New Myanmar Foundation မှဖွင့်လှစ်ထားသော Tele Health အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation ၏ နယူးမြန်မာ တယ်လီ ကျန်းမာရေး အစီအစဉ်ကို ဇွန်လ (၁) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ, မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့် ချီသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေး ချို့တဲ့မှုများ၊ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာသည့် အခါတွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီး ခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။

၎င်း အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် Tele Health (တယ်လီဖုန်းဖြင့် Telegram Application သုံးကာ လူနာအား ကြည့်ရှုစစ်ဆေးကာ အကြံဉာဏ်ပေးခြင်းနှင့် ဖြစ်နိုင်ပါက ကုသမှုပေးခြင်း) အစီအစဉ် ကို ဇွန်လ (၁)ရက် ၂၀၂၂ တွင် စတင်ခဲ့ပါသည်။ Tele Health အစီအစဉ်တွင် ပြည်တွင်း၊ ပြည်ပမှ အထူးကု (၁၂) ဦးပါသော ဆရာဝန် (၂၄) ဦး အဖွဲ့မှ မေတ္တာဖြင့် ကူညီပေးနေပြီး မနက် (၆) နာရီမှ ည (၁၂) နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါသည်။ ကျန်းမာရေး အခက်အခဲရှိသော လူနာများ အနေဖြင့် အချိန်မရွေး အခမဲ့ ပြသနိုင်ပြီး မယ်တော်ဆေးခန်းနှင့် ချိတ်ဆက် ထားသည့် အတွက်လိုအပ်ပါက သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းများကိုလည်း အဆင်ပြေပြေ ဆောင်ရွက်နိုင်ပါသည်။

ယခုလအတွင်း ကူညီပေးခဲ့သူပေါင်း (127) ဦးရှိခဲ့ရာ ၎င်းတို့ထဲတွင် အမျိုးသား (40)ဦး, အမျိုးသမီး (87) ဦး ပါဝင်ပါသည်။

Teleconsultation _ 20

Refer to Mae Tao Clinic _ 2

Home Visit _ 105( including Refugee Camp)

မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများ အနေဖြင့် အခကြေးငွေ ကုန်ကျခြင်းမရှိဘဲ မြန်မာ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးလိုပါက မနက် (၆) နာရီမှ ည (၁၂) နာရီ အတွင်း ဖုန်းနံပါတ် (+66910614070) သို့ ဖုန်းဆက်၍ ဖြစ်စေ Telegram မှ တစ်ဆင့် ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။

Dr Moon

Program Manager,Tele Health Program

Phone/Telegram: +66910614070

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!