NMF မှ ဖွင့်လှစ်ကျင်းပသော Online Digital Security Training သင်တန်း အပတ်စဉ် ( ၂ ) သင်တန်းသားခေါ်ယူခြင်းနှင့် ပတ်သက်ပြီး အသိပေး အကြောင်းကြားခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် နယူးမြန်မာဖောင်ဒေးရှင်းမှ ဦးစီး၍ ဖွင့်လှစ် သည့်  ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၁)ကို ဇူလိုင်လ (၃) ရက်နေ့မှ ဇူလိုင်လ (၇) ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက်ရန်အတွက် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ ပုဂ္ဂိုလ်များ၊ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန်အတွက် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။ ယင်းသင်တန်း အပတ်စဉ် (၁) အတွက် လျှောက်ထားသူ ဦးရေ (၇၀)ကျော်ထဲမှ (၂၅)ယောက်အား ရွေးချယ် သင်ကြားပေးခဲ့ပါသည်။ ရွေးချယ်၍ ကျန်ရှိသော သူများထဲမှ ယခု ခေါ်ယူမည့် အပတ်စဉ် (၂) အတွက် ဆက်လက်ရွေးချယ်ပေးသွားမည်ဖြစ်၍ လျှောက်လွှာတင်ထားသော သူများအနေဖြင့် မိမိတို့၏ email များအား စောင့်ကြည့်စစ်ဆေးပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်၊၊

သင်တန်းကာလ- (၅) ရက်

သင်တန်းအချိန်- မြန်မာစံတော်ချိန် မနက် (၉)နာရီမှ (၁၂)နာရီအထိ

သင်တန်းစတင်မည့်ရက် – ဇူလိုင်လ (၁၇) ရက်နေ့ မှ (၂၁) ရက် နေ့ ထိ

သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ

————————————————-

လုပ်ငန်းခွင်အသုံးချသင်တန်း ဖြစ်သဖြင့် ကွန်ပျူတာ အခြေခံသိရန်။

အွန်လိုင်း သင်တန်းဖြစ်သဖြင့် သင်တန်းသားထံတွင် Internet ရှိရန်။

သင်တန်း အစမှ အဆုံးထိ တက်ရောက်နိုင်သူ။

မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည် ဝေငှပေးရန် ဆန္ဒရှိသူ။

လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ ။

(အမျိုးသမီးများ၊ LGBTIQ များ၊ မသန်စွမ်းများ အားလုံး ပါဝင်တက်ရောက်ရန်လည်း အထူးဖိတ်ခေါ်အပ်ပါသည်။ )

သင်တန်းပြီးမြောက်ပါက Completion Certificateပေးသွားမည်ဖြစ်ပါသည်။

သင်တန်းတွင် ပါဝင်သည့် အခြေခံ အကြောင်းအရာများ

—————————————————-

ကွန်ပျူတာများအလုပ်လုပ်ပုံ၊ Mobile Phone များ အလုပ်လုပ်ပုံ၊

အင်တာနက် အလုပ်လုပ်ပုံအကြောင်း၊

Signal, Telegram, Facebook Messenger, Viber, အစရှိသည့် Messaging Apps များလုံခြုံစွာ အသုံးပြုနိုင် မည့် နည်းလမ်းများ ၊ VPN အသုံးပြုနည်းများ ၊

Password များလုံခြုံစွာ အသုံးပြုရန် နည်းလမ်းများ၊

2-factor authentication အကြောင်း

Google မှ Provide လုပ်ထားသော Email Client ဖြစ်သည့် Gmail အသုံးပြုနည်း နှင့် အသုံးများသည့် Google Products များဖြစ်သည့် Docs, Slide, Sheets, Keep, Drive, Form, Maps, Photo,

datas များလုံခြုံအောင် ထိန်းသိမ်းနည်းများ

သိသင့်သိထိုက်သော Cyber security law များအကြောင်း

သင်တန်းသားများ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခြင်း များပါဝင်ပါသည်။

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကို Email, Signal တို့ဖြင့် ဆက်သွယ်သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email/Message ကို စစ်ဆေးရန် လိုအပ်ပါသည်။

သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာ ကန့်သတ်ထားပြီး ယခုကဲ့သို့ သင်တန်းများကို လစဉ်ပုံမှန် ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အခြေခံလိုအပ်ချက်များနှင့်ကိုက်ညီပြီး ယခုသင်တန်းတွင် တက်ရောက်ခွင့်မရရှိခဲ့သူများလည်း ပြန်လည်လျှောက်ထားနိုင်ပါသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်နှင့် အီးမေးလ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ (ရုံးချိန်တွင်း တနလ်ာနေ့ မှ သောကြာနေ့ (9:00 AM မှ 5:00 PM) တွင်သာ ဆက်သွယ်စုံစမ်းရန်)

Phone: +66 0838788804‎

Email: nmf.itofficer@gmail.com

#newmyanmarfoundation#digital_security

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!