ရာထူး။ လူ့အခွင့်အရေးစီမံကိန်းအရာရှိ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿)
လျှောက်လွှာလက်ခံမည့်ကာလ။ ၃ ရက်၊ ဧပြီလ ၂၀၂၆ မှ ၁၀ ရက်၊ ဧပြီလ ၂၀၂၆ အထိ။
ခန့်အပ်ထားမည့်နေရာ။ မဲဆောက်
အလုပ်စတင်မည့်ရက်။ As soon as possible
အစမ်းခန့်ကာလ။ (၃) လ
အစမ်းခန့်လစာ။ ၁၁,၀၀၀ ဘတ်
ပုံမှန်လစာ။ ၁၃,၀၀၀ ဘတ်
အစီရင်ခံရမည့်သူ။ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲)
ခန့်အပ်မည့်ဦးရေ။ (၁) ဦး
စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။
ပွင့်သစ်ဝေ (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ၅ နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လူ့အခွင့်အရေးစီမံကိန်းအရာရှိ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။
လုပ်ဆောင်ရမည့်တာဝန်များ
—————————-
● မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီ နှင့် စစ်လက်နက်/စစ်သုံးပစ္စည်းတင်ပို့ရောင်းချခြင်း နှင့် ငွေကြေးထောက်ပံ့ ကူညီခြင်း ကွင်းဆက်တွင် ပါဝင်ပတ်သတ်နေသည့် ဒေသတွင်း နှင့် နိုင်ငံတကာမှ လူပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ အဖွဲ့အစည်းများ နှင့် အစိုးရများ၏ အချက်အလက်များကို စုဆောင်းခြင်း နှင့် မှတ်တမ်းတင်ခြင်း
● လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများအား စောင့်ကြည့် လေ့လာခြင်း၊ သုံးသပ်ခြင်း၊ Monthly Fact Sheet နှင့် အစီရင်ခံစာများထုတ်ပြန်ခြင်း နှင့် သက်ဆိုင်ရာ Stakeholders များထံ မျှဝေခြင်း
● လူ့အခွင့်အရေးစီမံကိန်းနှင့် ဆက်စပ်ဆောင်ရွက်ရမည့် Stakeholders များအား mapping ပြုလုပ်ပြီး မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ခြင်း လုပ်ငန်းများအတွက် စီမံကိန်းတာဝန်ခံကို ပံ့ပိုးကူညီခြင်း
● UN agencies၊ INGOs များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရှိ လူ့အခွင့်အရေးလုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်၍ information sharing နှင့် joint advocacy လုပ်ငန်းများ တိုးမြှင့်ခြင်းအတွက် စီမံကိန်းတာဝန်ခံကို ပံ့ပိုးကူညီခြင်း
● စီမံကိန်းပါ လုပ်ငန်းများနှင့် သက်ဆိုင်သော မှတ်တမ်းမှတ်ရာများ၊ စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းခြင်း နှင့် အချိန်မှန် update ပြုလုပ်ရမည်။
● စီမံကိန်းလှုပ်ရှားမှုတစ်ခုချင်းစီအလိုက် ငွေလွှဲပြောင်းမှုများအား စနစ်တကျ စုစည်းကာ မှတ်တမ်း တင်ထားရမည်။
● ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ စီမံကိန်းမိတ်ဆက်တွေ့ဆုံခြင်း နှင့် ဆွေးနွေးခြင်း လုပ်ငန်းများတွင် စီမံကိန်းတာဝန်ခံနှင့်အတူ ပူးပေါင်းကူညီလုပ်ဆောင်ရမည်။
● စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်လျှင် ပြင်ဆင်မှုများ၊ စီမံကိန်းအဖွဲ့ဝင်များနှင့်အတူ လုပ်ငန်းအစီအစဉ်ရေးဆွဲမှုများတွင် စီမံကိန်းတာဝန်ခံနှင့်အတူ ပူးပေါင်းကူညီလုပ်ဆောင်ရမည်။
● HR Documentation Annual Report Launching Event စီစဉ်မှုများ၌ စီမံကိန်းတာဝန်ခံနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း
● စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သော လုပ်ငန်းများအားလုံးကို ကူညီပံ့ပိုးလုပ်ဆောင်ရမည်။
အတွေ့အကြုံလိုအပ်ချက်
● လူ့အခွင့်အရေးဆိုင်ရာစည်းရုံးလှုံ့ဆော်ခြင်း (Advocay) နှင့် မိတ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Networking) လုပ်ငန်းနယ်ပယ်များတွင် အတွေ့အကြုံရှိသူ
● လူ့အခွင့်အရေးလုပ်ငန်းစဉ်များအနက် လူ့အခွင့်အရေးအသိပညာပေးခြင်း (Education)၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်း (Documentation) နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအား အကာအကွယ်ပေးခြင်း (Protection) လုပ်ငန်းနယ်ပယ်များတွင် အတွေ့အကြုံရှိသူ
● အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုခုတွင် စီမံကိန်းအရာရှိ Program Officer အဖြစ် လုပ်ကိုင်ဖူးသူ
● International Human Rights Principles and Mechanisms အကြောင်းအရာများကို သိရှိနားလည်ပြီး၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနောက်ခံ သမိုင်းကြောင်းများ/ ဖြစ်စဥ်များနှင့်ပတ်သတ်သော ဗဟုသုတရှိသူ
● အရပ်ဘက်အဖွဲ့အစည်းများ၊ Volunteers များနှင့် လက်တွဲလုပ်ကိုင်ဖူးသူ
● Project Proposal နှင့် Report များ ရေးသားတင်သွင်းဖူးသည့် အတွေ့အကြုံရှိသူ
လိုအပ်သောကျွမ်းကျင်မှုများ
—————————
● လူ့အခွင့်အရေးနှင့်သက်ဆိုင်သော ဘွဲ့တစ်ခုခု (သို့) အခြားသော ဘွဲ့တစ်ခုခုရရှိထားသူ
● Microsoft Office (Word, Excel, PowerPoint) ကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ
● Email နှင့် online communication tools (Zoom, Microsoft Teams စသည်) များကို ထိရောက်စွာ အသုံးပြုနိုင်သူ
● Social media platforms (Facebook, Signal, Telegram, etc.,) များကို ကောင်းစွာအသုံးပြုနိုင်သူ
● Interpersonal, Intercultural, Networking နှင့် Communication Skills များ ကောင်းမွန်သူ
● English နှင့် မြန်မာဘာသာ နှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်သူ
● အကြမ်းဖက်မှု (Violence) ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
လျှောက်လွှာတင်ရန်
——————–
● Cover letter နှင့် CV form ကို Email: contact@blossomfuture.org သို့ ပေးပို့ပါရန်။
● CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ် အတွေ့အကြုံ၊ လက်တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရန် email ၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ထည့်သွင်းပေးပို့ပေးရန်။
အသေးစိတ်မေးမြန်းလိုပါက
𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 –
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹: 𝗰𝗼𝗻𝘁𝗮𝗰𝘁@𝗯𝗹𝗼𝘀𝘀𝗼𝗺𝗳𝘂𝘁𝘂𝗿𝗲.𝗼𝗿𝗴
𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲-𝗕𝗙

