မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ –
မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/သမီးမရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန် လိုအပ်ပါသည်။
အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။
၁။ အရပ်သား CDM များ / မိသားစုဝင်များ
၃။ စစ်/ရဲ CDM များ / မိသားစုဝင်များ
၄။ လွှတ်တော်ကိုယ်စားလှယ်များ / မိသားစုဝင်များ
၅။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသည့် စစ်မှုထမ်းရှောင်မိသားစုဝင်များ
ရိက္ခာလျှောက်ထားမှုတွင် မိသားစုဝင်ငွေ မရှိသေးသူများ ၊ ချို့တဲ့သူများအတွက် ရည်ရွယ်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုဝင်ငွေ ရှိပြီး မချို့တဲ့သူများ လျှောက်ထားရန် မလိုပါ။ (ရိက္ခာလျှောက်ထားသူများ၏ ထောက်ခံပုဂ္ဂိုလ်များအပြင် 𝗡𝗠𝗙 မှ 𝗚𝗿𝗼𝘂𝗻𝗱 𝗩𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝘀 ၏ သိရှိမှုပေါ်အခြေခံ၍လည်း စိစစ်ဆောင်ရွက်မှုများ လုပ်သွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)
အလှူရှင်၏ အခက်အခဲကြောင့် ရိက္ခာလျှောက်ထားသည့် လူဦးရေ ပြန်လည်လျော့ချပေးရသည့် အခြေအနေများ လက်ရှိကာလတွင် ရှိနေပြီး ထပ်မံ၍လည်း ကြုံတွေ့နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။
အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။
ယခု ဖေဖော်ဝါရီလ အတွင်း ရိက္ခာလျှောက်ထားရမည့် ရက်များ ရိက္ခာရရှိမည့် ကာလ – 2026 မတ် နှင့် ဧပြီ (၂) လစာ အတွက်
𝟮-𝗠𝗮𝗿-𝟮𝟬𝟮𝟲 ( တနင်္လာ )
𝟯-𝗠𝗮𝗿-𝟮𝟬𝟮𝟲 ( အင်္ဂါ )
𝟰-𝗠𝗮𝗿-𝟮𝟬𝟮𝟲 ( ဗုဒ္ဓဟူး )
𝟱-𝗠𝗮𝗿-𝟮𝟬𝟮𝟲 ( ကြာသပတေး )
𝟲-𝗠𝗮𝗿-𝟮𝟬𝟮𝟲 ( သောကြာ )
𝟴-𝗙𝗲𝗯-𝟮𝟬𝟮𝟲 (တနင်္ဂနွေ) ညနေ 𝟱နာရီမှ ည ၇နာရီ အတွင်း
𝟵-𝗠𝗮𝗿-𝟮𝟬𝟮𝟲 ( တနင်္လာ )
𝟭𝟬-𝗠𝗮𝗿-𝟮𝟬𝟮𝟲 ( အင်္ဂါ )
𝟭𝟭-𝗠𝗮𝗿-𝟮𝟬𝟮𝟲 ( ဗုဒ္ဓဟူး )
မှတ်ချက် (၁) ။ ။ ၂၀၂၆ ဖေဖော်ဝါရီ ၊ မတ် (၂) လစာ အတွက် လူဟောင်းဆရာ/ဆရာမများ အား ရိက္ခာဝေမည့်အစီအစဉ်သည် အလှူရှင် အပေါ်မူတည်ပြီး ရိက္ခာဝေရက် သတ်မှတ်ရခြင်း ဖြစ်သည့်အတွက် အလှူရှင် ဆက်သွယ်လာပါက ရိက္ခာဝေမည့် ရက်အား ကြေငြာပေးသွားမည်ဖြစ်ပါသည်။
မှတ်ချက် (၂) ။ ။ ၂၀၂၅ ဇန်နဝါရီ လမှ ၂၀၂၆ ဇန်နဝါရီ လ အထိ ရိက္ခာဖောင်လျှောက်ထားသူ ဆရာ/ဆရာများ (လူဟောင်းများ) ရိက္ခာဖောင် ပြန်လျှောက်ရန် မလိုအပ်ပါ။ လိုအပ်ပါက ကြော်ငြာချက်ထုတ်၍ အသိပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (စာရင်းထည့် သွင်း၍ အလှူရှင်ထံ တင်ပြပေးသွားမည် ဖြစ်မည်ဖြစ်ပြီး NMFမှ ရိက္ခာတာဝန်ရှိသူများမှဆက်သွယ်၍ ကွင်းဆင်း တွေ့ဆုံ မှုများ လိုအပ်သလို စီစဉ်ဆောင်ရွက်ရန် ပြင်ဆင်သွားမည် ဖြစ်ပါသည်။)
မှတ်ချက် (၃) ။ ။ ရိက္ခာလျှောက်ထားသူအားလုံးကို ရိက္ခာပေးနိုင်မည်ဟု အာမ မခံနိုင်ကြောင်း ကြိုတင်အသိပေး ကြော်ငြာအပ်ပါသည်
။
မှတ်ချက် (၄) ။ ။ လူသစ်များအနေဖြင့် ရုံးဖုန်းများဖြစ်သော အောက်ဖော်ပြပါဖုန်းများသို့ တိုက်ရိုက်ဆက်၍ လျှောက်ထားရန်လိုအပ်ပါကြောင်း နှင့်လူဟောင်း ဆရာ/ဆရာမများ၏ မိသားစုဝင်များထပ်တိုးလာပါက ထိုသူများကိုလည်း လူသစ်အနေဖြင့် သတ်မှတ်ကြောင်း ကြိုတင်အသိပေး အပ်ပါတယ်ရှင့် ။
ရိက္ခာလျှောက်ထားမှုပုံစံ
ရိက္ခာလျှောက်ရန် ရုံးဖုန်း
0660273746 သို့ ရိက္ခာလျှောက်ရန် ကြေငြာချက်ပါ သတ်မှတ်ထားသည့် ရက်များတွင် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီအတွင်း လူသစ်များ အနေဖြင့် တိုက်ရိုက် ဖုန်းဆက်၍ လျှောက်ထားရမည် ဖြစ်ပါသည်။
New Myanmar Foundation ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်ပါက Signal တွင် စာပို့မေးမြန်းထားနိုင်ပါသည်။ ထိုင်းရုံးပိတ်ရက်များကိုလည်း Facebook Page တွင် ကြိုတင်ကြော်ငြာပေးလေ့ရှိပါသည်။
ရိက္ခာအခက်အခဲရှိသူ (လူသစ်) များအနေဖြင့် ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာအတွက် ရိက္ခာလျှောက်ထားရန် အထက်ဖော်ပြပါသတ်မှတ်ရက်များတွင်
ရုံးချိန် မနက် (၉) နာရီခွဲ မှ ညနေ (၅) နာရီအတွင်း၌ ကြော်ငြာချက်အားလေ့လာ၍ လျှောက်ထားပေးရန် လိုပါသည်။

