New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်ကို ( ၂၀၂၂ခု ) နှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် ( ၃ ) လ စာနှုန်းဖြင့် အခြေခံစားနပ်ရိက္ခာ ဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ဖေဖော်ဝါရီလတွင် (၆၁၈) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀)ဖြင့် မျှဝေပေးခဲ့ပြီးဖြစ်ပါသည်။
New Myanmar Foundation တွင် ဖေဖော်ဝါရီ (၁၇) မှ (၂၆) ရက်အတွင်း ရိက္ခာအတွက် လျှောက်လွှာတင်ထားသူများအား သတ် မှတ်စံနှုန်းများနှင့် စိစစ်ရွေးချယ်၍ အလှူရှင်ထံ စာရင်းတင်ပြထားပြီးဖြစ်ပါသည်။
အလှူရှင်များ၏ အခက်အခဲများကြောင့် မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝမကူညီနိုင်သည့်အပေါ် များစွာ စိတ်မကောင်းလည်း ဖြစ်ရပါသည်။
New Myanmar Foundation ၏ ရိက္ခာလျှောက်ထားနိုင်မည့် Google Form နှင့် ပတ်သက်၍ ပြန်လည်လျှောက်ထားနိုင်မည့် (ဖောင်ပြန်ဖွင့်မည့်) အချိန် New Myanmar Foundation Page တွင် အချိန်နှင့်တပြေးညီ ပြန်လည်ကြေညာပေးသွားမည် ဖြစ်ပါသည်။
ဆက်သွယ်မေးမြန်းရန်
Hay Mar
Basic Food Program Manager
Phone & Signal +66 659252173
foodprogram.nmf@gmail.com