Digital Literacy & Security Training Batch (7) ကျင်းပပြီးစီး

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် နယူးမြန်မာဖောင်ဒေးရှင်းမှ ဦးစီး၍ ဖွင့်လှစ် သည့် ဒီဂျစ်တယ် တတ်မြောက်မှုနှင့် ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၇)ကို ဒီဇင်ဘာလ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ (၂၃) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက်ရန်အတွက် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ ပုဂ္ဂိုလ်များ၊ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန်အတွက် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။
ယင်းသင်တန်းသို့ သင်တန်းသားဦးရေ (၃၀) တက်ရောက်သင်ယူခဲ့ပါသည်။ အပတ်စဉ် (၈) သင်တန်းကိုလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါသည်

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!