Training and Cultural Exchange Officer ( သင်တန်း နှင့် ယဉ်ကျေးမှု ဖလှယ်ရေးအရာရှိ) ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင် လျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ၊ လူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်း အတွင်း အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရန် Civic Orientation နှင့် Rights Awareness Training များအား ဦးဆောင်သင်ကြားပေးခြင်း၊ Host Community Members များနှင့် ပူးပေါင်းကာ Cultural Exchange Event များ စီစဉ်ဆောင်ရွက်ခြင်းတို့အား တာဝန်ယူလုပ်ဆောင်ပေးနိုင်မည့် Training and Cultural Exchange Officer ရာထူးအတွက် လျှောက်လွှာ များ ခေါ်ယူလျက်ရှိပါသည်။

ရာထူး Training and Cultural Exchange Officer

လျှောက်လွှာလက်ခံမည့်ကာလ ၁၃.၀၅.၂၀၂၆ မှ ၁၉.၀၅.၂၀၂၆ အထိ

စီမံကိန်းကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃လ

အစမ်းခန့်လစာ ၁၃,၀၀၀ ဘတ်

ပုံမှန်လစာ ၁၅,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ Executive Director & Project Manager

ခန့်အပ်မည့် ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)

ခန့်အပ်မည့်ဦးရေ ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————

● Civic Orientation Training များနှင့် Rights Awareness Training များအား စီစဉ်ရေးဆွဲခြင်း၊ ဦးဆောင်သင်ကြားပေးခြင်းနှင့် Follow-up ပြုလုပ်ခြင်း။

● ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေသော မြန်မာပြည်သူ/သားများအတွက် အခြေခံအခွင့်အရေးများ၊ လူမှုဝန်ဆောင်မှုများ၊ ဥပဒေရေးရာအသိပညာများနှင့် ထိုင်း Culture ဆိုင်ရာ အသိပညာ ပေးသင်တန်း များ ပြုလုပ်ပေးခြင်း။

● Host Community Members များနှင့် မြန်မာ Community Members များအကြား အပြန်အလှန်နားလည်မှုနှင့် လူမှုအသိုက်အဝန်း ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန် Cultural Exchange Event များအား စီစဉ်ကျင်းပခြင်း။

● Training Materials များ၊ Handouts များ၊ Presentation များနှင့် သင်ထောက်ကူပစ္စည်းများအား ပြင်ဆင်ရေးဆွဲခြင်း။

● Training Participants များ၏ Attendance၊ Feedback နှင့် Training Evaluation များအား စုဆောင်းမှတ်တမ်းတင်ခြင်း။

● Community Leaders များ၊ Local Organizations များနှင့် ပူးပေါင်းညှိနှိုင်းကာ Community Dialogue Activities များအား ဆောင်ရွက်ခြင်း။

● Field Visit များ ပြုလုပ်ကာ Community Members များ၏ လိုအပ်ချက်များနှင့် အခက်အခဲများအား စုဆောင်းတင်ပြခြင်း။

● Training နှင့် Cultural Event များအတွက် လိုအပ်သော Venue၊ Logistics နှင့် Materials များအား စီစဉ်ဆောင်ရွက်ခြင်း။

● Project Manager နှင့် Program Team များနှင့် ပူးပေါင်းညှိနှိုင်းကာ Project Activities များအား အောင်မြင်စွာ အကောင်အထည်ဖော်ခြင်း။

● လစဉ် လုပ်ငန်းတိုးတက်မှု အစီရင်ခံစာများအား သက်ဆိုင်ရာ တာဝန်ခံများထံ တင်ပြခြင်း။

အတွေ့အကြုံနှင့် လိုအပ်ချက်များ

——————————

● ထိုင်း – မြန်မာ နှစ်ဘာသာ ကျွမ်းကျင်ရမည်။

● Training Facilitation၊ Community Development၊ Social Work သို့မဟုတ် သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။

● Training များ စီစဉ်သင်ကြားဖူးသူနှင့် Community Event များ ဦးဆောင်ဆောင်ရွက်ဖူးသူ ဦးစားပေးပါမည်။

● ထိုင်းရိုးရာယဉ်ကျေးမှုများ၊ ဉပဒေ/နည်းဉပဒေများ၊ အလုပ်သမားဆိုင်ရာ အခွင့်အရေးများ၊ ထိုင်းနိုင်ငံ အတွင်းနေထိုင်စဉ်ကာလ ဆောင်ရန်ရှောင်ရန်အခြေခံအကြောင်းအရာများ၊ ဒေသဆိုင်ရာ အကြောင်း အရာများ၊ ဝန်ဆောင်မှုများ၊ အခွင့်အလမ်းဆိုင်ရာ ကိစ္စများကောင်းမွန်စွာ သိရှိသူ ဖြစ်ရမည်။

● Meeting Facilitation နှင့် Coordination Skill ကောင်းမွန်သူ ဖြစ်ရမည်။

● Report Writing နှင့် Documentation ပြုလုပ်နိုင်သူ ဖြစ်ရမည်။

● အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိပြီး Microsoft Office, Google Drive နှင့် Online Platform များ အသုံးပြုနိုင်သူ ဖြစ်ရမည်။

● လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်ကောင်းမွန်ပြီး Teamwork ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

● အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်။

● လုပ်ငန်းဆိုင်ရာနှင့် Beneficiaries များ၏ ကိုယ်ရေးအချက်အလက်များအား လုံခြုံစွာ ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။

● အကြမ်းဖက်မှု (Violence)၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment)၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု / စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူ မဖြစ်ရပါ။

● ကား / ဆိုင်ကယ် မောင်းနှင်နိုင်သူ ဖြစ်ရပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————-

● မြန်မာဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက

Admin Dept –

Phone Number: +66 623 163 063

Signal Number: +66 62 687 4266

Email: contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!