အခြေခံမော်တာနင်းစက်ချုပ်သင်တန်း အပါတ်စဥ် ( ၂၃ ) သင်တန်းသားများခေါ်ယူခြင်း

သို့

ခေါင်းဆောင်များ၊ မိတ်ဆွေများရှင်

မဲဆောက်မြို့တွင်ရောက်ရှိနေသော ဒီမိုကရေစီအင်အားစုများနှင့် အထူးသဖြင့် မြန်မာပြည်သူ အမျိုးသမီးများအတွက် (၁၀)ရက်ကြာ စရိတ်ငြိမ်း မော်တာနင်းစက်ချုပ်သင်တန်းကို (၁၅-၁၁-၂၀၂၂) မှစတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် သင်တန်းမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်ပါက အောက်ပါ Google Form

https://forms.gle/EPM1XoKp6jqp6hTP6

ကိုဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါသည်။

စည်းကမ်းချက်များ –

၁။ သင်တန်းကာလ (၁၀) ရက်အတွင်းသင်တန်းကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေထိုင်ရမည်။

၂။ သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ ထိဖြစ်ပါသည်။

၃။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

၄။ သင်တန်းသားများ တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးပျူငှာစွာ ဆက်ဆံရမည်။ သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီးနှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊ နှုတ်၊ အမူအရာဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းနှင့် ခိုက်ရန်ဖြစ်ပွားခြင်း မပြုလုပ်ရပါ။ကျူးလွန်ပါက သင်တန်းမှ ခြွင်းချက်မရှိ ထုတ်ပယ်ပါမည်။

၅။ သင်တန်းကာလအတွင်း ပြင်ပသို့ ထွက်ခွာခွင့် မပြုပါ။

၆။ သင်တန်းပြင်ပသို့ ထွက်ခွာလိုသည့်ကိစ္စ၊ အကြောင်းအရာရှိပါက သင်တန်းမှူးထံ ခွင့်ပြုချက် တောင်းခံရမည်။

၇။ သင်တန်းပြီးဆုံးအောင်ထိ သင်ယူရမည်။

၈။ သင်တန်းပြီးဆုံးပြီးနောက် အလုပ်ခွင်ဝင်ရောက်လိုသူ ဖြစ်ရမည်။

လေးစားစွာဖြင့်

Daw Khin Hla Htay

သင်တန်းတာဝန်ခံ

အသေးစိတ်သိရှိလိုသူများအနေဖြင့် အောက်ပါ နံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Ph: 0652841489(Thai), Signal+66652841489, Email: info@wlrcmyanmar.info

Women Lead Resource Center-WLRC အမျိုးသမီးဦးဆောင်ဖွံ့ဖြိုးမှုစင်တာ

Community Organization

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!