မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့်၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။
အလှူရှင်၏ ပံ့ပိုးအကူအညီဖြင့် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) အဖွဲ့မှ ပုံမှန်လစဉ် အခြေခံစားနပ်ရိက္ခာ အကူအညီများကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အထိ (၄) နှစ်တာကာလအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။
ထိုကာလအတွင်း ၂၀၂၁ ခုနှစ် နောက်ပိုင်း မဲဆောက်ဒေသသို့ ရောက်ရှိလာသည့် ဒီမိုကရေစီ အင်အားစုများအတွင်းမှ မိသားစု ဝင်ငွေ မရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) နှစ်အထက် ကျောထောက် နောက်ခံ မရှိသော ပုဂ္ဂိုလ်များ စုစုပေါင်း လူဦးရေ (၄၄,၀၀၀) ခန့်အား ကူညီပံ့ပိုး ပေးနိုင်ခဲ့ပါသည်။
သို့ရာတွင် လက်ရှိအခြေအနေတွင် အလှူရှင်ဘက်မှ ဘတ်ဂျက်အခက်အခဲများကြောင့် ပံ့ပိုးကူညီမှုများကို ခေတ္တ ယာယီ ရပ်နားထားရပါသဖြင့် (ပုံမှန်) အခြေခံစားနပ်ရိက္ခာ လျှောက်ထားခြင်းများကိုလည်း ခေတ္တယာယီ ရပ်နားထား မည်ဖြစ်ပါကြောင်း ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။
ထို့အပြင် ၂၀၂၆ ခုနှစ် မတ်လအတွင်း လျှောက်ထားခဲ့ကြသော လျှောက်လွှာများအတွက်လည်း အထက်ဖော်ပြပါ အကြောင်းပြချက်များကြောင့် (ပုံမှန်) အခြေခံစားနပ်ရိက္ခာ အကူအညီ လုပ်ငန်းစဉ်အား ခေတ္တယာယီ ရပ်နားထား ပါကြောင်း အသိပေးအပ်ပါသည်။
အလှူရှင်များမှ (ပုံမှန်) အခြေခံစားနပ်ရိက္ခာ အကူအညီများ ပြန်လည် ပံ့ပိုးနိုင်ပါက ကြေညာချက် ထပ်မံ ထုတ်ပြန်ပြီး ယခင်ကဲ့သို့ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
𝗛𝗮𝘆 𝗠𝗮𝗿
𝗕𝗮𝘀𝗶𝗰 𝗙𝗼𝗼𝗱 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿
𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)
𝗣𝗵, 𝗦𝗶𝗴𝗻𝗮𝗹: +𝟲𝟲 𝟲𝟱𝟵𝟮𝟱𝟮𝟭𝟳𝟯
𝗘𝗺𝗮𝗶𝗹: 𝗯𝗮𝘀𝗶𝗰𝗳𝗼𝗼𝗱@𝗯𝗹𝗼𝘀𝘀𝗼𝗺𝗳𝘂𝘁𝘂𝗿𝗲.𝗼𝗿𝗴
