𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ)၏ မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ “အခမဲ့ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၂၁)၊ သင်တန်းဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့၊ နေ့လည် (၁၁)နာရီ အချိန်တွင် မဲဆောက်မြို့ရှိ 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ)၏ ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၇)ဦး၊ အမျိုးသား သင်တန်းသား (၃)ဦးစုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။
ပထမဦးစွာ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)၏ မှ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကားအဖြစ် ယခုလို သင်တန်းကို လာ၍တက်ရောက်ကြတာ ဝမ်းသာဂုဏ်ယူကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်ကို ရောက်လာကြပေမယ့် ကိုယ့်ဘဝကို ရပ်တည်နိုင်ဖို့ အရေးကြီးကြောင်း၊ ဒါကြောင့် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)ကနေ ရပ်တည်ရေးအတွက်လိုအပ်တဲ့ သင်တန်းတွေဖွင့်လှစ်ပေးထားတာဖြစ်ကြောင်း၊ ကြိုးစားသင်ယူကြဖို့လိုအပ်ကြောင်း၊ အသိုင်းအဝိုင်းကို ချဲ့ထွင်ကြဖို့လည်း လိုအပ်ကြောင်း၊ မြန်မာလူထုသည် နိုင်ငံတကာတွင် အသိုင်းအဝိုင်း အလွန်နည်းပါကြောင်း၊ အသိုင်းအဝိုင်းကျယ်ပြန့်မှသာလျှင် အခွင့်အလမ်းများစွာ ကျယ်ပြန့်လာပြီး တိုးတက်ရာ တိုးတက်ကြောင်းတွေ ပိုမိုဆောင်ရွက်လာနိုင်ကြမည်ဖြစ်ကြောင်း ပြောဆိုမှာကြားခဲ့ပါသည်။
ထို့နောက် Field Coordinator မသိင်္ဂီမှ လည်း ယခုလို သင်တန်းကို စိတ်အားထက်သန်စွာ လာတက် ရောက်ပေးကြတာ ကျေးဇူးတင်ကြောင်း၊ သင်တန်းကို မပျက်မကွက် တက်ရောက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်းနှင့် အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါက Safe House တာဝန်ခံထံဖြစ်စေ၊ သင်တန်း တာဝန်ခံထံဖြစ်စေ ပြောကြားနိုင်ကြောင်း၊ အကြံပြုစာများ၊ တိုင်ကြားလိုသည့်စာများကို ပြုလုပ်နိုင်သည့် နည်းလမ်းများကို ရှင်းပြပြီး လွတ်လပ်စွာ အကြံပြုနိုင်ကြောင်း၊ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)မှ ယခုကဲ့သို့ ကွန်ပျူတာ သင်တန်းအပြင် အခြားသော ဝန်ဆောင်မှုပေးနေသော Program များတွင်လည်း ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ကြောင်း၊ အလုပ်အကိုင်နှင့်ပတ်သက်ပြီး အလုပ်အကိုင်ချိတ်ဆက်ပေးရေး တာဝန်ခံထံ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)၏ မှ Safe House Manager မဇွန်ပွင့်မှ ယခုလို ကွန်ပျူတာသင်တန်းကို လာရောက်တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်းနှင့်၊ သင်တန်းကို မပျက်မကွက် တက်ရောက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်းနှင့် အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါက Safe House တာဝန်ခံထံဖြစ်စေ၊ သင်တန်းတာဝန်ခံထံဖြစ်စေ ပြောကြားနိုင်ကြောင်း၊ အကြံပြုစာများ၊ တိုင်ကြားလိုသည့်စာများကို ပြုလုပ်နိုင်သည့်နည်းလမ်းများကို ရှင်းပြပြီး လွတ်လပ်စွာ အကြံပြုနိုင်ကြောင်း၊ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)၏ မှ ယခုကဲ့သို့ ကွန်ပျူတာ သင်တန်းအပြင် အခြားသော ဝန်ဆောင်မှုများလည်း ရှိသည့်အတွက် မည်သူမဆို ဆက်သွယ် ရယူနိုင်သည့်အကြောင်း ရှင်းပြ ပြောဆိုခဲ့ပါသည်။
ထို့နောက် သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ရှာဖွေပေးမည့် တာဝန်ခံ ကိုJerry မှလည်း သင်တန်းတက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို ကြိုဆိုပါကြောင်း၊ ကိုယ့်ဘက်က Skill တွေဖြည့်ထားဖို့လိုအပ်ကြောင်း၊ Computer နှင့်ပါတ်သက်တဲ့ အလုပ်အကိုင်တွေကိုလည်း ကြိုးစားချိတ်ဆက်ရှာဖွေနေကြောင်း၊ သင်တန်း ကာလအတွင်း ဆရာမ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ မိသားစုဝင်များကဲ့သို့ အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်းပြီးဆုံးပါကလည်း အလုပ်အကိုင်များ ရရှိရန်အတွက်လည်း ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့ကို ပြောကြား ခဲ့ပါသည်။
သင်တန်းဆရာမမှလည်း သင်တန်းသူ/သားများ ယခုလို သင်ကြားခွင့် ရတဲ့အတွက် ဝမ်းသာကြိုဆိုသည့် အကြောင်း၊ Basic Level နှင့် လျော်ညီသည့် ပညာရပ်တွေကို စနစ်တကျ သင်ကြားပို့ချပေးသွားမှာ ဖြစ်ကြောင်း၊ အဖွဲ့အစည်းမှလည်း သင်ထောက်ကူပစ္စည်းများအပြင် အခြားသော အထောက်အပံ့များဖြင့် ပြည့်စုံအောင် စီစဉ်ပေးထားသည့် သင်တန်းဖြစ်တာကြောင့် လူကိုယ်တိုင် မပျက်မကွက်လာတက်ရောက်ပြီး စိတ်အားထက်သန်စွာနှင့် သင်ကြားလိုက်ရုံဖြင့် အားလုံးအတွက် အကျိုးရှိစေမည့် သင်တန်းတစ်ခု ဖြစ်သည့်အကြောင်း၊ သင်တန်းဆယ်ရက်ကို မပျက်မကွက် တက်ရောက်စေချင်ကြောင်းနှင့်၊ သင်တန်း ကာလတစ်လျှောက် ချစ်ခင်နွေးထွေးစွာနှင့် အတတ်ပညာတစ်ခုကို ပေါ့ပေါ့ပါးပါး သင်ယူဖြတ်သန်း သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ ကွန်ပျူတာ အခြေခံ သင်တန်း သင်တန်းဖွင့်ပွဲ အပတ်စဉ်(၂၁) အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

