𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation  သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက်လျက်ရှိပါသည်။

NMF၏ Safe Houseများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe Houseများဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံ ခြုံစွာ နေနိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့်  အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅)ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု(၅)ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး မိသားစု(၅)ဦး မရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅)ဦး လာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။


Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်, ခြင်ထောင်, ခေါင်းအုံးများ၊ အိမ်တွင်းပရိဘောဂ များပံ့ပိုးပေးထား ပါသည်။ Wifi internet များလည်း တပ်ဆင်ပေးထားပြီး သွားလာရေး အတွက် စက်ဘီးများ၊ ဆိုင်ကယ်နှင့် လိုအပ်ပါက ကားကိုကြိုတင် တောင်းဆိုပြီး အသုံးပြုခွင့်ပေးထားပါသည်။ Safe House တွင် နေထိုင် စဉ်ကာလအတွင်း အသုံးပြုရန်အတွက် တစ်ဦးလျှင် (ဘတ်- ၁,၀၀၀)ကိုလည်း လစဉ် ထောက်ပံ့ပေးနေပါသည်။ 

ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာ တိုးပွားစေရန်ရည်ရွယ်သော စာကြည့်တိုက် တစ်ခုကို အောက်တိုဘာလအတွင်း စတင်တည်ထောင် ထားပြီး ဖြစ်ပါသည်။ စားနပ်ရိက္ခာအတွက်စတင်ရောက်ရှိချိန်တွင် အရေးပေါ် ရိက္ခာလျှောက်နိုင်ပြီး NMFမှ ပုံမှန် (၃)လစာ အခြေခံ စားနပ်ရိက္ခာအစီအစဉ်ကိုလည်း လျှောက်ထားနိုင်ပါသည်။ Safe House ကူညီပေးနိုင်သော ကာလမှာ ၂လ (အလွန်ဆုံး ၃လ) ဖြစ်ပါသည်။

Safe House ၌နေစဉ် ကာလအတွင်း NMFမှ အခမဲ့ ဖွင့်လှစ်သော အင်္ဂလိပ်စာသင်တန်း၊ ထိုင်းစာ သင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံပင်ညှပ် သင်တန်း၊ Digital Security သင်တန်း များကို တက်ရောက်နိုင်ပြီး နှစ်သိမ့်ဆွေေးနွေးခြင်းဝန်ဆောင်မှုကိုလည်း အခမဲ့ရယူနိုင်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းများကို လည်း Safe House တွင်နေထိုင်သူများ၏ သဘောဆန္ဒပေါ်မူတည်ပြီး ကူညီရှာဖွေ ပေးလျှက်ရှိပါသည်။ နေထိုင်ခွင့်ရသောကာလပြည့်သွားသည့်အချိန်တွင် အခက်အခဲရှိသေးပါက ထပ်မံ လျှောက်ထားနိုင်ပြီး New Myanmar Foundation မှ စဉ်းစားပေးမည်ဖြစ်ပါသည်။

NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက်လျှောက်ထားသူမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဖြစ်ရမည်ဖြစ်ပြီး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့်သင့်တင့်မျှတာစွာနေနိုင်သူဖြစ်ရပါမည်။ အထက်ပါ အချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF၏ Safe House လျှောက်ထားခြင်းဆိုင်ရာဖုန်း (၀၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!