ရိက္ခာမျှဝေခြင်းအစီအစဉ်နှင့် ပတ်သက်၍ အသိပေးကြေညာချက်

Blossom Future (ပွင့်သစ်ဝေ) ၏ အခြေခံစားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်ကာ ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလအထိ (၄) နှစ်တာ ကာလအတွင်း အဆက်မပြတ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

သို့သော် ၂၀၂၆ ခုနှစ် ၊ မတ်လ တွင် အလှူရှင်ဘတ်ဂျတ်ဆိုင်ရာ အခက်အခဲများကြောင့်

• လူဟောင်း ဆရာ/ဆရာမများအတွက် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီ(၁)လစာ

• လူသစ် ဆရာ/ဆရာမများအတွက် ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီ(၁) လစာ အထိသာ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယာယီရပ်နားထားခဲ့ရပါသည်။

ယခုအခါ ၂၀၂၆ ခုနှစ် ၊ ဧပြီလမှ စ၍ အလှူရှင်ဘတ်ဂျတ် ပြန်လည်ရရှိလာသဖြင့် အခြေခံစားနပ်ရိက္ခာအစီအစဉ်ကို ပြန်လည်စတင် ဆောင် ရွက်လျက်ရှိပါသည်။

ရိက္ခာမျှဝေခြင်းအစီအစဉ်သည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုနှင့် ဆက်သွယ်လာမှုအပေါ် မူတည်၍ ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် ရိက္ခာမျှဝေမည့် ကာလအား ကြိုတင်အတိအကျ သတ်မှတ်၍ မရနိုင်ပါ။

အလှူရှင်ဘက်မှ ဆက်သွယ်လာသည်နှင့်အမျှ ယခင်အစီအစဉ်အတိုင်း —

၁။ ရိက္ခာမျှဝေမည့်နေ့မတိုင်မီ (၃) ရက်အလိုတွင် Blossom Future (ပွင့်သစ်ဝေ) Facebook Page မှတစ်ဆင့် တရားဝင် ကြေညာပေးမည်ဖြစ်ပါသည်။

၂။ ရိက္ခာလက်ခံရရှိမည့် စာရင်းတွင် ပါဝင်သူများအား တစ်ဦးချင်းစီ၏ Signal မှတစ်ဆင့်

• ရိက္ခာထုတ်ယူရမည့် ရက်စွဲ

• နေရာ

• အချိန်

• လိုအပ်သော အချက်အလက်များကို အသေးစိတ်ပေးပို့အသိပေးသွားမည်ဖြစ်ပါသည်။

ထို့ကြောင့် ရိက္ခာဖြန့်ဝေမှုနှင့်ပတ်သက်၍ တရားဝင်ကြေညာချက်များကိုသာ စောင့်ကြည့်ပေးကြပါရန်နှင့် Blossom Future Facebook Page နှင့် Signal အသိပေးချက်များကို ဦးစားပေး ဖတ်ရှု့စစ်ဆေးပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ရရှိနိုင်သည့် အရင်းအမြစ်များအပေါ်မူတည်၍ ဆက်လက်ကူညီပံ့ပိုးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!