𝐎𝐧𝐥𝐢𝐧𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 သင်တန်း အတွက် သင်တန်းသားခေါ်ယူခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် နယူးမြန်မာဖောင်ဒေးရှင်းမှ ဦးစီး၍ ဖွင့်လှစ် သည့် ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၆)ကို စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၂) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက်ရန် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ ပုဂ္ဂိုလ်များ၊ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။ ယင်းသင်တန်း အပတ်စဉ် (၆) အတွက် လျှောက်ထားသူများစွာထဲမှ (၂၅)ယောက်အား ရွေးချယ် သင်ကြားပေးခဲ့ပါသည်။ ရွေးချယ်၍ ကျန်ရှိသော သူများထဲမှ ယခု ခေါ်ယူမည့် အပတ်စဉ် (၇) အတွက် ဆက်လက်ရွေးချယ်ပေးသွားမည်ဖြစ်၍ လျှောက်လွှာတင်ထားသော သူများအနေဖြင့် မိမိတို့၏ email များအား စောင့်ကြည့်စစ်ဆေးပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်၊၊

သင်တန်းကာလ- (၅) ရက်

သင်တန်းအချိန်- မြန်မာစံတော်ချိန် မနက် (၉)နာရီမှ (၁၂)နာရီအထိ

သင်တန်းစတင်မည့်ရက် – အောက်တိုဘာလ (၉) ရက်နေ့ မှ (၁၃) ရက် နေ့ ထိ

သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ

————————————————-

လုပ်ငန်းခွင်အသုံးချသင်တန်း ဖြစ်သဖြင့် ကွန်ပျူတာ အခြေခံသိရန်။

အွန်လိုင်း သင်တန်းဖြစ်သဖြင့် သင်တန်းသားထံတွင် Internet ရှိရန်။

သင်တန်း အစမှ အဆုံးထိ တက်ရောက်နိုင်သူ။

မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည် ဝေငှပေးရန် ဆန္ဒရှိသူ။

လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ ။

(အမျိုးသမီးများ၊ LGBTQ များ၊ မသန်စွမ်းများ အားလုံး ပါဝင်တက်ရောက်ရန်လည်း အထူးဖိတ်ခေါ်အပ်ပါသည်။ )

သင်တန်းပြီးမြောက်ပါက Completion Certificateပေးသွားမည်ဖြစ်ပါသည်။

သင်တန်းတွင် ပါဝင်သည့် အခြေခံ အကြောင်းအရာများ

—————————————————-

-ကွန်ပျူတာများအလုပ်လုပ်ပုံ၊ Mobile Phone များ အလုပ်လုပ်ပုံ၊

-အင်တာနက် အလုပ်လုပ်ပုံအကြောင်း၊

-Signal, Telegram, Facebook Messenger, Viber, အစရှိသည့် Messaging Apps များလုံခြုံစွာ အသုံးပြုနိုင် မည့် နည်းလမ်းများ ၊ VPN အသုံးပြုနည်းများ ၊

-Password များလုံခြုံစွာ အသုံးပြုရန် နည်းလမ်းများ၊

-2-factor authentication အကြောင်း

-Cloud Storage များအကြောင်း

-data များလုံခြုံအောင် ထိန်းသိမ်းနည်းများ

သင်တန်းသားများ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခြင်း များပါဝင်ပါသည်။

သင်တန်းအားစိတ်ပါဝင်စားပါက အောက်ပါလျှောက်လွှာ လင့်ခ်မှ လျှောက်ထားနိုင်ပါသည်

https://forms.gle/RC8rgqFKvpxhCEDM6

Phone: +66 838788804‎

Email: nmf.itofficer@gmail.com

#newmyanmarfoundation#digital_security

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!