NEW MYANMAR FOUNDATION မှ Admin & HR Officer ရာထူးအတွက် လျှောက်လွှာများခေါ်ယူနေပါသည်။
လျှောက်လွှာလက်ခံမည့်ကာလ : ၁၃.၇.၂၀၂၃ မှ ၂၂.၇.၂၀၂၃ အထိ
နေရာ : မဲဆောက်
အစမ်းခန့်ကာလ : ၃ လ
အစီရင်ခံရမည့်သူ : Executive Director
လုပ်ဆောင်ရမည့်တာ၀န်များ
ရုံး၏စာရေးကိရိယာများနှင့် ရုံးသုံးကိရိယာများကို စနစ်တကျထိန်းသိမ်းနိုင်ရမည်။
ရုံးသုံးခန့်မှန်းခြေနှင့် အသုံးစရိတ်များကို ပုံမှန်စာရင်းပြုစု၍ Finance Department ထံစာရင်းတင်ပြရမည်။
Foundation ၏ Database များကို ထိန်းသိမ်းနိုင်ရမည်။
Foundation ၏ အရေးကြီးသောသက်ဆိုင်ရာစာရွက်စာတမ်းများကို စနစ်တကျစုဆောင်းပြုစု၊ ထိန်းသိမ်းပေးထားရမည်။
၀န်ထမ်းများနှင့် ပြင်ပမှ စုံစမ်းမေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးရမည်။
ရုံး၏မူ၀ါဒများကို M&E Officer နှင့် ပူးပေါင်း၍ ထုတ်ပြန်ခြင်းများ၊ မွမ်းမံခြင်းများကို ပြုလုပ်ပေးရမည်။
Foundation ၏လုပ်ငန်း တနှစ်တာပြက္ဒိန် နှင့် လုပ်ငန်းအစီအစဥ်များ၊ ချိန်းဆိုမှုများကို မှတ်တမ်းတင် ထိန်းသိမ်းထားရမည်။
အစည်းအဝေ:ခန်းများ၊ အစည်းအဝေ:များကို စီစဥ်ပေးရမည်။ အစည်းအဝေ:မှတ်တမ်းများကိုလည်း စီစဥ်ပြင်ဆင်ပေးရမည်။
ရုံးစာများ၊ ရုံးသုံးမေးလ်များ၊ ပါဆယ်များကို ဖြန့်ဝေခြင်းများကိုဆောင်ရွက်ပေးရမည်။
သက်ဆိုင်ရာ အစီရင်ခံစာများ၊ တင်ပြမှုများကို ပြင်ဆင်ပေးရမည်။
ခရီးသွားလာမှုများ၊ တည်းခိုနေထိုင်မှုများကို တာ၀န်ယူစီစဥ်ဆောင်ရွက်ပေးရမည်။
ရုံးတွင်း၊ရုံးပြင် ပွဲများကို လိုအပ်သလို စီမံဆောင်ရွက်ပေးရမည်။
၀န်ထမ်းများ၏ ခန့်အပ်မှုစာ၊ နှုတ်ထွက်မှုစာ၊ ခွင့်စာ၊ ၀န်ထမ်းခေါ်ဆိုမှုကြော်ငြာများ၊ ကိုယ်ရေးရာဇ၀င်နှင့် လျှောက်လွှာများကို စနစ်တကျ ထိန်းသိမ်းထားရမည်။
အတွေ့အကြုံလိုအပ်ချက်
Administrative Officer, Administrator နှင့် အလားတူ ရာထူးမျိုးတွင် (၃) နှစ်အထက် အတွေ့အကြုံရှိရမည်။
Management ပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။
ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်သောအတွေ့အကြုံရှိရမည်။
ရုံးပိုင်းဆိုင်ရာပြသနာများကို ကောင်းမွန်မှန်ကန်စွာဖြေရှင်းနိုင်သော အတွေ့အကြုံရှိရမည်။
NGOs တွင် အလုပ်လုပ်ကိုင်ဖူးသော အတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။
ပညာအရည်အချင်း
Any Graduate
MS Office ရသူဖြစ်ရမည်။ (Word, Excel, Power Point..)
English 4 Skills ကျွမ်းကျင်သူဖြစ်ရမည်။
Communication and Management Skill ကျွမ်းကျင်သူဖြစ်ရမည်။
Audit ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံရှိရမည်။
အခြား
New Myanmar Foundation တွင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။
ကားနှင့် ဆိုင်ကယ် မောင်းနှင်တတ်သူ ဦးစားပေးမည်။
လျှောက်လွှာတင်ရန် : newmyanmaroffice@gmail.com
CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။
Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက :
Admin Dept
Phone Number – +66 62 687 4266
Signal Number – +66 62 687 4266
Email – newmyanmaroffice@gmail.com
HR & Admin Department
NEW MYANMAR FOUNDATION