ဧပြီလ) အတွင်း ၂၀၂၆ မေ နှင့် ဇွန် (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။

Blossom Future (ပွင့်သစ်ဝေ) တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ –

မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်း သူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/ သမီး မရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန် လိုအပ်ပါသည်။

အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။

၁။ အရပ်သား CDM များ / မိသားစုဝင်များ

၃။ စစ်/ရဲ CDM များ / မိသားစုဝင်များ

၄။ လွှတ်တော်ကိုယ်စားလှယ်များ / မိသားစုဝင်များ

၅။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသည့် စစ်မှုထမ်းရှောင်မိသားစုဝင်များ

📌 ရိက္ခာလျှောက်ထားမှုတွင် မိသားစုဝင်ငွေ မရှိသေးသူများ ၊ ချို့တဲ့သူများအတွက် ရည်ရွယ်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုဝင်ငွေ ရှိပြီး မချို့တဲ့သူများ လျှောက်ထားရန် မလိုပါ။

📌 အလှူရှင်ဘက်မှ အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် လူဦးရေ ပြန်လည်လျော့ချပေးရသည့် အခြေအနေများ ကြုံတွေ့ရပါက ရိက္ခာလျှောက်ထားသူအားလုံးကို ရိက္ခာပေးနိုင်မည်ဟု အာမ မခံနိုင်ကြောင်း ကြိုတင်အသိပေး ကြော်ငြာအပ်ပါသည်။

📌 အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။

ရိက္ခာလျှောက်ထားရန် သတ်မှတ်ရက်များ

—————————————–

ယခု ဧပြီလ အတွင်း ရိက္ခာလျှောက်ထားရမည့် (ရက်)များ

𝟯-𝗔𝗽𝗿-𝟮𝟬𝟮𝟲 ( သောကြာ )

𝟱-𝗔𝗽𝗿-𝟮𝟬𝟮𝟲 (တနင်္ဂနွေ) ညနေ ၅ နာရီမှ ည ၇ နာရီ အတွင်း

𝟲-𝗔𝗽𝗿-𝟮𝟬𝟮𝟲 ( တနင်္လာ )

𝟳-𝗔𝗽𝗿-𝟮𝟬𝟮𝟲 ( အင်္ဂါ )

𝟴-𝗔𝗽𝗿-𝟮𝟬𝟮𝟲 ( ဗုဒ္ဓဟူး )

𝟵-𝗔𝗽𝗿-𝟮𝟬𝟮𝟲 ( ကြာသပတေး )

𝟭𝟬-𝗔𝗽𝗿-𝟮𝟬𝟮𝟲 ( သောကြာ )

ရိက္ခာရရှိမည့် (လ)များ 2026 မေ နှင့် ဇွန်(၂) လစာ အတွက်

မှတ်ချက် ။ ။ အလှူရှင်ဘက်မှ (၁)နှစ်စာ ဘတ်ဂျက်ကို ၂၀၂၆ ခုနှစ် ၊ မတ်လ နောက်ဆုံးထားပိတ်ရသဖြင့် ယခုရိက္ခာ ပြန်လည် မျှဝေမည့် အစီအစဉ်အသစ်အား ၂၀၂၆ ဧပြီမှ ပြန်လည် စတင်လုပ်ဆောင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၆ ဖေဖော်ဝါရီ ၊ မတ်လများ တွင် လျှောက်ထားသည့် လူဟောင်း – လူသစ် ဆရာ/ဆရာမများ၏ စာရင်းသည် ၂၀၂၆ ဧပြီ မှ စတင် အကျုံးဝင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

လူဟောင်း ဆရာ/ဆရာမများအတွက်

၂၀၂၅ – ဇန်နဝါရီလ မှ၂၀၂၆ – မတ်လ အထိ ရိက္ခာဖောင်လျှောက်ထားသူ ဆရာ/ဆရာမ (လူဟောင်းများ) ရိက္ခာဖောင် (Google Form) ဖြည့် သွင်း၍ ပြန်လျှောက်ရန် မလိုအပ်သေးပါ။

လူသစ်လျှောက်မည့် ဆရာ/ဆရာမများအတွက်

လူသစ်များအနေဖြင့် ရုံးဖုန်းဖြစ်သော အောက်ဖော်ပြပါဖုန်းသို့ တိုက်ရိုက်ဆက်သွယ်၍ လျှောက်ထားရန်လိုအပ်ပါကြောင်း နှင့် လူဟောင်း ဆရာ / ဆရာမများ၏ မိသားစုဝင်များ ထပ်တိုးရှိလာပါက ထိုသူများလည်း လူသစ်အနေဖြင့် လျှောက်ထားရန်လိုအပ်ပါကြောင်း အသိပေး အပ်ပါတယ်ရှင့် ။

ရိက္ခာလျှောက်ထားမှုပုံစံ

ရိက္ခာလျှောက်ရန် ရုံးဖုန်း 0660273746 သို့ ကြေငြာချက်ပါ သတ်မှတ်ထားသည့် ရက်များတွင် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီ အတွင်းနှင့် 5-Apr-2026 (တနင်္ဂနွေ) ညနေ ၅ နာရီမှ ည ၇ နာရီ အတွင်း လူသစ်များ အနေဖြင့် တိုက်ရိုက် ဖုန်းဆက်၍ လျှောက်ထားရမည် ဖြစ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

𝗛𝗮𝘆 𝗠𝗮𝗿

𝗕𝗮𝘀𝗶𝗰 𝗙𝗼𝗼𝗱 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿

𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)

𝗣𝗵𝗼𝗻𝗲: 𝟬𝟲𝟱𝟵𝟮𝟱𝟮𝟭𝟳𝟯

𝗦𝗶𝗴𝗻𝗮𝗹: +𝟲𝟲 𝟲𝟱𝟵 𝟮𝟱𝟮 𝟭𝟳𝟯

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!