မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများ ရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။
အခြေခံစားနပ်ရိက္ခာများကို တစ်လလျှင် တစ်ဦး (၂၅၀) ဘတ်နှုန်းဖြင့် ထောက်ပံ့နေပါသည် ။ အဆင်ပြေချော မွေ့စေရန် အောက်ပါ တို့ကို ရှင်းလင်းအကြောင်းကြားအပ်ပါသည်။
New Myanmar Foundation တွင် ရိက္ခလျှောက်ထား နိုင်သူများမှာ —
၁။ (မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူ များ ၊ နာမကျန်းသူများ ၊ မိဘမဲ့ ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက်(၆၀)အထက်ပုဂ္ဂိုလ်များ (ကျော ထောက်နောက်ခံသား/သမီး မရှိသူများ) လျှောက်ထားနိုင်ပါသည်။
၂။ အထောက်အပံ့ရနေသည့် စစ်/ရဲ CDM များနှင့် ၎င်းတို့မိသားစုများ လျှောက်ထား၍ မရပါ။
၃။ အရပ်သား CDM များလည်း လျှောက်ထား၍ မရပါ။ သို့သော် ၎င်းတို့မိသားစုများ လျှောက်ထားနိုင်ပါသည်။
၄။ အဖွဲ့အစည်း (၂)ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။
ရိက္ခာလျှောက်ထားရန်
ရိက္ခာလျှောက်ရန် 0659252173 ရုံးဖုန်းသို့ ရုံးချိန် မနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း တိုက်ရိုက် ဖုန်းဆက်၍ ၎င်း ၊ Signal မှ ဖုန်းဆက်၍ ၎င်း လျှောက်ထားရမည် ဖြစ်ပါသည်။
#ရိက္ခာလျှောက်ထားရမည့် ကာလကို အောက်ပါကြေညာချက်တွင် ဖော်ပြပေး ထားပါသည် ။
ဆက်သွယ်မေးမြန်းရန်
Basic Food Support Program Manager
Hay Mar
New Myanmar Foundation
Phone: +66 659 252 173