New Myanmar Foundation ၏ အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများ

၂၀၂၃ ခုနစ် နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အွန်လိုင်းထိုင်းဘာသာစကား သင်တန်းအစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။

နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဥ် နေ့စဥ် ကြုံတွေ့ရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၁၄) ရက်မှ ဇူလိုင် (၂၂) ရက်နေ့အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၂) ကို သြဂုတ်လ (၈) ရက်နေ့မှ ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၃) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ မတ်လ (၁၉) ရက်၊ ၂၀၂၃ ခုနှစ် အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။

ဖွင့်လှစ်ပြီးစီးခဲ့သော သင်တန်းအပတ်စဉ် (၃) ခုမှ သင်တန်းသား/ သင်တန်းသူ (၁၈၅) ဦးအား သင်တန်းပြီးဆုံးကြောင်းလက်မှတ်များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။ သင်တန်းမှ သင်ကြားပေးခဲ့သော ထိုင်းဘာသာစကားကို လက်တွေ့တွင် ပြန်လည်အသုံးချနိုင်ကြကြောင်း သင်တန်းသားများထံမှ စကားသံများလည်း ကြားသိခဲ့ရသည့်အတွက် ဤသင်တန်းများသည် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအတွက် အတိုင်းအတာတစ်ခုထိ အကျိုးပြုပေးနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

ယခုလက်ရှိတွင် နယူးမြန်မာဖောင်ဒေးရှင်းသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှစတင်ကာ ထိုင်းဘာသာစကား သင်တန်းအပတ်စဥ် (၄) ကို ဖွင့်လှစ်ခဲ့ပြီး စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးဖြင့် သင်တန်းသား/ သင်တန်းသူ (၁၃၆) ဦးကို သင်ကြားပေးလျက်ရှိနေပါသည်။

ထိုင်းဘာသာစကားသင်တန်းများ စဥ်ဆက်မပြတ် တိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းနှင့် သင်ကြားပေးသောဆရာနှင့်ပတ်သတ်၍ သင်တန်းသား/သူများ၏ သဘောထားအမြင်များ၊ ဝေဖန်အကြံပြုချက်များကို Evaluation Form များမှတဆင့် တောင်းခံရယူလျက်ရှိပြီး ရရှိလာသောအချက်အလက်များကိုလည်း သင်တန်းနှင့် သင်တန်းသား/ သင်တန်းသူများ၏အကျိုးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။

ထိုင်းဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် – +669 27 833 262 သို့ တိုက်ရိုက် ဖုန်းနှင့်ဆက်သွယ်၍ဖြစ်စေ၊ Signal, Telegram များမှတဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး email: language.nmf@gmail.com သို့လည်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Ph.: +669 27 833 262

Signal: +669 27 833 262

Telegram: +669 27 833 262

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!