Blossom Future (ပွင့်သစ်ဝေ) မှ ဧပြီ-မေ (၂) လစာ အတွက် ရိက္ခာဝေမည့်အကြောင်း သတင်းစကားပါးခြင်း

● ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်လ သတ်မှတ်ရက်များအတွင်း ရိက္ခာလျှောက်ထားခဲ့သူ လူဟောင်း ၊ လူသစ် များအတွက် ဧပြီ – မေ (၂) လစာကို ရိက္ခာပစ္စည်းများ မျှဝေပေးသွားမည် ဖြစ်ပါသည်။

● (28-May-2026) ကြာသပတေး နှင့် (29-May-2026) သောကြာ (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ် အား ပြုလုပ်ပေး သွားမည် ဖြစ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ) ၏ အိမ်လိုက်ဝေ ပေးသည့် အစီအစဉ်အား အောက်ဖော်ပြပါ သတ်မှတ်ထားသော (၇) နေရာများအတွက်သာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ထိုနေရာများမှ အပ အခြားနေရာများသို့ ပို့ဆောင်ပေးမည့် အစီအစဉ် မရှိတော့ပါကြောင်းကို လေးနက်စွာ အသိပေးအပ်ပါသည်။

1. မယ့်ကဆာ

2. မယ်ကုလွမ်

3. ဝှေ့ကလုတ်ကျေးရွာ

4. ဝှေ့မုတ်ကျေးရွာ

5. မယ်တောင်ပိုင်

6. မယ့်ကုကင်း

7. ကြယ်လေးခို

● ထို့ကြောင့် ရိက္ခာထုတ်ရမည့် ဆရာ/ဆရာမများထံ လျှောက်လွှာတွင် ဖြည့်သွင်းထားခဲ့သော Signal နံပါတ်များ သို့ ရုံးဖုန်း 0659252173 ဖြင့် (26-5-2026) အင်္ဂါနေ့ နှင့် (27-5-2026) ဗုဒ္ဓဟူးနေ့ တွင် အကြောင်းကြားခြင်း အစီအစဉ်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

● ထို့ပြင် ရိက္ခာမျှဝေမည့် ကာလများအတွင်း ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှုများ / Signalမှ စာပို့မှုများကို အကြောင်းပြန်ကြားခြင်း များ နောက်ကျပါက နားလည်ပေးကြပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါသည် ။

ဆက်သွယ်မေးမြန်းရန်

Hay Mar

Basic Food Program Manager

Phone & Signal +66 659252173

basicfood@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!