ရာထူး။ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်အရာရှိ (𝗗𝗼𝗰𝘂𝗺𝗲𝗻𝘁𝗮𝘁𝗶𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲𝗿)
လျှောက်လွှာလက်ခံမည့်ကာလ။ ၃ ရက်၊ ဧပြီလ ၂၀၂၆ မှ ၁၀ ရက်၊ ဧပြီလ ၂၀၂၆ အထိ။
ခန့်အပ်ထားမည့်နေရာ။ မဲဆောက်
အလုပ်စတင်မည့်ရက်။ As soon as possible
အစမ်းခန့်ကာလ။ (၃) လ
အစမ်းခန့်လစာ။ ၁၅,၅၀၀ ဘတ်
ပုံမှန်လစာ။ ၁၇,၅၀၀ ဘတ်
အစီရင်ခံရမည့်သူ။ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲)
ခန့်အပ်မည့်ဦးရေ။ (၁) ဦး
စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။
ပွင့်သစ်ဝေ (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ၅ နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်အရာရှိ (𝗗𝗼𝗰𝘂𝗺𝗲𝗻𝘁𝗮𝘁𝗶𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။
လုပ်ဆောင်ရမည့်တာဝန်များ
—————————-
• Documentation Team တစ်ခုလုံးအား ဦးဆောင်ပြီး ပြည့်စုံကောင်းမွန်မှန်ကန်သော အချက်အလက်များ ပါရှိသည့် လူ့အခွင့်အရေး မှတ်တမ်းအစီရင်ခံစာများ ထွက်ရှိရန် အစီအစဉ်ရေးဆွဲခြင်း၊ မှတ်တမ်း အစီရင်ခံစာများရေးသားပြုစုခြင်းနှင့် အဖွဲ့ဝင် Online/Ground Data Collectors များအား သတင်းအချက် အလက်ကောက်ယူဖြည့်သွင်းခြင်းနည်းစနစ်များ သင်ကြားပြသခြင်းနှင့် အကြံပြုခြင်း၊
• Online/Ground Data Collectors များမှ ကောက်ယူဖြည့်သွင်းထားသော လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ သတင်းအချက်အလက်များကို စိစစ်ပြင်ဆင်ခြင်း၊ Data Collector များနှင့် လိုအပ်သလို ဆွေးနွေး ညှိနှိုင်းခြင်း၊ Guideline ချမှတ်ပေးခြင်း၊
• ကောက်ယူလာသောအချက်အလက်များအား စုစည်းပြီး ပြည့်စုံသော လူ့အခွင့်အရေးမှတ်တမ်း အစီရင် ခံစာများအား သတ်မှတ်ထားသောရက်၌ မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ထုတ်ပြန်ခြင်း (သတ်မှတ်ထား သော အစီရင်ခံစာများမှာ လစဉ်အစီရင်ခံစာ၊ လူ့အခွင့်အရေး ကဏ္ဍခွဲအလိုက်စောင့်ကြည့်လေ့လာ ပြုစုရေးသားသည့်အစီရင်ခံစာ (thematic report) နှင့် နှစ်ပတ်လည် အစီရင်ခံစာတို့ဖြစ်သည်။)
• လူအခွင့်အရေးချိုးဖောက်မှုများအား စောင့်ကြည့်မှတ်တမ်းတင်နေသော ပြည်ပအဖွဲ့အစည်းများမှ ဖော်ပြ ထားသော အချက်အလက်များအားလည်း လိုအပ်ပါက စုစည်းဘာသာပြန်ပြီး လူ့အခွင့်အရေး မှတ်တမ်း အစီရင်ခံစာတွင် ထည့်သွင်းခြင်း၊
• လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က လုပ်ဆောင်နေသောလုပ်ငန်းများအား ရန်ပုံငွေထောက်ပံ့သည့် အဖွဲ့ အစည်းများ၊ ပြည်ပ အဖွဲ့အစည်းများနှင့်တွေ့ဆုံသော အစည်းအဝေးများတွင်လည်းကောင်း၊ မှတ်တမ်း တင်ပြုစုထားသည့် အချက်အလက်နှင့် အစီအရင်ခံစာများကို လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ/ အစည်းအဝေးများတွင်လည်းကောင်း မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် တင်ပြဆွေးနွေးပြောဆိုခြင်း၊
• လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား လစဉ် သတ်မှတ်ထားသောရက်၌ Program Manager ထံတင်ပြခြင်း
• HR Documentation Annual Report Launching Event စီစဉ်မှုများ၌ စီမံကိန်းတာဝန်ခံနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း
• စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သော လုပ်ငန်းများအားလုံးကို ကူညီပံ့ပိုးလုပ်ဆောင်ရမည်။
အတွေ့အကြုံလိုအပ်ချက်
————————-
• လူ့အခွင့်အရေး (သို့မဟုတ်) ဆက်စပ်ဘာသာရပ်တစ်ခုခုတွင် ဘွဲ့ရရှိထားသူ
• လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတင်ခြင်း၊ သုတေသနလုပ်ငန်းများ သို့မဟုတ် အစီရင်ခံစာရေးသားခြင်းတွင် အနည်းဆုံး (၁) နှစ် အတွေ့အကြုံရှိသူ
• လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဒေတာများကို စိစစ်ခြင်း၊ တည်းဖြတ်ခြင်းနှင့် ထိန်းသိမ်းခြင်း အတွေ့အကြုံရှိသူ
• လစဉ်၊ သုံးလပတ်၊ ကဏ္ဍအလိုက်/အကြောင်းအရာအလိုက် (thematic) နှင့် နှစ်ပတ်လည် အစီရင်ခံစာများ ရေးသားနိုင်သူ
• မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများ၊ ပဋိပက္ခနှင့် ချိုးဖောက်မှုအမျိုးအစားများအပေါ် သိရှိနားလည်သူ
• CSOs/NGOs သို့မဟုတ် လူမှုအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသူ
• အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ (ရေး၊ ဖတ်၊ ပြော) ကျွမ်းကျင်သူ
• အရပ်ဘက်အဖွဲ့အစည်းများ၊ Volunteers များနှင့် လက်တွဲလုပ်ကိုင်ဖူးသူ
လိုအပ်သောကျွမ်းကျင်မှုများ
—————————-
• လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက်အလက်များကို စုစည်းခြင်း၊ စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ pattern နှင့် trend များ ဖော်ထုတ်နိုင်သော Analytical Skills ရှိသူ
• အစီရင်ခံစာများ (monthly, quarterly, thematic, annual) တို့ကို ကောင်းမွန်စွာ ရေးသားနိုင်သော Report Skills ရှိသူ
• Confidential အချက်အလက်များကို လုံခြုံစွာ ကိုင်တွယ်နိုင်ပြီး Data Protection Principles ကို နားလည်လိုက်နာနိုင်သူ
• Uwazi (သို့မဟုတ်) အခြား database system များ၊ data collection tools များ အသုံးပြုနိုင်သူ
• လူ့အခွင့်အရေး (သို့မဟုတ်) ဆက်စပ်ဘာသာရပ်တစ်ခုခုတွင် ဘွဲ့ရရှိထားသူ
• Microsoft Office (Word, Excel, PowerPoint) ကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ
• Email နှင့် online communication tools (Zoom, Microsoft Teams စသည်) များကို ထိရောက်စွာ အသုံးပြုနိုင်သူ
• Social media platforms (Facebook, Signal, Telegram, etc.,) များကို ကောင်းစွာအသုံးပြုနိုင်သူ
• Interpersonal, Intercultural, Networking နှင့် Communication Skills များ ကောင်းမွန်သူ
• English နှင့် မြန်မာဘာသာ နှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်သူ
• အကြမ်းဖက်မှု (Violence) ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
လျှောက်လွှာတင်ရန်
———————
• Cover letter နှင့် CV form ကို Email: contact@blossomfuture.org သို့ ပေးပို့ပါရန်။
• CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ် အတွေ့အကြုံ၊ လက်တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရန် email ၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ထည့်သွင်းပေးပို့ပေးရန်။

