အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

  • New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃)လစာ နှုန်းဖြင့် အခြေခံစားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ စက်တင်ဘာ လ အထိ  (၂၁၉၀) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀)/(၂၅၀)တို့ဖြင့် မျှဝေပေးခဲ့ရာ စုစုပေါင်း (၈၁၂၃) ဦးအား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။
  • ယခု အောက်တိုဘာလ တွင် ရိက္ခာအစား ငွေသား (ဘတ် ၂၅၀) မျှဝေမည့် အစီအစဉ်အား ပြုလုပ်သွားမည်ဖြစ်ပြီး ရက်အတိအကျအား မဝေမီ (၂) ရက်ကြိုတင် NMF Facebook Page တွင် ၎င်း ၊  စိစစ် ရွေးချယ်ခံရသူများတစ်ဦးချင်းထံ ၎င်း ၊ အကြောင်းကြား ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။  အလှူရှင်များ၏ အခက်အခဲ များကြောင့် မဲဆောက် ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝ မကူညီနိုင်သည့်အပေါ် များစွာ စိတ်မ ကောင်းလည်း ဖြစ်ရပါသည်။
  • ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင်ဖော်ပြထားသည့် Phone ၊ Signal ၊ Email တို့မှ  ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီ ၊ တနင်္လာ မှ သောကြာ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက်သည် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့် အတွက် ဖုန်းမကိုင် နိုင်ပါက Signalတွင် စာပို့မေးမြန်းထားနိုင်ပါသည်။

ဆက်သွယ်မေးမြန်းရန်                                                                                                    

Hay Mar                                                                                                                                             

Basic Food Program Manager                                                                                                           

Phone & Signal +66 659252173                                                                       

foodprogram.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!