Blossom Future (ပွင့်သစ်ဝေ) အဖွဲ့အစည်းသည် ထိုင်းနိုင်ငံ၊ အထူးသဖြင့် နယ်စပ်ဒေသရောက် မြန်မာနိုင်ငံသူ/သားများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ၊ ဥပဒေရေးရာ အထောက်အကူပြု လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်း များအား အများပြည်သူပိုမိုသိရှိလာနိုင်စေရေးအတွက် ပွင့်သစ်ဝေအဖွဲ့အစည်း၏ ပြန်ကြား ဆက်သွယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဦးစီးဆောင်ရွက် ကူညီပေးနိုင်ရန်အတွက် လုပ်ငန်းအတွေ့အကြုံရှိ ဆက်သွယ်ရေး တာဝန်ခံရာထူးအတွက် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။
ရာထူး ပြန်ကြားဆက်သွယ်ရေးတာဝန်ခံ
လျှောက်လွှာလက်ခံမည့်ကာလ (၀၃.၀၇.၂၀၂၆ မှ ၁၀.၀၇.၂၀၂၆) အထိ
စီမံကိန်းကာလ ဇူလိုင် ၂၀၂၆ မှ ဇွန် ၂၀၂၇ အထိ
နေရာ မဲဆောက်
အစမ်းခန့်ကာလ ၃လ
ပုံမှန်လစာ 15,000ဘတ်
အစီရင်ခံရမည့်သူ Executive Director
ခန့်အပ်မည့် ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)
ခန့်အပ်မည့်ဦးရေ ၁ ဦး
လုပ်ဆောင်ရမည့်တာဝန်များ
—————————
● အဖွဲ့အစည်းလုပ်ငန်းစဉ်များတွင် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးစနစ် ဖြစ်ပေါ်ရန် လုပ်ဆောင်ရမည်။
● အဖွဲ့အစည်းမှ ထုတ်ပြန်သော စာစဉ်များ၊ အစီရင်ခံစာများ၊ သတင်းစာစောင်များ၊ ဆောင်းပါးများ စသည့် ရလဒ်များအား အဖွဲ့အစည်း၏ စံချိန် /စံနှုန်းများနှင့်အညီ ပြင်ဆင်တည်းဖြတ်ခြင်း။
● Blossom Future (ပွင့်သစ်ဝေ)၏ တရားဝင် Website နှင့် လူမှုကွန်ယက် Platform များအား စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ခြင်း နှင့် မေးမြန်းချက်များအပေါ် အကြောင်းပြန်ခြင်း။
● အဖွဲ့အစည်း၏ ရလဒ်များဖြစ်သော စာစဉ်များ၊ အစီရင်ခံစာများ၊ သတင်းစာစောင်များ၊ ဆောင်းပါးများ၊ သတင်းအချက်အလက်များအား လူအများသိရှိနိုင်အောင် Website ၊ လူမှုကွန်ယက်များမှတဆင့် update ပြုလုပ်ခြင်း။
● ဒီဇိုင်းပိုင်းဆိုင်ရာ ရလဒ်များဖြစ်သည့် အစီရင်ခံစာများ၊ Presentation များ၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းများ၊ Graphic များ၊ Banner များ၊ Letter Head များ ပြင်ဆင်ရေးဆွဲခြင်း။
● မှတ်တမ်းတင်ခြင်း လုပ်ငန်းဖြစ်သည့် ဓာတ်ပုံ၊ ဗီဒီယို ၊ အင်တာဗျူး၊ Testimonialsများ ၊ strories များ ရိုက်ကူးပြင်ဆင် တည်းဖြတ်ခြင်း။
● အဖွဲ့အစည်းမှ ကျင်းပပြုလုပ်သည့် ပွဲများ၊ အစည်းအဝေးများတွင် မီဒီယာပိုင်းဆိုင်ရာ ပြင်ဆင်ခြင်း နှင့် ကူညီပံ့ပိုးခြင်း။
● အဖွဲ့အစည်း၏ စံချိန်/စံညွှန်းနှင့် ကိုက်ညီသော နမူနာ template များ၊ ဆက်သွယ်ရေးဆိုင်ရာ platform များအား ပြင်ဆင်စီမံခြင်း။
● Project များအလိုက် လိုအပ်မည့် နည်းပညာပိုင်းဆိုင်ရာများကို အကြံဉာဏ်ပေးနိုင်ရမည်။
● သီးခြားအနေဖြင့် Digital Literacy & Security သင်တန်းများအား အခါအားလျော်စွာပေးနိုင်ရမည်။
အတွေ့အကြုံလိုအပ်ချက်
===================
● သတင်းမီဒီယာပိုင်း၊ Public relation ၊ communication ၊ IT နှင့် ပတ်သက်သော Diploma (သို့) ဘွဲ့ရရှိထားသူဖြစ်ရမည်။
● သက်ဆိုင်ရာ အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ (၁) နှစ်ရှိရမည်။
● Website နှင့် Social Media စီမံခန့်ခွဲခြင်းဆိုင်ရာ အတွေ့အကြုံရှိသူ။
● Canva ၊ Microsoft Office, Photoshot Software, WordPress နှင့် Social Media Management tools များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။
● ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတင် ရိုက်ကူးခြင်းဆိုင်ရာ အတွေ့အကြုံရှိသူ ဦီးစားပေးမည်။
● စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူပြီး ပူးပေါင်းဆောင်ရွက် လိုစိတ်ရှိသူ ဖြစ်ရမည်။
● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
● မြန်မာစာ ၊ English စာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဦီးစားပေးပါမည်။
လျှောက်လွှာတင်ရမည့်ပုံစံ
————————-
● မြန်မာဘာသာ (သို့) English ဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။
● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက :
For further inquries
𝗔𝗱𝗺𝗶𝗻 Officer
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮0 688 279
𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org
