အမျိုးသား၊ အမျိုးသမီးဆံပင်အလှပြုပြင်ရေးသင်တန်းအပတ်စဉ် (၂)ထုတ်ပြန်ချက်

New Myanmar Foundation မှ စီစဉ်ဆောင်ရွက်သော အမျိုးသမီး၊ အမျိုးသားဆံပင်အလှပြုပြင်ရေး သင်တန်းအပတ်စဉ် (၂) ကို မဲဆောက်မြို့၌ ၁၀-၁၀-၂၀၂၂ ရက်နေ့ (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ပထမဦးစွာ သင်တန်းဖွင့်ပွဲတွင် New Myanmar Foundation၏ Executive Director ဒေါက်တာ စန်းအောင်မှ သင်တန်းဖွင့်ပေးရသည့် ရည်ရွယ်ချက်နှင့် သင်တန်းသား/သူ များအား ရှေ့ဆက်ကူညီပံ့ပိုးသွားမည့်ကိစ္စများကို ဦးစွာ ရှင်းလင်းပြောကြားခဲ့ပြီး
– ပညာရပ်ကို ကြိုးကြိုးစားသင်ယူလေ့လာကြရန်၊
– သင်တန်းကိုပြီးဆုံးအောင်တက်ရန်၊
– သင်တန်းသား/သူ အချင်းချင်း ကူညီရိုင်းပင်းကြရန်၊
– အသိုက်အဝန်းနှင့် လူမှုကွန်ယက်များ ဖြန့်ကျက်ကြရန်၊
– မိမိခြေထောက်ပေါ် မိမိရပ်နိုင်သည်အထိ ကြိုးပမ်းကြရန်၊
– အန္တိမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်ဖယ်ရှားရေးကိုလည်း မမေ့မလျော့ အစဉ်တစိုက်ကြိုးပမ်းကြရန်တို့ကို မှာကြားတိုက်တွန်းခဲ့ပါသည်။
သင်တန်းသူ/သင်တန်းများမှလည်း တစ်ဦးချင်း မိတ်ဆက်စကားများပြောကြားခဲ့ကြပြီးနောက် သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ယခုအခါ အမျိုးသမီးဆံပင်အလှပြုပြင်ရေးသင်တန်းတွင် မဲဆောက်ရောက် ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူမြန်မာအမျိုးသမီး(၁၀)ဦးကိုလည်းကောင်း၊ အမျိုးသားဆံပင်ညှပ်သင်တန်းတွင် မဲဆောက်ရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာအမျိုးသား(၁၀)ဦးကိုလည်းကောင်း လက်ခံသင်ကြားပေးလျက်ရှိပါ သည်။
သင်တန်းကာလမှာ(၁)လတိတိ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းအောင်မြင်ပြီးမြောက် သူများကို အလုပ်အကိုင်ရှာဖွေရေးနှင့်ပါတ်သက်၍ NMF မှ ဆက်လက်ကူညီသွားမည်ဖြစ်ပါသည်။

လေးစားစွာဖြင့်
Dr. Sann Aung
Executive Director
New Myanmar Foundation

အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ ပုဂ္ဂိုလ်ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ငွေရည်လွင် Ph: 0947841967, Signal +66947841967, Email: nmfjobrescue@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!