ယနေ့ ဒီဇင်ဘာလ ( ၂ ) ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ကျွန်စနစ်ဖျက်သိမ်းရေးနေ့ ဆွေးနွေးပွဲအခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း – မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ လူကို လူချင်း ကျွန်ပြုခြင်းစသည့် ကျွန်စနစ် ပပျောက် ဖျက်သိမ်းခြင်းဆိုင်ရာ အဖွင့်နှုတ်ခွန်းဆက်စကားဖြင့် ပြောကြားဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို တက်ရောက်လာသည့် ဧည့်သည်များမှလည်း လူသားအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်၍ ကျွန်ပြုစေခြင်းများပပျောက်ရေး နှင့်ပတ်သတ်သော အကြောင်းအရာများကို အသီးသီး မျှဝေဆွေးနွေးခဲ့ကြပါသည်။
ထိုနောက် ခေတ်သစ်ကျွန်စနစ်ပုံစံများ၊ လူကိုကျွန်အဖြစ်ကူးသန်းရောင်းဝယ်သည့် လူကုန်ကူးခြင်းများ၊ အတင်းအဓမ္မစေခိုင်း၍ကျွန်ပြုစေခြင်း စသည်ဖြင့် လူကိုလူချင်းကျွန်ပြုခြင်း ပုံစံအမျိုးမျိုး ဖျက်သိမ်းပပျောက်စေရန် အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များကိုလည်း ပေးဝေခဲ့ကာ ဆွေးနွေးပွဲသို တက်ရောက်လာသူများအား လက်ဆောင်များပေးဝေခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။




