မွေးမြူရေးထောက်ပံ့မှု စီမံကိန်း၏ တာဝန်ခံအရာရှိ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝐌𝐚𝐧𝐚𝐠𝐞𝐫) ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

Blossom Future သည် ၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်း ရှောင်လာသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့သည့် လုပ်ငန်းအစီအစဥ်များ ဆောင်ရွက်လျက်ရှိပါသည်။ ယခု ၂၀၂၆ခုနှစ် ဇွန်လမှစ၍ မဲဆောက်ရောက် မြန်မာနိုင်ငံသားများ အတွက် အသေးစားမွေးမြူရေးလုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်စေရန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ရာ ၎င်းအစီအစဉ်အတွက် တာဝန်ယူလုပ်ဆောင်မည့် (Program Manager) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။

ရာထူး Livestock Program Manager

လျှောက်လွှာလက်ခံမည့်ကာလ ၈ ရက်၊ မေလ ၂၀၂၆ မှ ၁၇ ရက်၊ မေလ အထိ။

နေရာ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့

အစမ်းခန့်ကာလ (၁) လ

အစမ်းခန့်လစာ ၁၃,၅၀၀ ဘတ်

ပုံမှန်လစာ ၁၅,၀၀၀ ဘတ်

Project ကာလ ၉ လ (၂၀၂၆၊ ဇွန်လမှ ၂၀၂၇၊ ဖေဖော်ဝါရီလ အထိ)

အစီရင်ခံရမည့်သူ Project Manager

ခန့်အပ်မည့်ဦးရေ (၁) ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————-

Blossom Future မှ ထောက်ပံ့ပေးမည့် အသေးစားမွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းစဉ်အတွက်

🌟 အသေးစားမွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားမှုရှိသူများအား ရှာဖွေခြင်း၊ လုပ်ငန်းလုပ်ကိုင်နိုင်ရန် လျှောက်လွှာများပြင်ဆင်ခြင်းနှင့် လူမှုကွန်ယက်များ မှတစ်ဆင့် ဖြန့်ဝေခေါ်ယူခြင်း။

🌟 လျှောက်ထားလာသူများ၏ မေးမြန်းလာမှုများအား ပြန်လည်ဖြေဆိုပေးခြင်းနှင့် စိစစ်ရွေးချယ် ခြင်း။

🌟 ရွေးချယ်ခံရသော အိမ်ထောင်စုများ နှင့် ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများပါဝင်သော Signal Group ဖွဲ့ပေးပြီး လုပ်ငန်းစဉ် အကျဉ်းအားရှင်းပြခြင်း။

🌟 ရွေးချယ်ခံရသော အိမ်ထောင်စုများ၏ စာရင်းများပြုစုခြင်း။

🌟 ထောက်ပံ့ပေးမည့် တိရိစ္ဆာန်များနှင့် စိုက်ပျိူးရေးသုံး ပစ္စည်းများအား ချိတ်ဆက်ဝယ်ယူခြင်း နှင့် ရွေးချယ်ခံရသော အိမ်ထောင်စုများ၏ အိမ်အရောက် အဆင်ပြေချောမွေ့စွာရောက်ရှိ စေရန် စီမံအုပ်ချုပ်ခြင်း။

🌟 လစဉ်အစီရင်ခံစာများ ရေးသားပြုစုခြင်း။

🌟 လုပ်ငန်းလုပ်ဆောင်နေသော မိသားစုများထံမှ လစဉ်မှတ်ချက်များကောက်ယူဆွေးနွေးခြင်း နှင့် လိုအပ်ချက်များရှိခဲ့ပါက ချိတ်ဆက်ကူညီပေးခြင်း။

🌟 ပေါ်ပေါက်လာသော အရေးပေါ်ကိစ္စရပ်များအတွက် အချိန်နှင့် တပြေးညီ Executive Director ထံတင်ပြခြင်း နှင့် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ဖြေရှင်းပေးခြင်း။

🌟 Program တိုးတက်ရန်အတွက် လိုအပ်သည်များအား တီထွင်ဆောင်ရွက်ခြင်း။

အတွေ့အကြုံလိုအပ်ချက်

————————-

🌟 စီမံခန့်ခွဲမှု နှင့် ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ။

🌟 အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိသူ။

🌟 လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူ။

🌟 လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး မဲဆောက်ပတ်ဝန်းကျင်အား နှံ့စပ်သူ။

🌟 စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။

🌟 အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ။

🌟 အကျင့်စာရိတ္တ ကောင်းမွန်သူ။

🌟 အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

🌟 လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

🌟 ကား၊ ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။

🌟 English စာ တတ်ကျွမ်းသူ ဦးစားပေးပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————–

Cover letter နှင့် CV Form အား မြန်မာဘာသာဖြင့် contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

🌟 Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

🌟 CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

🌟 လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!