𝐓𝐞𝐥𝐞-𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိမြန်မာအများစုနေထိုင်အလုပ်လုပ်ကိုင်ရာနေရာများတွင် ကျန်းမာရေးဆိုင်ရာပညာပေးအစီအစဥ်များလုပ်ဆောင်ခြင်း

New Myanmar Foundation သည် စစ်အာဏာသိမ်းချိန်မှစ၍ မိမိတို့အသက်အန္တရာယ်ကြောင့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာကြသူများ၊ CDM များအား ကျန်းမာရေးစောင့်ရှောက်မှုကို စဥ်ဆက်မပြတ် ကူညီထောက်ပံ့လျက်ရှိပါသည်။

ယခုနိုဝင်ဘာလအတွင်းတွင် မဲဆောက်မြို့ရှိ မြန်မာအများစုနေထိုင်၊ အလုပ်လုပ်ကိုင်နေကြသောရွာများ၊ Safe House များ၊ စက်ရုံ/အလုပ်ရုံများနှင့် ကျောင်းများတွင် New Myanmar Foundation ၏ ဆရာဝန်နှစ်ဦးမှ ဦးဆောင်၍ ကျန်းမာရေးပညာပေးဟောပြောပွဲများနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းအထောက်အပံ့များကို ဆောင်ရွက်လျက်ရှိပါသည်။ ဟောပြောပွဲခေါင်းစဥ်များအနေဖြင့်”ဝန်းကျင် သန့်ရှင်းရေးနှင့်ဖြစ်ပွားတတ်သောရောဂါများ” “သားဆက်ခြားရေးဆိုင်ရာဗဟုသုတများနှင့်မိသားစုစီမံချက်” အစရှိသည့်ခေါင်းစဥ်များ ဖြင့် ထိရောက်စွာဟောပြောခဲ့ကြပါသည်။ လိုအပ်သောနေရာများတွင် ရောဂါရှာဖွေစစ်ဆေးမှုများကိုလည်း အခမဲ့စမ်းသပ်ကူညီပေးခဲ့ကြပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!