Blossom Future (ပွင့်သစ်ဝေ) ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဇွန်လအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။
● ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။
● ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလောရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။
● ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။
● ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် တစ်ဦးချင်းစီအား ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။
● 1st-July-2026 ရက်နေ့မှ စတင်၍ “ရုံးဖွင့်ရက် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီ အတွင်း 0815520516 အရေးပေါ်ရိက္ခာ ရုံးဖုန်းသို့” တိုက်ရိုက် ဆက်သွယ် လျှောက်ထားရန်ဖြစ် ပါသည်။
● ပုံမှန်ရုံးပိတ်ရက်များနှင့် ထိုင်းအစိုးရ ရုံးပိတ်ရက်များတွင် Blossom Future (ပွင့်သစ်ဝေ) ၏ ရုံးများ ပိတ်ထားမည်ဖြစ်ပါသည်။
● ထို့အပြင် ချွင်းချက်အနေဖြင့် တနင်္ဂနွေနေ့များတွင် ညနေ (၅) နာရီမှ ည (၈) နာရီအထိ 081-552-0516 (အရေးပေါ်စားနပ်ရိက္ခာ ရုံးဖုန်း) သို့ ဖုန်းခေါ်ဆိုဆက်သွယ် နိုင်ပါသည်။
● ဖုန်းမကိုင်နိုင်သည့် အချိန်များတွင်လည်း Signal မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါ သည်။
ဆက်သွယ်မေးမြန်းရန်
𝗞𝗼 𝗖𝗵𝗮𝗶𝗻
𝗘𝗺𝗲𝗿𝗴𝗲𝗻𝗰𝘆 𝗙𝗼𝗼𝗱 𝗦𝘂𝗽𝗽𝗼𝗿𝘁 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)
𝗣𝗵𝗼𝗻𝗲: 𝟬𝟴𝟭𝟱𝟱𝟮𝟬𝟱𝟭𝟲
𝗦𝗶𝗴𝗻𝗮𝗹: +𝟲𝟲 𝟴𝟭𝟱𝟱𝟮𝟬𝟱𝟭𝟲 𝗲𝗺𝗲𝗿𝗴𝗲𝗻𝗰𝘆𝗳𝗼𝗼𝗱@𝗯𝗹𝗼𝘀𝘀𝗼𝗺𝗳𝘂𝘁𝘂𝗿𝗲.𝗼𝗿𝗴
