင်း ပြသမည်ဖြစ်ပြီး ယခင်က အနိမ့်ဆုံးဟုယူဆခဲ့သော နိုင်ငံများသည် လစ်ဘရယ်စနစ်ကို လက်ခံ ကျင့်သုံးခြင်းဖြင့် ရုရှားကိုကျော်လွန်နိုင်ကြောင်း သက်သေပြမည်ဖြစ်သည်။
တရုတ်၏ မကျေနပ်မှုသည် ကွဲပြားသော မျက်နှာပြင်ပေါ်တွင် ရှိသည်။ ရုရှားသည် သူ၏ လက်အောက်မှ လွတ်မြောက်သွားသော နိုင်ငံများ၏ အောင်မြင်မှုကြောင့် ခြိမ်းခြောက်ခံနေရ သော်လည်း တရုတ်သည် အမေရိကန် ဩဇာလွှမ်းမိုးသည့် ကမ္ဘာခြမ်း၏ ခြိမ်းခြောက်မှုကို ခံနေရ သည်။ ကိုယ်ပိုင် သြဇာလွှမ်းမိုးနိုင်မှု မရှိသဖြင့် ဘေဂျင်း၏ ၂၀ ရာစုနှောင်းပိုင်း တိုးတက်လာမှုသည် အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့စနစ်ထဲ ဝင်ရောက်ပေါင်းစည်းခဲ့မှုအပေါ် မူတည်ခဲ့သည်။ ထို နည်းဗျူဟာသည် ထူးခြားသော စီးပွားရေးတိုးတက်မှု ရှိခဲ့သော်လည်း ပေးဆပ်ရခြင်းလည်း ရှိခဲ့ သည်။ ထိုကမ္ဘာစနစ်သည် ဒေသတွင်း အင်အားကြီးနိုင်ငံအသစ်များ မပေါ်ပေါက်စေရန် တည် ဆောက် ထားပြီး လွတ်လပ်သောဈေးကွက်၊ သတင်းလွတ်လပ်ခွင့်နှင့် အမေရိကန်၏ စစ်ရေး ဦးဆောင်မှုကို ခံခဲ့ရသည်။ ထိုစနစ်သည် တရုတ်ကို တိုးတက်လာစေသော်လည်း တရုတ်၏ ချဲ့ထွင် မှုကို ကန့်သတ်ပြီး တရုတ်၏ နိုင်ငံရေးအခြေခံ အဆောက်အအုံများကိုလည်း ခြိမ်းခြောက်ခဲ့သည်။
ဘေဂျင်းအမြင်အရ အမေရိကန်ဦးဆောင်သော ကမ္ဘာစနစ်သည် အလျော့အတင်း၊ ထိန်းညှိ မှု အမြဲရှိသည်။ ထိုစနစ်သည် ဂျပန်၏ လက်နက်ပြန်လည်တပ်ဆင်မှုကို ကန့်သတ်ခဲ့သော်လည်း တရုတ်ပတ်လည်တွင် အမေရိကန်စစ်တပ် အခိုင်အမာ ရှိစေခဲ့သည်။ ပင်လယ်ရေလမ်းကြောင်း များ ဖွင့်ထားခဲ့သော်လည်း တိုင်ဝမ်နှင့် အရှေ့တောင်တရုတ်ပင်လယ်များအပေါ် ဘေဂျင်း၏ တောင်းဆိုမှုများကို တားဆီးထားသည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ စွမ်းအင်နှင့် သယံ ဇာတ များ ရယူနိုင်စေသော်လည်း ထိုလမ်းကြောင်းများသည် အမေရိကန်ရေတပ် ထိန်းချုပ်ထား သော မလာကာ ရေလက်ကြားကဲ့သို့သော အကန့်အသတ်များကြားမှတဆင့် သွားရသည်။ ထို့အပြင် အမေရိကန်နှင့်ပေါင်းစည်းမှုသည် တရုတ်ပြည်သူလူထုကို နိုင်ငံခြားမြို့တော်များ၊ သတင်းအချက်အလက်များ၊ ဥပဒေစံနှုန်းများနှင့် စီးပွားရေးမတည်ငြိမ်မှုများနှင့် ထိတွေ့စေကာ ကွန်မြူနစ်ပါတီ၏ အာဏာ လက်ဝါးကြီးအုပ်မှုကို အားပျော့ပျက်ပြယ်စေပြီး အနောက်နိုင်ငံများ အပေါ် မှီခိုမှု ပိုတိုးစေခဲ့သည်။
တရုတ်ခေါင်းဆောင်များသည် ထိုလမ်းကြောင်း၏ လားရာကို သူတို့သိကြသည်ဟု ယုံကြည်ကြသည်။ ဆိုဗီယက်ယူနီယံသည် “ကွန်မြူနစ်ပါတီ၏ ထိန်ချုပ်ခြင်းများ” နှင့် အနောက်အုပ်စုအား အလေးထားအသိမှတ်ပြုကာ “ပြည်သူများ၏ လွတ်လပ်ခွင့်” ကို ထိန်းညှိရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးတွင် စနစ်နှင့်အင်ပါယာ နှစ်ခုလုံးကို ဆုံးရှုံးခဲ့သည်။ ရှီကျင်းပင်၏ အုပ်ချုပ်မှုသည် ထိုသင်ခန်းစာအပေါ် အခြေတည်သည်။ ထို့ကြောင့် သူသည် (ထိန်ချုပ်နိုင်မှု၊ ကိုယ်ပိုင်လွတ်လပ်မှု တို့ ရရှိရန်အတွက်) တိုးတက်မှုကို ထိန်းချုပ်မှုနှင့် လဲလှယ်ရန်၊ အခြားနိုင်ငံ များနှင့် ပေါင်းစည်းမှုကို ကိုယ်ပိုင်လွတ်လပ်မှုနှင့် လဲလှယ်ရန် ဝန်လေးခြင်း မရှိပေ။ ထို့ကြောင့် အမေရိကန်နှင့် ထိပ်တိုက်တိုးမည့်အခြေအနေကို ရင်ဆိုင်၍ ကုန်သွယ်ရေး မူဝါဒကို လက်ကိုင်ထား ခြင်း၊ ကိုယ့်အားကိုယ်ကိုးခြင်း၊ အုပ်စုဖွဲ့ခြင်းများ ပြုလုပ်ခဲ့သည်။
တရုတ်နှင့် ရုရှားသည် ကြောက်ရွံ့မှုရှိသော်လည်း ရည်မှန်းချက်ကြီးကြီး ထားခဲ့သည်။ ရုရှား နှင့် တရုတ်တို့သည် ၎င်းတို့ရှင်သန်ရေး အတွက်သာမက သမိုင်းဝင်ရှုံးနိမ်ခဲ့ရမှုကို ပြန်လည်ပြောင်း လဲရန် ကြိုးပမ်းနေကြသည်။ အင်အားကြီးနိုင်ငံများသည် မိမိတို့ နိမ့်ပါးရသည်ကို လက်ခံရန် ခဲယဉ်းပါသည်။ ၂၀ ရာစုတွင် ဂျာမနီနှင့် ဂျပန်တို့သည် အင်ပါယာများကို စွန့်လွှတ်ရန် အပြင်း အထန် ချေမှုန်းခံခဲ့ရသည်။ ပြင်သစ်နှင့် ဗြိတိန် တို့သည် စွမ်းရည်မရှိတော့သည့်အချိန်ထိ အင်ပါယာ များကို ဆက်လက်ထိန်းသိမ်းခဲ့သည်။ စစ်အေးကာလ တည်ငြိမ်ရခြင်း၏ အကြောင်းတခုမှာ ဆိုဗီယက်ယူနီယံသည် ဒုတိယကမ္ဘာစစ်နိုင်၍ ရရှိခဲ့သော ပိုင်နက်နယ်မြေကြီးကို နေသားတကျ ဖြစ်စေရန် စီမံနေရသောကြောင့် ဖြစ်သည်။
ထို့ပြင် ရုရှားနှင့် တရုတ်တို့သည် အရှုံးများမှ ဖြစ်ပေါ်လာသော နယ်နိမိတ်များကို မကျေ နပ်ဘဲ ပြန်လည်ပြောင်းလဲရန် ကြိုးပမ်းနေကြသည်။ နှစ်နိုင်ငံစလုံးသည် ယူရေရှား ကုန်းမြေတွင် ရာစုနှစ်များစွာ လွှမ်းမိုးအုပ်ချုပ်ခဲ့သော အင်ပါယာများကို ဆက်ခံသူများဖြစ်ပြီး ဒေသတွင်း အထွတ်အထိပ်အာဏာသည် ၎င်းတို့၏ မွေးရာပါအခွင့်အရေးဟု ယုံကြည်ကြသည်။ ဆိုဗီယက် ပြိုကွဲမှုသည် မော်စကိုအတွက် သေးငယ်သော အရှုံးမဟုတ်ဘဲ ပူတင်၏ ပြောကြားချက်အရ ၂၀ ရာစု၏ အကြီးမားဆုံး “ပထဝီနိုင်ငံရေး ဖြစ်ရပ်ဆိုးကြီး” ဖြစ်သည်။ ထိုပြိုကွဲမှုသည် ရုရှား၏ နယ်မြေနှင့် လူဦးရေ၏ တဝက်ခန့်ကို ဆုံးရှုံးစေပြီး စီးပွားရေးပြိုကွဲမှုနှင့် လူတဦး၏ ပျမ်းမျှ သက်တမ်း ကျဆင်းမှု ကြီးမားစွာဖြစ်စေခဲ့သည်။ ၁၉၉၀ အစောပိုင်းကာလများတွင် အမျိုးသားများ ၏ ပျမ်းမျှသက်တမ်းမှာ ၆ နှစ် ကျဆင်းသွားခဲ့သည်။
တရုတ်၏ မကျေနပ်မှုမှ ထို့ထက်နက်ရှိုင်းသည်။ တရုတ်ပြည်၏ “အရှက်ရစရာ ရာစုနှစ်” ဟု ခေါ်သော ၁၈၃၉ မှ ၁၉၄၉ အတွင်း ကာလတွင် ပြည်ပအင်အားကြီးနိုင်ငံများက တရုတ်ကို စစ်ပွဲများ အကြိမ်ကြိမ်ဆင်နွှဲ အနိုင်ယူကာ နယ်မြေများကိုလည်း သိမ်းယူခဲ့သည်။ စာချုပ် ချုပ်ဆို၍ ဆိပ်ကမ်းမြို့များ တည်ဆောက်ခဲ့သည်။ နိုင်ငံခြားသားများ ကင်းလွတ်ခွင့်ရသည့် တရားစီရင်ရေး စနစ် ချမှတ်ခဲ့ကြသည်။ ထို ရှုံးနိမ့်မှုများကို ပြန်လည်ပြောင်းလဲပြီး ဆုံးရှုံးခဲ့သော နယ်မြေများကို ပြန်လည်ရယူခြင်းသည် ကွန်မြူနစ်ပါတီ အမျိုးသားရေးဝါဒ၏ အဓိကအချက်ဖြစ်သည်။ အမေရိ ကန် ဩဇာလွှမ်းမိုးနယ်မြေ ပေါ်ပေါက်လာခြင်းသည် ထိုရည်မှန်းချက်များအတွက် အဟန့် အတားဖြစ်စေသည်။ ထိုကြောင့် ရှုံးနိမ်းမှုကို အမြဲခံယူနေမည့်အစား၊ နယ်မြေ ပြန်လည်ရယူရန် ကြိုးပမ်းသည့်စစ်ပွဲများ ပေါ်ပေါက်လာနိုင်သည့် အန္တရာယ် ရှိနေပါသည်။
ရုရှားနှင့် တရုတ်တို့သည် နာဇီဂျာမနီ၊ ဂျပန်အင်ပါယာ သို့မဟုတ် ဆိုဗီယက်ယူနီယံကဲ့သို့ ဒေသအများအပြားကို တိုက်ခိုက်အနိုင်ယူနိုင်ခြင်း မရှိသော်လည်း၊ အမေရိကန် အပါအဝင် ကမ္ဘာ အနှံ့ကို ထိခိုက်စေနိုင်စွမ်း ရှိနေသည်။ ၎င်းတို့တွင် ဒေသဆိုင်ရာအင်ပါယာ မရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှု ရှိသည်။ (ရုရှားနှင့် တရုတ်တို့သည် အခြားတိုင်းပြည်များ၏) ငွေကြေး၊ ထောက်ပံ့ရေးကွင်းဆက်နှင့် ဆက်သွယ်ရေးကွန်ယက်များတွင် ထည့်သွင်းရင်းနှီး မြှုပ်နှံ ထားသဖြင့် ၎င်းတို့သည် ဆိုက်ဘာလုံခြုံရေး တိုက်ခိုက်ခြင်းများဖြင့် စီးပွားရေးများကို ချိုးဖောက် ဖျက်ဆီးနိုင်ပြီး ဂြိုလ်တုဆက်သွယ်ရေးနှင့် ပင်လယ်အောက် ကေဘယ်များကို ဖျက်စီးကာ အမေရိ ကန်၏ အင်အားကို လျော့နည်းစေနိုင်သည်။ သတင်းဖြတ်တောက်ခြင်းဖြင့် မဟာမိတ်များကို ဖြိုခွဲနိုင်ပြီး အမြဲထောက်လှမ်း စောင့်ကြည့်ခြင်းများနှင့် နျူကလီးယားခြိမ်းခြောက်မှုများကို အသုံး ပြုကာ နိုင်ငံများကို ဖိအားပေးနိုင်သည်။ ထိုသို့လုပ်ခြင်းဖြင့် ဖိအားများ တိုးပွားလာစေသည်။ လက်တုန့်ပြန်မှုများ ဖြစ်လာစေသည်။ ဆိုးဝါးသောစစ်ပွဲကြီးမျာ ဖြစ်ပေါ်လာမည့် အန္တရာယ်ရှိ လာသည်။ ရုရှားနှင့် တရုတ်တို့၏ ဒေသဆိုင်ရာအထွတ်အထိပ် ရယူရေး ကြိုးပမ်းမှုများ ပျက်ဆီး သွားနိုင်ပါသည်။ နှောက်ယှက်ဖျက်ဆီးမှုများ မအောင်မြင်ဖြစ်နိုင်သည်။ သို့သော် ရုရှနှင့် တရုတ် နိုင်ငံများတွင် ကြီးမားသော ဖျက်စီးမှုများ ပြုလုပ်နိုင်စွမ်း ရှိနေဆဲဖြစ်ပါသည်။
အနောက်တိုင်း၏ မရေမရာ ဖြစ်မှု
ထူးခြားစွာပင် “အမေရိကန် ဩဇာလွှမ်းမိုးသော အဝန်းအဝိုင်း အားကောင်းနေသည့်ကမ္ဘာ” တွင် အမေရိကန်ပြည်ထောင်စုသည် တရုတ် သို့မဟုတ် ရုရှားကို ဟန့်တား ကန့်သတ်ရာတွင် မအောင်မြင်နိုင်ခြင်းများလည်း ရှိနိုင်ပါသည်။ ပြည်တွင်းတွင် လုံခြုံနေသည့် အမေရိကန်သည် ပြည်ပတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်သည့် အခွင့်အလမ်းများ ကျယ်ပြန့်စွာ ရရှိထားသည်။ သို့သော် ထိုလွတ်လပ်မှုတွင် ကျေနပ်နှစ်သက် နေနိုင်ပါသည်။ ယူရေရှားဒေသမှ အန္တရာယ်များသည် ဝေးကွာသလို ခံစားရသဖြင့် စစ်ရေး၊ စီးပွားရေးနှင့် စက်မှုကဏ္ဍများတွင် ရေရှည်အတွက် ကြိုတင် ပြင်ဆင်မှု မရှိဖြစ်နိုင်ပါသည်။ ထို့ကြောင့် စကားလုံးများဖြင့် စစ်တိုက်မနေဘဲ ယုံကြည်ရလောက် သည်အထိ ထိရောက်စွာ ဟန့်တားနိုင်စွမ်းရှိရေး ကြိုတင်ပြင်ရန် လိုအပ်ပါသည်။
ဤပုံစံသည် ယခင်ကလည်း တွေ့ဖူးသော ပုံစံတခု ဖြစ်သည်။ ၁၉၃၀ ခုနှစ်များတွင် အမေရိ ကန် သည် ဂျာမနီနှင့် ဂျပန်တို့၏ တိုးချဲ့မှုကို ဆန့်ကျင်ခဲ့သည်။ သို့သော် လက်တွေ့ အကောင် အထည် ဖော်မှုကို “ကဲလော့- ဘရိုင်ယန် သဘောတူညီချက်” ကဲ့သို့သော သွားမပါသည့် နိုင်ငံတကာဥပဒေများထံ လွှဲအပ်ခဲ့သည်။ (“ကဲလော့- ဘရိုင်ယန် သဘောတူညီချက် Kellogg-Briand Pact” မှာ ၁၉၂၈ ခုနှစ်တွင် မဟာအင်အားကြီးနိုင်ငံများ အများအပြား လက်မှတ် ရေးထိုး ခဲ့သည့် စစ်ပွဲကို နိုင်ငံတကာအငြင်းပွားမှုဖြေရှင်းရန် နည်းလမ်းအဖြစ် အသုံးမပြုရန် တားမြစ် ထားသော သဘောတူညီချက်ဖြစ်သည်။) အမေရိကန်သည် နိုင်ငံပေါင်းချုပ် အသင်းကြီး (League of Nations) ထဲသို့ မဝင်ရောက်ဘဲ နေခဲ့သည်၊ ဂျာမနီနိုင်ငံကို မတည်မငြိမ် ဖြစ်စေခဲ့သည့် စစ်လျော်ကြေးပေးဆပ်ရန် အတင်းအကျပ် တောင်းခံနေစဉ်အတွင်း ဥရောပမှ တပ်ဖွဲ့များကို ရုပ်သိမ်းခဲ့သည်၊ ထို့ပြင် ဂျပန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို တိုးမြှင့်နေသော် လည်း အာရှဒေသတွင် ရေတပ်အင်အား တိုးချဲ့မှုကို စွန့်လွှတ်ခဲ့သည်။ ရလဒ်မှာ ဂျပန်နိုင်ငံအား ဟန့်တားနိုင်စွမ်းမရှိဘဲ ရန်စသလိုဖြစ်သွားခဲ့ပြီး နောက်ဆုံးတွင် ပုလဲဆိပ်ကမ်း (Pearl Harbor) တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရသည်။
စစ်အေးခေတ်ပြီးနောက်တွင် အမေရိကန်သည် ရုရှားအပေါ် အလားတူအမှားမျိုး ထပ်မံ ပြုလုပ်ခဲ့သည်။ NATO ကို ရုရှားနယ်စပ်အထိ ချဲ့ထွင်ကာ ယခင် ဆိုဗီယက်နိုင်ငံများ အပါအဝင် အဖွဲ့ဝင်နိုင်ငံသစ် ၁၂ နိုင်ငံ ထည့်သွင်းခဲ့ပြီး မဟာမိတ်အဖွဲ့ကို နှစ်ဆနီးပါး အင်အားတိုးချဲ့ခဲ့သည်။ သို့သော် ဥရောပရှိ အမေရိကန် စစ်တပ်အရေအတွက်ကို ခန့်မှန်းအားဖြင့် ထက်ဝက်ခန့် လျှော့ချခဲ့ သည်။ ၂၀၀၈ ခုနှစ်တွင် ဂျော်ဂျီယာနှင့် ယူကရိန်းတို့ကို NATO အသင်းဝင်အဖြစ် လက်ခံနိုင်မည်ဟု ပြောဆိုခဲ့သော်လည်း ယုံကြည်စိတ်ချရသော လုံခြုံရေးအာမခံချက်များ မပေးခဲ့ချေ။ ရုရှားကို ဟန့်တားနိုင်ခြင်းမရှိဘဲ ထိုနိုင်ငံများအား ရုရှားကိုဆန့်ကျင်စေခဲ့ပြီး ထိုနိုင်ငံများနှင့် ရုရှားတို့အကြား စစ်ပွဲများ ဖြစ်ပေါ်လာရန် အခြေအနေကို ဖန်တီးပေးခဲ့သည်။
အမေရိကန်သည် အခြားအချိန်များတွင် အရေးမထားသည့် အပြုအမူများ ပြသခဲ့ပြီး ပြည်ပ ကျူးကျော်မှုမှ ကာကွယ်ပေးရန် အမှန်တကယ် အရေးကြီးလာချိန်မှ စစ်ပွဲထဲသို့ ကတိုက်ကရိုက် ဝင်ရောက်ခဲ့သည်။ ဥပမာအားဖြင့် ၁၉၄၉ ခုနှစ်တွင် အမေရိကန်သည် တောင်ကိုရီးယားကို အမေရိကန် ကာကွယ်စောင့်ရှောက်သည့် နယ်နိမိတ်မှ ဖယ်ထုတ်ခဲ့ပြီး စစ်တပ်များကို ဆုတ်ခွာခဲ့ သည်။ ထိသို့ဆုတ်ခွာခဲ့ခြင်းကြောင့် နောက်နှစ်တွင် မြောက်ကိုရီးယား၏ ကျူးကျော်မှုကို ဖိတ်ခေါ် သလို ဖြစ်ခဲ့သည်။ အမှန်ကျူးကျော်ဝင်ရောက်လာသည့် အခါတွင်မှ အမေရိကန်သည် မူဝါဒကို ပြောင်းလဲကာ ကိုရီးယားကျွန်းဆွယ် စစ်ပွဲတွင် အပြည့်အဝပါဝင်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင်လည်း အလားတူပုံစံ ထပ်မံပြုလုပ်ခဲ့သည်။ အီရတ်နိုင်ငံမှ ဆဒမ်ဟူစိန်က ကူဝိတ်ကို သိမ်းပိုက်ခြင်းအား တားဆီးရန် အမေရိကန်မှ ကြိုးပမ်းမှုအားနည်းခဲ့ပြီး အမှန်တကယ် ကျူးကျော်သည့်အချိန်ကျမှ အကြီးစားစစ်ပွဲဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။
ယနေ့တွင် အမေရိကန်သည် ဆုတ်ခွာမှုနှင့် ဆန့်ကျင်မှုကြားတွင် မရေရာမှုများ ထပ်မံ ဖြစ်ပေါ်နေသည်။ တခါတရံ အမေရိကန်နိုင်ငံအတွက် အရေးပါသော အကျိုးစီးပွားသည် အနောက် ကမ္ဘာခြမ်းတွင်သာ ရှိသည်ဟုဆိုပြီး အခြားဒေသများသည် တရုတ်နှင့် ရုရှားတို့၏ နေရာဖြစ်သည် ဟု အသိအမှတ်ပြုဟန် အရိပ်အယောင် ပြသည်။ ထိုသို့ပြုပြီးမှ ပေကျင်းနှင့် မော်စကိုကို ဒဏ်ခတ် သည့် အနေဖြင့် ၎င်းတို့၏ အနီးအနားနိုင်ငံများကို လက်နက်တပ်ဆင်ပေးပြန်သည်။ ထိုသို့သော မရှင်းလင်းမှုများကြောင့် ကြိုတင်ပြင်ဆင်မှု မပြုနိုင်ခြင်း ဖြစ်စေသည်။ အရေးတကြီး အပြင်း အထန် တိုက်ရသော စစ်ပွဲတခု စတင်ရပါက ရက်သတ္တပါတ် အနည်းငယ်အတွင်း အမေရိကန်၏ လက်နက်ခဲယမ်းများသည် ကုန်ဆုံးသွားနိုင်ပါသည်။ ထိုအခါ ၎င်း၏ အခြေစိုက်စခန်းများ၊ ဂြိုဟ်တု များနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများသည် တရုတ်နှင့် ရုရှား၏ ဆိုက်ဘာနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို ‘လည်စင်းခံရဘွယ်’ ရှိနေသည်။ ရုရှားနှင့် တရုတ်တို့တွင် ဒေသ အလိုက် အင်ပါယာ မရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှု ရှိနေဆဲဖြစ်သည်။
အမေရိကန် ဩဇာလွှမ်းမိုးနိုင်သော နယ်ပယ်တခုတည်းကိုသာ တည်ဆောက်ထားသော ကမ္ဘာတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့အစီအစဉ်သစ် တည်ဆောက်ရေးလုပ်ငန်း များမှ လုံးဝအနားယူရန် ကြိုးပမ်းလာခြင်းမှာ အစိုးရိမ်ရဆုံး ကိစ္စဖြစ်သည်။ မိမိနိုင်ငံအတွင်း လုံခြုံမှု ရှိပြီး ပြည်ပတွင်လည်း ယှဉ်ပြိုင်မည့်အင်အားစုများ မရှိတော့သဖြင့် ဝါရှင်တန်သည် ၎င်း၏ မဟာ မိတ် အဖွဲ့အစည်းများကို အကာအကွယ်ပေးပြီး ငွေကြေးတောင်းခံသည့် လုပ်ငန်းများ (protection rackets) အသွင်သို့ လျှောကျခွင့်ပြုနေပြီး၊ ကုန်သွယ်ရေးဆက်ဆံမှုများကို ကုန်သွယ်ရေး စစ်ပွဲများ အဖြစ်သို့လည်းကောင်း၊ အဓိကကျသော ရေကြောင်းလမ်းများကို စစ်ရေးနယ်မြေများအဖြစ်သို့ လည်းကောင်း ပြောင်းလဲရန် ခွင့်ပြုနေသည်။ တချိန်က အမေရိကန်က အာမခံချက်ပေးခဲ့သော အဖွဲ့အစည်းများသည် ပျက်စီးယိုယွင်းလာပြီး ၎င်းထောက်ခံအားပေးခဲ့သော ဈေးကွက်များသည် လည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်လာနေသည်။ ကနေဒါနှင့် ဗြိတိန်တို့အပါအဝင် အမေရိကန်၏ မဟာမိတ်အချို့သည် တရုတ်နိုင်ငံအပေါ် ရေရှည်မှီခိုရမည့် အခြေအနေမျိုးဖြစ်နေလင့်ကစား ယခု အခါ ရေတိုလုံခြုံရေးအတွက် ရရာနေရာကို ရှာဖွေနေကြပြီဖြစ်သည်။ ရလဒ်မှာ တည်ငြိမ်မှု မဟုတ်ဘဲ အမေရိကန်၏ လွှမ်းမိုးမှုကို ခိုင်မာသော အစီအစဉ်တခုဖြစ်စေရန် ပြောင်းလဲပေးခဲ့သည့် ဆက်ဆံရေးများသည် တဖြည်းဖြည်း အနှစ်မဲ့လာခြင်းပင် ဖြစ်သည်။
ဤအချက်များကြောင့် လစ်ဘရယ်အစီအစဉ်ဟောင်း (old liberal order) အပေါ် လွမ်းဆွတ်တမ်းတနေရန် မလိုအပ်ပါ။ ဝါရှင်တန်က ဖျက်ဆီးနေသည်ဟု စွပ်စွဲခံနေရသော အရာ အတော်များများမှာ အရင်ကတည်းက ပျက်စီးနေခဲ့ပြီးသား ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အငြင်းပွားမှုဖြေရှင်းရေးစနစ် ၂၀၁၉ ခုနှစ်တွင် မပြိုလဲမီကတည်းက ယခု စီးပွားရေး ပြိုင်ဆိုင်မှု၏ အဓိကအစိတ်အပိုင်းဖြစ်နေသော ထောက်ပံ့ကြေးပေးမှုများ၊ စီးပွားရေး လုပ်ငန်း မူဝါဒ များနှင့် အခွန်မဟုတ်သော ကန့်သတ်ချက်များကို ထိန်းကျောင်းရန် ပျက်ကွက်ခဲ့သဖြင့် အဖွဲ့ မှာ အားနည်းနေခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဒုံးကျည်တပ်ဖွဲ့ကို တိတ်တဆိတ် တည်ဆောက်နေချိန်တွင် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်အများစု၌ ပါဝင်ရန် ငြင်းဆိုခဲ့ သဖြင့် လက်နက်ထိန်းချုပ်ရေးသည်လည်း အသက်မဝင်တော့ပါ။ တချိန်တည်းမှာပင် အမေရိကန် ၏ အကာအကွယ်အောက်တွင် ခိုလှုံနေကြသော အမေရိကန်မဟာမိတ် အများစုသည် ကာကွယ် ရေး အသုံးစရိတ်များကို လျှော့ချခဲ့ကြပြီး လူမှုဖူလုံရေးကဏ္ဍများကို ချဲ့ထွင်ခဲ့ကြကာ တရုတ် ဈေးကွက်နှင့် ရုရှားစွမ်းအင်အပေါ် မှီခိုမှု များပြားလာခဲ့သည်။ လူ့အခွင့်အရေးကို အစဉ်တစိုက် ချိုးဖောက်နေသူများမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ပုံမှန်ရွေးကောက်ခံ နေရခြင်း၊ အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြုထားသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့က ဖိနှိပ်ချုပ်ချယ်သော အုပ်ချုပ်သူများထံသို့ အကူအညီများ ပေးနေ ခြင်းတို့ကြောင့် ထိုအစီအစဉ်၏ ကျင့်ဝတ်ဆိုင်ရာ သြဇာအာဏာမှာလည်း ကျဆင်းလာခဲ့သည်။ အနှစ်မဲ့နေသော ဤစနစ်အတွင်းသို့ တရုတ်နှင့် ရုရှားတို့ကို ထည့်သွင်းပေးပြီး အနောက်နိုင်ငံများ ၏ ဈေးကွက်နှင့် နည်းပညာများကို အလွယ်တကူ လက်လှမ်းမီခွင့် ပေးလိုက်ခြင်းအားဖြင့် အမေရိကန်သည် ၎င်း၏ အန္တရာယ်အရှိဆုံး ပြိုင်ဘက်များကို အင်အားတောင်တင်းစေခဲ့သည်။
သို့သော် လစ်ဘရယ်အစီအစဉ်မှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်သော်