အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်မှ CDMများနှင့်သက်ဆိုင်သော သတင်းစကားပါးခြင်း

မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများထဲမှ သား/သမီးထောက်ပံ့မှုမရှိသော အသက်(၆၀) အထက် သက်ကြီးရွယ်အိုများ ၊ အုပ်ထိန်းသူ မရှိသော မိဘမဲ့ကလေးများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိသားစုဝင်ငွေမရှိသူများ စသည့် Human Rights Defender (HRD) များကိုသာ အလေးထား ကူညီသွားလိုကြောင်း အလှူရှင်၏ သဘောထားအား New Myanmar Foundation Facebook Page တွင် မတ်လမှစ၍ လစဉ်ကြေငြာစာများဖြင့် ချပြခဲ့ပါသည်။

✍️ ထို့ကြောင့် CDM များနှင့် ပတ်သက်၍ ထပ်မံအသိပေးလိုသည်မှာ-

👉 စစ် /ရဲ CDMများနှင့် ၎င်းတို့၏မိသားစုဝင်များအား ထောက်ပံနိုင်ခြင်း မရှိတော့ပါ ။

👉 အခြားCDMများကိုလည်း ထောက်ပံနိုင်ခြင်း မရှိတော့ပါ ။

✍️ သို့သော် အခြားCDMများ၏ မိသားစုဝင်များအနေဖြင့် ဝင်ငွေမရှိ/အလုပ်မရှိ ပါက လျှောက် ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

✍️ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအနေဖြင့် ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင် ဖော်ပြထားသော ရုံးဖုန်းသို့ ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန်နှင့် ရိက္ခာအတွက် လျှောက်ထားရာတွင် တစ်လ တစ်ကြိမ် ပြန်လည်လျှောက်ထားရန် လိုအပ်ကြောင်း လေးစားစွာ ထပ်မံအသိပေးအပ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

Hay Mar Basic Food Program Manager

Phone & Signal – +66659252173 foodprogram.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!