ထိုင်း–မြန်မာ ဘာသာပြန် (Thai – Myanmar Translator/Interpreter) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

ထိုင်း–မြန်မာ ဘာသာပြန် (Thai – Myanmar Translator/Interpreter) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

++++++++++++++++++++++

Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာပြည်သူ/ ပြည်သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ထိုင်းနိုင်ငံအတွင်း ပြုလုပ် သည့် အစည်းအဝေးများ၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာဘာသာ ↔ ထိုင်းဘာသာကို တိကျကျွမ်းကျင်စွာ ဘာသာပြန်ဆိုပေးနိုင်မည့် Thai Translator ရာထူးအတွက် လျှောက်လွှာများကို ဖိတ်ခေါ်အပ်ပါသည်။

ရာထူး Thai Translator

လျှောက်လွှာလက်ခံမည့်ကာလ ၃၀.၀၆.၂၀၂၆ မှ ၁၀.၀၇.၂၀၂၆ အထိ

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃လ

ပုံမှန်လစာ ၁၂,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ Executive Director

ခန့်အပ်မည့်ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)

ခန့်အပ်မည့်ဦးရေ ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————-

● ရုံးတွင်း၊ ရုံးပြင်ပ အစည်းအဝေးများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် သက်ဆိုင်ရာတွေ့ဆုံမှုများတွင် (ထိုင်း ↔ မြန်မာ) နှုတ်ဖြင့် ဘာသာပြန်ဆိုပေးခြင်း။

● စာရွက်စာတမ်းများ၊ အစီရင်ခံစာများ၊ နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများကို (ထိုင်း ↔ မြန်မာ) စာဖြင့် ဘာသာပြန်ဆိုပေးခြင်း။

● ရုံးမှ ကျင်းပပြုလုပ်သည့် (ထိုင်း ↔ မြန်မာ) ယဉ်ကျေးမှုဖလှယ်ပွဲများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးခြင်း၊

● အစိုးရရုံးများ၊ ဆေးရုံများ၊ ရဲစခန်းများ၊ ဥပဒေရေးရာအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်ရာ ဌာနများတွင် လိုအပ်သလို လိုက်ပါဘာသာပြန်ပေးခြင်း။

● Project အကောင်အထည်ဖော်ရာတွင် ပြင်ပအဖွဲ့အစည်းများ၊ Community Leaders များနှင့် ဆက်သွယ်ညှိနှိုင်းရာတွင် ဘာသာပြန်ပံ့ပိုးပေးခြင်း။

● ဘာသာပြန်ဆိုရာတွင် တိကျမှန်ကန်မှု၊ ဘက်မလိုက်မှုနှင့် Professional Ethics များကို လိုက်နာ ဆောင်ရွက်ခြင်း။

အတွေ့အကြုံလိုအပ်ချက်

————————

● မြန်မာဘာသာနှင့် ထိုင်းဘာသာကို အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။

● Professional Translator သို့မဟုတ် Interpreter အဖြစ် အတွေ့အကြုံရှိသူ ဦးစားပေးမည်။

● ရုံးပိုင်းဆိုင်ရာ၊ NGO/INGO လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

● Microsoft Office (Word, Excel, PowerPoint) အခြေခံအသုံးပြုနိုင်သူဖြစ်ရမည်။

● အဖွဲ့အစည်းများ၊ အစိုးရရုံးများနှင့် ပြောဆိုဆက်ဆံနိုင်သည့် Communication Skill ကောင်းမွန်သူ ဖြစ်ရမည်။

● လျှို့ဝှက်ထိန်းသိမ်းမှု (Privacy and Confidentiality) ကို အပြည့်အဝလိုက်နာနိုင်သူဖြစ်ရမည်။

● အကြမ်းဖက်မှု (Violence)၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment)၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) ကျူးလွန်ဖူးသူ မဖြစ်ရ။

● ကား သို့မဟုတ် ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————-

● မြန်မာဘာသာ ဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ် ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက

Admin Dept:

Phone & Signal No. +66 626 874 266

Email: contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!