ရာထူး – အလုပ်အကိုင်ရှာဖွေပေးရေး အရာရှိ (Job Facilitation Officer)
အဖွဲ့အစည်း – ပွင့်သစ်ဝေ (Blossom Future)
တည်နေရာ – မဲဆောက်မြို့၊ ထိုင်းနိုင်ငံ
Project ကာလ – ၄ လ (၀၁. ၀၆.၂၀၂၆ မှ ၃၀.၀၉.၂၀၂၆ အထိ)
လစာ – လူတစ်ဉီးအား အလုပ်သွင်းပေးပါလျှင် ၆၀၀ ဘတ်နှုန်းဖြင့် တစ်လလျှင် လူ (၂၀)ဦး အလုပ်သွင်းပေးရပါမည်။
လျှောက်လွှာလက်ခံမည့် ကာလ – ၁၂.၅.၂၀၂၆ မှ ၁၇.၅.၂၀၂၆ အထိ
အစီရင်ခံရမည့်သူ – Project Manager
Blossom Future (ပွင့်သစ်ဝေ) သည် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ ဆောင်ရွက်လျက်ရှိနေသော မဲဆောက်တွင် နေထိုင်နေကြသည့် မြန်မာပြည်သူ/သားများအား အလုပ်အကိုင်အခွင့်အလမ်း ချိတ်ဆက်ကူညီပေးခြင်း အစီအစဉ် အတွက် တာဝန်ခံတစ်ဦး လိုအပ်လျက်ရှိပါသည်။ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှု ရှိသော မဲဆောက်ရှိ မည်သူမဆို လျှောက်ထားနိုင်ပါသည်။
လုပ်ကိုင်ရမည့် တာဝန်ဝတ္တရာများ
——————————–
● အလုပ်အကိုင်အခွင့်အလမ်းများ ချဲ့ထွင်ရှာဖွေနိုင်ရန် မဲဆောက်အတွင်းရှိ အဖွဲ့အစည်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ဆက်ဆံရေး တည်ဆောက်ထားရှိခြင်း၊
● အလုပ်အကိုင်ရရှိလိုသူများ၏ အရည်အချင်းများနှင့် စိတ်ပါဝင်စားမှုတို့အား မေးမြန်းကာ ၎င်းတို့နှင့် ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများအား ချိတ်ဆက်ရှာဖွေပေးခြင်း၊
● Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများမှ အလုပ်လိုအပ်လျက်ရှိသော တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများအား တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ပေးခြင်း၊
● အလုပ်ရှင် ၊ အလုပ်သမား ပြဿနာများနှင့် လုပ်ခလစာပြဿနာများဖြစ်ပွားခဲ့ပါက အလုပ်သမား ဥပဒေရေးရာ နားလည်တတ်ကျွမ်းသော Blossom Future (ပွင့်သစ်ဝေ) မှ ဥပဒေရေးရာ ကာကွယ်ပေးရေးအရာရှိ အပါအဝင် တခြားသောအဖွဲ့အစည်းများထံ လွှဲပြောင်းချိတ်ဆက်ပေးခြင်း။
● Blossom Future (ပွင့်သစ်ဝေ) မှ တာဝန်ယူ အလုပ်သွင်းပေးထားသည့်သူများအား အလုပ်ထဲတွင် အဆင်ပြေမှုရှိ/မရှိ သိရှိစေရန် ဆက်သွယ်မေးမြန်းခြင်း၊
● လစဉ်အစီရင်ခံစာများကို ပြုစုတင်ပြခြင်း၊
လိုအပ်သောအတွေ့အကြုံနှင့် အရည်အချင်းများ
———————————————
● Microsoft Office (Word/Excel, etc.) အသုံးပြုနိုင်သူဖြစ်ရမည်။
● မဲဆောက်မြို့အတွင်းရှိ စက်ရုံ / အလုပ်ရုံများသို့ သွားလာချိတ်ဆက်ပြီး အလုပ်အကိုင်ရှာဖွေရေး အတွက် ဆွေးနွေးနိုင်ရမည်။
● လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။
● လူအများနှင့် ဆက်ဆံပြောဆိုရေး ပြေပြစ်သူ၊ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိသူ ဖြစ်ရမည်။
● အများအကျိုးအတွက် စိတ်စေတနာထားကာ ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ရမည်။
ဦးစားပေးစဉ်းစားမည့်အရည်အချင်းများ
● ထိုင်းနိုင်ငံအတွင်း တရား၀င်နေထိုင်ခွင့် အထောက်အထား တစ်ခုခုရှိသူ။
● အသက်မွေးဝမ်းကြောင်း (သို့မဟုတ်) လုပ်ငန်းခွင်သင်တန်းများ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံရှိသူ။
● ထိုင်းနိုင်ငံရှိ အလုပ်သမားဥပဒေ၊ ရွှေ့ပြောင်းလုပ်သားတို့၏ အခွင့်အရေးတို့ကို ရင်းနှီးကျွမ်းဝင် နားလည်မှု ရှိသူ။
● အစမ်းခန့်ကာလ တစ်လအပါအဝင် အနည်းဆုံး (၄) လ တာ၀န်ထမ်းဆောင်နိုင်သူ။
● ဆိုင်ကယ် နှင့် ကား မောင်းနှင်တတ်သူ။
● ထိုင်းဘာသာအနည်းငယ် တတ်ကျွမ်းသူ။
လျှောက်ထားရမည့်နည်းလမ်း
—————————–
လျှောက်လွှာ (Cover letter) နှင့် ကိုယ်ရေးမှတ်တမ်း( ဘွဲ့လက်မှတ်နှင့် အခြားအထောက်အထားတို့ကို ပူးတွဲလျက်) Application – Job Facilitation Officer ခေါင်းစဉ်ဖြင့် မြန်မာ (သို့) English ဘာသာဖြင့် contact@blossomfuture.org သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါသည်။ CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက
Admin Department
Phone & Signal No. +66 626 874 266
Email: contact@blossomfuture.org


