New Myanmar Foundation ၏ နယူးမြန်မာ တယ်လီကျန်းမာအစီအစဉ်ကို ဇွန်လ (၁) မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာ ရေးချို့တဲ့မှုများ၊ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာသည့်အခါတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု များ ရရှိနိင်ရန်အတွက် အခက်အခဲ၊ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာ ရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက်အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီး ခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။
၎င်းအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele Health (တယ်လီဖုန်းဖြင့် Telegram Application သုံးကာ လူနာအား ကြည့်ရှုစစ်ဆေးကာ အကြံဉာဏ်ပေးခြင်းနှင့် ဖြစ်နိုင်ပါက ကုသမှုပေးခြင်း) အစီအ စဉ် ကို ဇွန်လ (၁)ရက် ၂၀၂၂ တွင် စတင်ခဲ့ပါသည်။ ဇွန်လ (၁)ရက် ၂၀၂၂ မှ သြဂုတ်လ ၂၀၂၃ အတွင်းလူနာစုစုပေါင်း ၇၈၁ယောက်အား ကူညီနိုင်ခဲ့ပါသည်။ Tele Health အစီအစဉ်အား မနက် (၆) နာရီမှ ည (၁၂) နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါသည်။ ကျန်းမာရေးအခက်အခဲရှိသော လူနာများအနေဖြင့် အချိန်မရွေး အခမဲ့ပြသနိုင်ပြီး မယ်တော်ဆေးခန်းနှင့်လည်း ချိတ်ဆက်ထားသည့်အတွက် လိုအပ်ပါက သွေးစစ်ခြင်း Ultrasoundရိုက်ခြင်းများ ကိုလည်း အဆင်ပြေပြေဆောင်ရွက်နိုင်ပါသည်။ August လအတွင်း ကူညီပေးခဲ့သူပေါင်း (90) ဦးရှိခဲ့ရာ ၎င်းတို့ထဲ တွင် အမျိုးသား (20) ဦး၊ အမျိုးသမီး (51) ဦးနှင့် ကလေး (19) ဦးတို့ ပါဝင်ပါသည်။
Teleconsultation _ 21
Refer to Mae Tao Clinic _ 0
Home Visit _ 69
မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများ အနေဖြင့် အခကြေးငွေကုန်ကျခြင်းမရှိဘဲ မြန်မာဆရာဝန်များ နှင့် တိုင်ပင်ဆွေးနွေးလိုပါက မနက် (၆) နာရီမှ ည (၁၂) နာရီ အတွင်း ဖုန်းနံပါတ် (+66910614070) သို့ ဖုန်းဆက်၍ ဖြစ်စေ၊ Telegram မှ တစ်ဆင့် ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။
Dr Moon
Program Manager(Tele Health )
Phone no _ +66910614070