New Myanmar Foundation မှစီစဥ်သော Spring Bridge Online School ကို 6 . 6 . 2022 ရက်နေ့မှစတင်၍ Grade 1 မှ Grade 11 အထိ သင်ရိုးသစ်အတန်းစုံကို သင်ကြားရေးအတွေ့အကြုံရင့် အသင်အပြကောင်းမွန်သော စေတနာရှင် ဆရာ/မ ၄၀ကျော်က တာဝန်ယူသင်ကြားလျက်ရှိပါသည်။
အွန်လိုင်းသင်ကြားရေး အဆင်ပြေစေရန်နှင့် ကျောင်းသားကျောင်းသူများဘက်မှ ပညာသင်ယူမှု လွယ်ကူချောမွေ့ စေရန်အတွက် Spring Bridge Online School မှ ကိုယ်ပိုင် Zoom Link များဝယ်ယူ၍ Admin &IT Support Team မှ ထောက်ပံကူညီပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံအရပ်ရပ်မှ ပြည်ထောင်စုသား ရင်သွေးငယ် ၅၀၀ ကျော် စတင်ပညာသင်ယူနေကြပြီး၊ မိဘများ၏မေတ္တာရပ်ခံမှုကြောင့် ကျောင်းအပ်နှံမှုကို ဇွန်လကုန်အထိ တိုးမြှင့်လက်ခံပေးနေကြောင်း သတင်းထုတ်ပြန်ထားပါသည်။
ကျောင်းသားမိဘများထံမှ တစ်နှစ်ပတ်လုံး မည်သည့်ငွေကြေးတစ်စုံတစ်ရာကိုမျှ ကောက်ခံခြင်း မပြုဘဲ မြန်မာနိုင်ငံသားအလှူရှင်များ၏ စုပေါင်းထည့်ဝင်မှုနှင့် စေတနာရှင် ဆရာဆရာမများ၏ ပညာဒါနအလှူတို့ဖြင့် ပေါင်းစပ်ကာ သင်ရိုးအစအဆုံးကို ဖွံ့ဖြိုးရေးဘာသာရပ်များပါမကျန် အကုန်အစင် တတ်မြောက်အောင် တာဝန်ယူသင်ကြားပေးသွားမည် ဖြစ်ပါသည်။
ကျောင်းသား /သူ အဖြစ် လျှောက်ထားရန် အောက်ပါဖောင်ကို ဖြည့်ပေးပါ။
အီးမေးလ်လိပ်စာကို မှန်အောင် ဖြည့်ပေးကြဖို့ ပန်ကြားအပ်ပါတယ်။ ဖောင်ဖြည့်ခြင်း အောင်မြင်ပါက သင်ထည့်သွင်းလိုက်သည့် အီးမေးလ်သို့ သင်ဖြည့်သွင်းလိုက်သည့် အချက်အလက်များကို copy email အလိုအလျောက် ပို့ပေးပါလိမ့်မယ်။ ထိုအီးမေးလ်ရပါက ဖောင်ဖြည့်ခြင်း အောင်မြင်ပါတယ်။
အစီအစဥ်နှင့် ပက်သတ်၍ မေးမြန်းလိုသည်များရှိပါက
Spring Bridge School
Admin Team
Ph & Signal: +66618704910
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Dr. Bio
Project Director
Tel: +66 9 289 64458
doctorbio.mm@gmail.com
https://forms.gle/dMkbg8DdLcSu9oP26
