Individual Housing Program Assistant ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

Blossom Future သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ Safe House အစီအစဥ်အား ဆောင်ရွက်လျက်ရှိရာ Safe House များတွင် တခြားသူများနှင့် အတူနေထိုင်ရန် အခက်အခဲရှိသူများအတွက် သီးခြား နေရာထိုင်ခင်း၊ အိမ်ခန်း (Individual Housing)များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းအစီအစဉ် အတွက် ဝန်ထမ်း (Program Assistant) လျှောက်လွှာများ ခေါ်ယူနေပါသည်။

ရာထူး : Program Assistant

လျှောက်လွှာလက်ခံမည့်ကာလ : ၄.၆.၂၀၂၆ မှ ၁၃.၆.၂၀၂၆ အထိ

နေရာ : မဲဆောက်

အစမ်းခန့်ကာလ : (၁) လ

ပုံမှန်လစာ : ၁၀,၀၀၀ ဘတ်

ခန့်အပ်မည့်ကာလ : ၃ လ

အစီရင်ခံရမည့်သူ : Program Manager

ခန့်အပ်မည့်ဦးရေ : (၁) ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————

မဲဆောက်မြို့အတွင်းရှိ ကျန်းမာရေး/ အသက်အရွယ်/ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်များအရ/ မိမိဘာသာ နေထိုင်ရပ်တည်ရန် အတွက်လည်းကောင်း၊ အများနှင့်အတူနေထိုင်ရန်အတွက်လည်းကောင်း အခက်အခဲရှိသူများကို ရှာဖွေစာရင်း ပြုစုနိုင်ရမည်။

သီးခြားနေရာထိုင်ခင်း (Individual Housing) များတွင်

—————————————————-

● နေထိုင်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာသည်များအား ပြန်လည်ဖြေဆို ဆောင်ရွက်၍ စီစစ်အတည်ပြုပေးရမည်။

● နေထိုင်သူများအား စာရင်းရေးသွင်းခြင်း၊ စည်းကမ်းချက်များ နှင့် အခွင့်အရေးဆိုင်ရာ အကြောင်း များ ရှင်းလင်းပြောကြားခြင်း (Registration and Orientation) ပြုလုပ်ပေးရမည်။

● နေထိုင်သူများ၏ လိုအပ်ချက်များအား ကောက်ယူခြင်း နှင့် ဖြည့်ဆည်းပေးခြင်း (Need Assessment နှင့် Care Plan) တို့အား ဆောင်ရွက်ပေးရမည်။

● နေထိုင်သူများနှင့် ပတ်သက်သော စာရင်းများအား Program officer ထံသို့ အချိန်မီ တင်ပြ ရပါမည်။

● နေထိုင်သူများနှင့် လစဉ်အစည်းအဝေးများကို ပြင်ဆင်/ ကျင်းပ၍ အစည်းအဝေးမှတ်တမ်းများ ရေးသားရမည်။

● နေထိုင်သူများ၏ လူမှုရေး၊ ကျန်းမာရေး ကိစ္စရပ်များကို Program Manager နှင့်ညှိနှိုင်း၍ လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။

● ပေါ်ပေါက်သော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးရမည် ဖြစ်ပြီး အချိန်နှင့် တပြေးညီ တာ၀န်ခံထံသို့ တင်ပြရပါမည်။

● နေထိုင်သူများအတွက် အကျိုးရှိစေနိုင်မည့်သင်တန်းများ၊ ဟောပြောပွဲများကိုလည်း စိစစ် ရွေးချယ် ကျင်းပပေးရမည်။

● လစဥ်သွားရောက် ကြည့်ရှူ၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးရမည်။

● လစဉ်လုပ်ငန်းတိုးတက်မှု အစီရင်ခံစာအား ရေးသားပြုစု၍ Program Manager ထံတင်ပြ ရမည်။

အတွေ့အကြုံလိုအပ်ချက်

————————-

● Management ပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

● အခြေခံ ကွန်ပျူတာ ကျွမ်းကျင်မှုရှိရမည်။

● လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။

● လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး နေထိုင်သူများအပေါ် စိတ်စေတနာထားကာ ဖြည့်ဆည်း ပေးနိုင်သူ ဖြစ်ရမည်။

● စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။

● အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။

● အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

● လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

● ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။

● English စာ တတ်ကျွမ်းသူ ဦးစားပေးပါမည်။

လျှောက်လွှာတင်ရန်

——————–

လျှောက်ထားလိုသူများသည် contact@blossomfuture.org သို့ အောက်ပါအချက်အလက်များ ပြည့်စုံစွာ ပူးတွဲပေးပို့ လျှောက်ထားနိုင်သည်။

● ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံများ ရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာ ထည့်သွင်း ရေးသားထားသည့် CV Form ( မြန်မာဘာသာဖြင့်)

● ပညာအရည်အချင်းလက်မှတ်များ

● ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ email၊ signal နံပါတ်များကို CV form တွင် တပါတည်း ဖော်ပြရန်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!