𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်း အစီအစဉ်

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ တိမ်းရှောင် ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန် ယာယီနေရာ ထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။

𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) ၏ ယာယီ နေရာထိုင်ခင်းများတွင်

⭐ အမျိုးသမီးသီးသန့်

⭐ အမျိုးသားသီးသန့် နှင့်

⭐ မိသားစု စသဖြင့်

ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများ အနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများ ရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။

ယာယီနေရာထိုင်ခင်း တွင် ကူညီပေးနိုင်သော နေထိုင်ခွင့် အနည်းဆုံး ကာလမှာ (၃) လ ဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ၊ လျှပ်စစ် မီတာခ နှင့် 𝗪𝗶𝗳𝗶 ကုန်ကျစရိတ်များအား 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) မှ ပေးဆောင်ပေးမည် ဖြစ်ပါသည်။

ယာယီနေရာထိုင်ခင်း တွင်နေထိုင်စဉ် ကာလအတွင်း

🌟 စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာများ၊

🌟 မီးဖိုချောင်သုံးပစ္စည်းများ၊

🌟 လစဉ်အိမ်အသုံးအဆောင် ပစ္စည်းများ၊ အိမ်တွင်း ပရိဘောဂများ ဖြစ်သော ရေခဲသေတ္တာ ၊ပန်ကာ၊ စားပွဲ ၊ ကုလားထိုင်အစရှိသည်များ ပံပိုးကူညီပေးထားသည့်အပြင် သွားလာရေးအတွက်

🌟 စက်ဘီး

🌟 ဆိုင်ကယ်

🌟 ကားများကို လိုအပ်သလို အသုံးပြုခွင့် နှင့် လိုက်လံပို့ဆောင် ပေးလျက် ရှိပါသည်။

ထို့အပြင် ယာယီနေရာထိုင်ခင်းများ တွင်နေထိုင်သောမိသားစုများအတွက်

အရေးပေါ် စားနပ်ရိက္ခာ နှင့် အခြေခံ စားနပ်ရိက္ခာ များအား လစဉ်ထောက်ပံ့ကူညီခြင်း၊ (မိမိကိုယ်တိုင်လျောက်ထားရပါမည်။)

အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှုများလုပ်ဆောင်ပေးခြင်း၊

အသိပညာအတွက် စာကြည့်တိုက်ဖွင့်လှစ်ပေးထားခြင်း

ကလေးငယ်များအတွက် ကစားကွင်းပြုလုပ်ပေးထားသည့် အပြင် သင်တန်းများ ဖြစ်သော

📌ထိုင်းစာသင်တန်း၊

📌 အခြေခံကွန်ပျူတာသင်တန်း၊

📌 Canva Pro သင်တန်း၊

📌 Digital Security သင်တန်း၊

📌 လူ့အခွင့်အရေးသင်တန်း၊

📌 စိတ်ခွန်အားမြှင့်တင်ရေး သင်တန်း၊

📌 ကျန်းမာရေးအသိပညာပေးသင်တန်း၊

📌 ထိုင်းအလုပ်သမားဥပဒေများ နှင့် ထိုင်းယဉ်ကျေးမှု သင်တန်း

📌 အခြေခံမော်တာစက်ချုပ်သင်တန်းနှင့်

📌 စိုက်ပျိုးရေးသင်တန်းများကိုလည်း လစဉ် အခမဲ့ သင်ကြားပေး နေပါသည်။

📍 အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ချိတ်ဆက်ကူညီရှာဖွေ ပေးလျှက်ရှိပါသည်။

📍 ကျောင်းနေအရွယ် ကလေးများအား ကျောင်းအပ်နှံ ပေးခြင်း/သင့်တော်သော ကျောင်းများရှာပေးခြင်း များကိုလည်း ကူညီလုပ်ဆောင်ပေးလျှက် ရှိပါသည်။ (ကျောင်းစရိတ်အား မိမိတို့ဘာသာ ပေးဆောင်ရမည်။)

ယာယီနေရာထိုင်ခင်းများ တွင်နေထိုင်သူ တစ်ဦးချင်း၏ လိုအပ်ချက်များ ကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည် ဖြစ်ပါသည်။ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်းများတွင် နေထိုင်ခွင့်အတွက် လျှောက်ထားသူ များအနက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အား ဦးစားပေးမည် ဖြစ်ပြီး ပြည်တွင်းမှ စစ်မှုထမ်း ရှောင်လာကြသူများ၊ စစ်ရှောင်ပုဂ္ဂိုလ်များအားလည်း ထည့်သွင်း စဉ်းစားပေးမည်ဖြစ်ပါသည်။

လျှောက်ထားသူများသည် အရက်သေစာ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတစွာ နေနိုင်သူ ဖြစ်ရပါမည်။ အထက်ပါအချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်း လျှောက်ထားခြင်း ဆိုင်ရာဖုန်း၏ 𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် +𝟲𝟲𝟵𝟰𝟳𝟴𝟰𝟭𝟵𝟲𝟳 သို့ တနင်္လာမှ သောကြာနေ့ များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

#𝗕𝗹𝗼𝘀𝘀𝗼𝗺𝗙𝘂𝘁𝘂𝗿𝗲

#ပွင့်သစ်ဝေ

𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿

+𝟲𝟲𝟵𝟰𝟳𝟴𝟰𝟭𝟵𝟲𝟳

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!