𝗠&𝗘 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

Blossom Future မှ 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 & 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။

လျှောက်လွှာလက်ခံမည့်ကာလ : ၄.၆.၂၀၂၆ မှ ၁၃.၆.၂၀၂၆ အထိ

နေရာ : မဲဆောက်

အစမ်းခန့်ကာလ : ၃ လ

ပုံမှန်လစာ : ၁၂၀၀၀ – ၁၅၀၀၀

အစီရင်ခံရမည့်သူ : Executive Director

လုပ်ဆောင်ရမည့်တာ၀န်များ

—————————

M&E Officer သည်

● စီမံကိန်းများ၏ ရလာဒ်များအား အချိန်နှင့် တပြေးညီ စောင့်ကြည့်လေ့လာ အကဲဖြတ်ပေးရမည်။

● လေ့လာစောင့်ကြည့် အကဲဖြတ်မှုများ ပြုလုပ်ရာတွင် စီမံကိန်းအလိုက်သင့်လျော်၍ ကိုက်ညီသော M&E တွက်ချက်မှုများ၊ နည်းလမ်းများဖြင့် လုပ်ဆောင်ရမည်။

● စီမံကိန်း၏ တိုးတက်မှုအခြေအနေများကို စောင့်ကြည့်ခြင်းနှင့် စီမံကိန်းတွင် ပါ၀င်သော လုပ်ဖော် ကိုင်ဖက်များကို သင့်လျော်သည့်/ ကောင်းမွန်သည့် လမ်းညွှန်မှုများ ပြုလုပ်ပေးရမည်။

● စီမံကိန်းများ၏ ရလာဒ်များနှင့် ပတ်သက်၍ မှန်ကန်၊ အထောက်အကူဖြစ်စေသော အစီရင်ခံစာများ ကို အဖွဲ့အစည်းအတွက် ထုတ်ပြန်ပေးရမည်။

● စီမံကိန်းများအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းတခုလုံးအပေါ်တွင်လည်းကောင်း အပြု သဘောဆောင်သော အကဲခတ်ဖြတ် အကြံပြုမှုများကို လုပ်ဆောင်၍ အုပ်ချုပ်မှုဒါရိုက်တာ ထံသို့ တင်ပြဆွေးနွေးရမည်။

● ကွင်းဆင်းဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းများတွင် ကိုယ်တိုင်ကွင်းဆင်း ဆောင်ရွက်ရမည်။

● M&E နှင့် ပတ်သက်၍ လိုအပ်သော စာရွက်စာတမ်းများကို လိုအပ်သည့်အတိုင်း ဖန်တီးဆောင်ရွက် ရမည်။

● စီမံကိန်းအလှူရှင်များမှ ဖိတ်ကြားသော M&E ဆိုင်ရာ အစည်းအ‌ဝေးများကို ဦးဆောင် တက်ရောက် ဆွေးနွေးရမည်။

● စီမံကိန်းအဆိုပြုချက်များရေးသားရာတွင် M&E Framework များကို ၀င်ရောက်ရေးဆွဲပေးရမည်။

အတွေ့အကြုံလိုအပ်ချက်

————————-

● 𝗠𝗼𝗻𝗶𝘁𝗼𝗿𝗶𝗻𝗴 𝗮𝗻𝗱 𝗲𝘃𝗮𝗹𝘂𝗮𝘁𝗶𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူး နှင့် အလားတူ ရာထူးမျိုးတွင် အတွေ့အကြုံရှိ သူအား ဦးစားပေးပါမည်။

Management ပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

● NGO ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်သောအတွေ့အကြုံရှိရမည်။

● ရုံးပိုင်းဆိုင်ရာပြသနာများကို ကောင်းမွန်မှန်ကန်စွာဖြေရှင်းနိုင်သော အတွေ့အကြုံရှိရမည်။

● NGOs တွင် အလုပ်လုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။

ပညာအရည်အချင်း

——————-

● ဘွဲ့ရရှိသူဖြစ်ရမည်။

● M&E Mechanism များအား ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရမည်။

● MS Office, Google Drive, Social Media Skill များ ကောင်းမွန်ရမည်။

● English နှင့် မြန်မာဘာသာ နှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်ရမည်။

● Communication and Management Skill ကျွမ်းကျင်သူဖြစ်ရမည်။

အခြား

● Blossom Future တွင် အနည်းဆုံး (၁) နှစ် တာဝန်ထမ်းဆောင်နိုင်ရပါမည်။

● ကားနှင့် ဆိုင်ကယ် မောင်းနှင်တတ်သူ ဦးစားပေးမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————-

● Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေ ထည့်သွင်းရပါမည်။

● လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ် ပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက :

Admin Officer

Phone Number/ Signal Number – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

Email – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!