New Myanmar Foundation’s Safe House Program

New Myanmar Foundation သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီ အရေး ကြိုးပမ်းသူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက် လျက်ရှိပါသည်။

NMF၏ Safe Houseများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe Houseများဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅)ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု(၅)ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး ူမိသားစု(၅)ဦး မရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅)ဦး လာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။

Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်, ခြင်ထောင်, ခေါင်းအုံးများ၊ အိမ်တွင်းပရိဘောဂ များပံ့ပိုးပေးထား ပါသည်။ Wifi internet များလည်း တပ်ဆင် ပေးထားပြီး သွားလာရေး အတွက် စက်ဘီးများ၊ ဆိုင်ကယ်နှင့်လိုအပ်ပါက ကားကိုကြိုတင် တောင်းဆိုပြီးအသုံးပြု ခွင့်ပေးထားပါသည်။ ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများ အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် အသိပညာ တိုးပွားစေရန်ရည်ရွယ်သော စာကြည့်တိုက် တစ်ခုကို အောက်တိုဘာလ အတွင်း စတင်တည်ထောင် ထားပြီး ဖြစ်ပါသည်။ စားနပ်ရိက္ခာအတွက် စတင်ရောက်ရှိချိန်တွင် အရေးပေါ်ရိက္ခာလျှောက်နိုင်ပြီး NMFမှ ပုံမှန်အခြေခံ စားနပ်ရိက္ခာအစီအစဉ်ကိုလည်း လျှောက်ထားနိုင် ပါသည်။ Safe House ကူညီပေးနိုင်သော ကာလမှာ ၃လ ဖြစ်ပါသည်။ Safe House ၌နေစဉ် ကာလအတွင်း NMFမှ အခမဲ့ ဖွင့်လှစ်သော အင်္ဂလိပ်စာသင်တန်း၊ ထိုင်းစာ သင်တန်း၊ Digital Security သင်တန်း နှင့် လူ့အခ္ငင့်အရေးသင်တန်းများ ကိုတက်ရောက်နိင်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းများ ကိုလည်း Safe House တွင်နေထိုင်သူများ၏ သဘောဆန္ဒပေါ်မူတည်ပြီး ကူညီရှာဖွေ ပေးလျှက် ရှိပါသည်။ NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက်လျှောက်ထားသူမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဖြစ်ရမည်ဖြစ်ပြီး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတာစွာ နေနိုင်သူဖြစ်ရပါမည်။

အထက်ပါ အချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF၏ Safe House လျှောက်ထားခြင်းဆိုင်ရာဖုန်း၏ Signal နံပါတ်(၀၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

#NewMyanmarFoundation

#safehouse

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!