Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်အား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့ များတွင် မနက် (၁၀နာရီမှ ညနေ ၃နာရီ) အတွင်းပြုလုပ်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိကြုံတွေ့ရသော အခြေအနေ စိတ်ခံစားချက်များကို ရင်ဖွင့်ပြောကြားလိုပါက လွတ်လပ်စွာနှင့် လုံခြုံစိတ်ချစွာ ရင်ဖွင့်ဆွေးနွေးနိုင်ကြောင်း နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျ။
ရည်ရွယ်ချက်
————
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေး ပေးနိုင်ရန် ရည်ရွယ်ပါသည်။
Blossom Future (ပွင့်သစ်ဝေ) မှ Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်)ကို အောက်ပါစိတ်ပိုင်းဆိုင်ရာခံစားချက်များနှင့်ပြသနာများခံစားနေရပါက လူကိုယ်တိုင်ဖြစ်စေ (သို့) online မှဖြစ်စေ အောက်ဖော်ပြပါ linkမှတဆင့် ဘိုကင်ယူ၍ ဆွေးနွေးနိုင် ပါသည်။
● မိမိ၏ခံစားနေရသောစိတ်ဖိစီးမှုများကို မိမိကိုယ်တိုင်မဖြေရှင်းနိုင်တော့ခြင်း။
● ဘေးအန္တရာယ် (crisis) တစ်ခုခုနှင့်ကြုံတွေ့ရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်း ဆိုင်ရာနှင့်လူမှုပတ်ဝန်းကျင်မှုပိုင်းဆိုင်ရာတွင်ပြသနာရှိနေခြင်း။
● အနှုတ်လက္ခဏာဆောင်သောအတွေးများ (Negative Emotion) များနေခြင်း။
● အကောင်းဘက်မှတွေးတောဆင်ခြင်မှု (Positive Thinking) အားနည်းခြင်း။
● မိမိကိုယ်ကိုစောင့်ရှောက်မှု(Self-Care) အားနည်းခြင်း
နှစ်သိမ့်ဆွေးနွေးမှုခံယူလိုပါက
နေ့ရက် ။ ။ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး။
အချိန် ။ ။ မနက် ၁၀နာရီမှ ညနေ ၃နာရီ အထိ။
တည်နေရာ ။ ။ မယ်ပ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်တွင် လူကိုယ်တိုင်ဖြစ်စေ (သို့) online မှဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
ဆွေးနွေးမည့်သူများဘိုကင်ယူရန် Link = https://forms.gle/GumHLmPbRRURMNYt8
နှစ်သိမ့်ဆွေးနွေးမှုခံယူရန် လျှောက်ထားခြင်းနှင့်ပက်သက်၍ မေးမြန်းချက်များရှိပါက တာဝန်ခံ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှ တဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
တာဝန်ခံ
Blossom Future (ပွင့်သစ်ဝေ)
Phone: +66 943 846 984
Signal No: +66 943 846 984
Email: mhpss@blossomfuture.org
