New Myanmar Foundation မှ ဖွင့်လှစ်သော အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများ

၂၀၂၃ ခုနစ် ဇွန်လအတွင်း လုပ်ဆောင်လျက်ရှိသော နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အွန်လိုင်းထိုင်းဘာသာစကား သင်တန်းအစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။

နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဥ် နေ့စဥ် ကြုံတွေ့ရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၁၄) ရက်မှ ဇူလိုင် (၂၂) ရက်နေ့အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၂) ကို သြဂုတ်လ (၈) ရက်နေ့မှ ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၃) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ မတ်လ (၁၉) ရက်၊ ၂၀၂၃ ခုနှစ် အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။ ဖွင့်လှစ်ပြီးစီးခဲ့သော သင်တန်းအပတ်စဉ် (၃) ခုမှ သင်တန်းသား/ သင်တန်းသူ (၁၈၅) ဦးအား သင်တန်းပြီးဆုံးကြောင်းလက်မှတ်များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီဖြစ်သည်။

ယခုလက်ရှိတွင် ထိုင်းဘာသာစကား သင်တန်းအပတ်စဥ် (၄) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှစတင်ကာ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးဖြင့် သင်တန်းသား/ သင်တန်းသူ (၁၅၄) ဦးကို သင်ကြားပေးလျက်ရှိနေပါသည်။

နယူးမြန်မာဖောင်ဒေးရှင်း၏ ထိုင်းဘာသာစကားသင်တန်းများကို စိတ်ပါဝင်စား တက်ရောက်လိုသူများ အနေဖြင့် သင်တန်းသစ်ဖွင့်လှစ်ခြင်းနှင့်အတူ သင်တန်းသားသစ်များ ခေါ်ယူခြင်းကို နယူးမြန်မာ ဖောင်ဒေးရှင်း၏ Facebook Page မှ အစဉ်ကြေငြာပေးလျက်ရှိပါသဖြင့် မိမိတက်ရောက်လိုသည့် သင်တန်းကိုရွေးချယ်ကာ တက်ရောက်နိုင်ပါကြောင်းလည်း သတင်းစကားပါးအပ်ပါသည်။

ထိုင်းဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် – +669 27 833 262 သို့ တိုက်ရိုက် ဖုန်းနှင့်ဆက်သွယ်၍ဖြစ်စေ၊ Signal, Telegram များမှတဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး email: language.nmf@gmail.com သို့လည်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Ph.: +669 27 833 262

Signal: +669 27 833 262

Telegram: +669 27 833 262

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!