ရာထူး။ သတင်းအချက်အလက်ဆိုင်ရာအရာရှိ (𝗗𝗮𝘁𝗮 𝗢𝗳𝗳𝗶𝗰𝗲𝗿)
လျှောက်လွှာလက်ခံမည့်ကာလ။ ၃ ရက်၊ ဧပြီလ ၂၀၂၆ မှ ၁၀ ရက်၊ ဧပြီလ ၂၀၂၆ အထိ။
ခန့်အပ်ထားမည့်နေရာ။ မဲဆောက်၊ ထိုင်းနိုင်ငံ။
အလုပ်စတင်မည့်ရက်။ As soon as possible
အစမ်းခန့်ကာလ။ (၃) လ
အစမ်းခန့်လစာ။ ၁၀,၀၀၀ ဘတ်
ပုံမှန်လစာ။ ၁၂,၀၀၀ ဘတ်
အစီရင်ခံရမည့်သူ။ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿, 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲
ခန့်အပ်မည့်ဦးရေ။ (၁) ဦး
စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။
ပွင့်သစ်ဝေ (Blossom Future) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ၅ နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (Human Rights Program) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ သတင်းအချက်အလက်ဆိုင်ရာအရာရှိ (Data Officer) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။
လုပ်ဆောင်ရမည့်တာဝန်များ
—————————-
• မြေပြင်ဖြစ်စဉ်သတင်းပေးပို့မှုများကို စောင့်ကြည့်ခြင်း၊ လက်ခံခြင်း နှင့် သတင်းဖြစ်စဉ်များ၏ အချက်အလက်တိကျမှု၊ သက်သေအထောက်အထားခိုင်မာမှုများ ရရှိစေရေး မြေပြင်သတင်းကောက်ယူသူများထံ follow up လိုက်ခြင်း၊
• ပေးပို့လာသော မြေပြင်သတင်းများကို စိစစ်ပြီး Uwazi Database System သို့ အချိန်မီ ပုံမှန် ဖြည့်သွင်းခြင်း၊
• မြေပြင်သတင်းများအလိုက် သက်သေအထောက်အထား၊ ဓာတ်ပုံမှတ်တမ်းများ၊ အသံဖိုင် (သို့) ဗီဒီယိုဖိုင်မှတ်တမ်းများကို လက်ခံစိစစ်၍ OneDrive တွင် သိမ်းဆည်းခြင်း၊
• မြေပြင်သတင်းကောက်ယူသူများနှင့် ပုံမှန်ပြောဆိုဆက်သွယ်ခြင်း၊ ၎င်းတို့၏ မြေပြင်အခြေအနေများ၊ သတင်းကောက်ယူခြင်းဆိုင်ရာ အခြေအနေများကို အပတ်စဉ် follow up လိုက်ခြင်း၊
• စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သော လုပ်ငန်းများအားလုံးတွင် ကူညီပံ့ပိုးလုပ်ဆောင်ရမည်။
• မြန်မာနိုင်ငံတဝှမ်း တွေ့ရှိရသော လူ့အခွင့်အရေးချိုးဖောက်မှုသတင်းအချက်အလက်များကို သတ်မှတ်ထားသော အွန်လိုင်းသတင်းမီဒီယာများမှတဆင့် စောင့်ကြည့်လေ့လာခြင်း (monitoring)၊ ရှာဖွေစုဆောင်းခြင်း (collecting) နှင့် နောက်ဆုံးရ သတင်းအချက်အလက်များကို follow up လိုက်ခြင်း၊
• စုဆောင်းရရှိလာသော လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များကို Uwazi Data Based System သို့ အချိန်မီ ပုံမှန် ဖြည့်သွင်းခြင်း၊
• လစဉ် (၅) ရက်နေ့တွင် Documentation Officer ထံ လအလိုက်သတင်းကောက်ယူမှုဆိုင်ရာ Monthly Report ပေးခြင်း
• ထူးခြားဖြစ်စဉ်သတင်းများ တွေ့ရှိပါက သက်ဆိုင်ရာဆက်သွယ်ရေးချန်နယ်မှတဆင့် လူ့အခွင့်အရေးစီမံကိန်း အဖွဲ့ဝင်များထံ အချိန်နှင့်တပြေးညီ ပေးပို့ခြင်း၊
• လိုအပ်ပါက Blossom Futue-Human Rights Program ၏ လှုပ်ရှားဆောင်ရွက်မှုများတွင် ပါ၀င်ကူညီပေးခြင်း။
အတွေ့အကြုံလိုအပ်ချက်
————————-
• လူ့အခွင့်အရေးချိုးဖောက်မှု သတင်းအချက်အလက်များကို အွန်လိုင်းသတင်းမီဒီယာများမှ ကောက်ယူဖူးသူ
• ဒေတာစီမံခန့်ခွဲမှု၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ monitoring & documentation လုပ်ငန်းများတွင် အနည်းဆုံး (၁) နှစ် အတွေ့အကြုံရှိသူ
• မြေပြင်မှ ပေးပို့လာသော သတင်းအချက်အလက်များကို စောင့်ကြည့်ခြင်း၊ လက်ခံခြင်းနှင့် သက်ဆိုင်ရာ မြေပြင် data collectors များနှင့် follow up လုပ်နိုင်သူ
• လူ့အခွင့်အရေးဆိုင်ရာ အခြေခံအသိပညာရှိသူဖြစ်ပြီး အဖွဲ့အစည်းတစ်ခုခုမှ ပေးအပ်သော လူ့အခွင့်အရေးချိုး ဖောက်မှု မှတ်တမ်းကောက်ယူခြင်းသင်တန်း ပြီးမြောက်အောင်မြင်ထားသူ ဦးစားပေးမည်။
• လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများအပေါ် နားလည်မှုရှိသူ
• Data entry နှင့် database systems: Uwazi သို့ အခြား tools များ အသုံးပြုဖူးသူများကို ဦးစားပေးပါမည်။
• အနည်းဆုံး ဘွဲ့တစ်ခုခု ရရှိသူ ဦးစားပေးပါမည်။
• CSOs/NGOs သို့မဟုတ် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသူ
• Microsoft Office (Word, Excel, PowerPoint) ကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ
• Email နှင့် online communication tools (Zoom, Microsoft Teams စသည်) များကို အသုံးပြုနိုင်သူ
• လူ့အခွင့်အရေးစီမံကိန်းမှ အခြားသောအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ
• အကြမ်းဖက်မှု (Violence) ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
လျှောက်လွှာတင်ရန်
• Cover letter နှင့် CV form ကို Email: contact@blossomfuture.org သို့ ပေးပို့ပါရန်။
• CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ် အတွေ့အကြုံ၊ လက်တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရန် email ၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ထည့်သွင်းပေးပို့ပေးရန်။
အသေးစိတ်မေးမြန်းလိုပါက
𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 –
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹: 𝗰𝗼𝗻𝘁𝗮𝗰𝘁@𝗯𝗹𝗼𝘀𝘀𝗼𝗺𝗳𝘂𝘁𝘂𝗿𝗲.𝗼𝗿𝗴
𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲-𝗕𝗙

