𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐬 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင်လျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ၊ လူမှုဘဝ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူသားများ နှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ (Community-Based Organizations – CBOs) နှင့် Community Networks များအား Technical Support ပံ့ပိုးပေးခြင်း၊ အစည်းအဝေးများ စီစဉ်ကျင်းပခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ Eligible Networks များအတွက် Small Grant လုပ်ငန်းစဉ်များအား ဦးဆောင် ဆောင်ရွက်ခြင်း နှင့် ယဉ်ကျေးမှုဖလှယ်ရေးနှင့် Community Dialogue Event များအား ပံ့ပိုးဆောင်ရွက်ပေးရမည့် Community Networks Officer ရာထူးအတွက် လျှောက်လွှာများခေါ်ယူလျက်ရှိပါသည်။

ရာထူး Community Networks Officer

လျှောက်လွှာလက်ခံမည့်ကာလ ၁၃.၀၅.၂၀၂၆ မှ ၁၉.၀၅.၂၀၂၆ အထိ

စီမံကိန်းကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃လ

အစမ်းခန့်လစာ ၁၃,၀၀၀ ဘတ်

ပုံမှန်လစာ ၁၅,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ Executive Director & Project Manager

ခန့်အပ်မည့် ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)

ခန့်အပ်မည့်ဦးရေ ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————

● Refugee Community-Based Organizations (CBOs) များနှင့် Community Networks များအား အထောက်အကူပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း။

● Community Meeting များ၊ Coordination Meeting များနှင့် Workshop များအား စီစဉ်ကျင်းပခြင်းနှင့် အဖွဲ့အစည်းများအကြား ချိတ်ဆက်ညှိနှိုင်းပေးခြင်း။

● Project နှင့် သက်ဆိုင်သော သတင်းအချက်အလက်များ၊ အသိပညာပေးအကြောင်းအရာများအား Community Networks များသို့ ဖြန့်ဝေခြင်း။

● မြန်မာအသိုင်းအဝိုင်းများအတွင်း လုပ်ဆောင်လျက်ရှိသော အရပ်ဖက်အဖွဲ့အစည်းများအား ထောက်ပံ့ပေးနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ စိစစ်ရွေးချယ်ခြင်း၊ Follow-up ပြုလုပ်ခြင်း။

● Field Visit များ ပြုလုပ်ကာ Community Volunteer များချိတ်ဆက်ပြီး အရေးပေါ် ထောက်ပံ့မှုလိုအပ်လျက်ရှိသော မြန်မာပြည်သူ/သားများ စိစစ်ရွေးချယ်ကာ ထောက်ပံ့ကူညီ ပေးခြင်း။

● Community Leaders များ၊ Local Organizations များနှင့် ပူးပေါင်းဆောင်ရွက်ကာ Network ချိတ်ဆက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်း။

● Project Manager နှင့် Program Team များနှင့် ပူးပေါင်းညှိနှိုင်းကာ Project လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော်ခြင်း။

● လစဉ် လုပ်ငန်းတိုးတက်မှု အစီရင်ခံစာများအား သက်ဆိုင်ရာ တာဝန်ခံများထံ တင်ပြခြင်း။

အတွေ့အကြုံနှင့် လိုအပ်ချက်များ

——————————-

● Community Development၊ Community Network၊ Social Work သို့မဟုတ် သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။

● ထိုင်းနိုင်ငံ မဲဆောက်အတွင်းရှိ Community-Based Organizations (CBOs) များနှင့် ပူးပေါင်း လုပ်ကိုင်ဖူးသူ ဦးစားပေးပါမည်။

● မြန်မာဘာသာ နှင့် ထိုင်းဘာသာ ပြောဆိုဆက်သွယ်နိုင်သူအား ဦးစားပေးပါမည်။

● Meeting Facilitation နှင့် Coordination Skill ကောင်းမွန်သူ ဖြစ်ရမည်။

● Report Writing နှင့် Documentation ပြုလုပ်နိုင်သူ ဖြစ်ရမည်။

● အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိပြီး Microsoft Office, Google Drive နှင့် Online Platform များ အသုံးပြုနိုင်သူ ဖြစ်ရမည်။

● လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်ကောင်းမွန်ပြီး Teamwork ဖြင့် ပူးပေါင်းဆောင်ရွက် နိုင်သူ ဖြစ်ရမည်။

● အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်။

● လုပ်ငန်းဆိုင်ရာနှင့် Beneficiaries များ၏ ကိုယ်ရေးအချက်အလက်များအား လုံခြုံစွာ ထိန်းသိမ်း နိုင်သူ ဖြစ်ရမည်။

● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

● လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

● လူ့အခွင့်အရေး ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ကျား/မ တန်းတူ အခွင့်အရေး ကိစ္စရပ်များ၊ အမျိုးသမီး နှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကိစ္စရပ်များတွင်

● ကား / ဆိုင်ကယ် မောင်းနှင်နိုင်သူ ဖြစ်ရပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————-

● မြန်မာဘာသာ (သို့) English ဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻 Officer

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮0 688 279

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!