𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ နှစ်သစ်ကူး သဝဏ်လွှာ

လေးစားချစ််ခင် မြတ်နိုးရပါသော မြန်မာပြည်သူအပေါင်းခင်ဗျာ။
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ ချမ်းသာကြပါစေကြောင်း နှစ်သစ် ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ကုန်ဆုံးတော့ မည့် ၂၀၂၃ ခုနှစ် တွင် ကြီးမားသော အချိုးအကွေ့ အပြောင်းအလဲများ ကြုံတွေ့ခဲ့ရပါသည်။ညီနောင်သုံးဖွဲ့ မှ ဦး ဆော င် ၍ တော်လှန်ရေးအင်အားစုများမှ ပေးဆပ် အနာခံ တိုက်ခိုက်ခဲ့သဖြင့် စစ်စခန်းပေါင်း ၄၀၀ ကျော် ၊
မြို့ပေါင်း ၂၆ မြို့ ကျော် အား သိမ်း ပိုက် နိုင်ခဲ့ ခြင်း သည် တော်လှန်ရေး သမိုင်းတွင်မကြုံ ဖူး သော အောင်မြင်မှုကြီးဖြစ်ပါသည်။
ထိုကဲ့သို့အောင်မြင်မှုများရရှိအောင် ဦးဆောင်၍ တိုက်ပွဲဝင် နေကြသော ညီနောင်သုံးဖွဲ့ ၊ တော် လှန်ရေး အင်အား စုများ နှင့်
ပြည် သူ အပေါင်းအား လေးစားဂုဏ်ပြု အပ် ပါသည်။အကြမ်းဖက်စစ် ကောင်စီ မှ ၎င်းတို့ လက်လွှတ် ဆုံးရှုံးခဲ့ရသော တပ် စခန်း များနှင့် မြို့အားလုံးနီးပါးကို
“ဘ တစ် ပြန်၊ ကျားတစ်ပြန်” ပြန် လည်၍ တိုက်ယူနိုင် စွမ်း မရှိခြင်း သည် ၎င်းတို့၏ အစွမ်းအ စအားလုံး ကျဆုံးပျက်ပြုန်းနေ ပြီ
ဖြစ်ကြောင်း ဖော်ညွှန်း လျက်ရှိပါသည်။နှစ်ဟောင်းအဖြစ်ကျန်ခဲ့ မည့် ၂၀၂၃ ခုနှစ်၏ တိုးတက်အောင်မြင်မှုများကို အခြေခံ၍ ၂၀၂ ၄ ခုနှစ်တွင်
အကြမ်းဖက် စစ်တပ်အား အမြစ်ဖြတ် ဖယ်ရှား နိုင်ရပါမည်။ ထိုသို့ ဖြစ်နိုင်ရန်လည်း ပြည်သူအားလုံး မှ မိမိတို့ တတ်စွမ်းသ၍
ညီညီညာညာ ဆက်လက် ကြိုး ပမ်း အားထုတ် ဆောင်ရွက် ကြရန် လိုအပ်ပါသည်။စစ်အာဏာရှင်စနစ်ကိုဖယ်ရှား၍ စစ်မှန်သောဒီမိုကရေစီစနစ်နှင့် တိုင်း ရင်း သား လူမျိုး များ ၏ တန်းတူ ညီမျှရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့် များ ကို အာမခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်မှသာ မြန်မာပြည်သူများနှင့် နောင်လာ
နောက်သားများသည် မိမိတို့၏ အခြေခံ လူ့အခွင့်အရေးများကို အပြည့်အဝ ခံစားနိုင်မည် ဖြစ်ပါသည် ။သို့ဖြစ်ပါ၍မြန်မာ ပြည်သူများအားလုံး သည် ယခုလာမည့်နှစ်သစ်ဖြစ်သော ၂၀၂၄ ခုနှစ်တွင် စစ်အာဏာရှင်စနစ်ကို လုံးဝ အမြစ်ဖြတ် သုတ်သင်ကာ ဒီမိုကရေစီပြည်ထောင်စုစနစ်ကြီးကို တည်ဆောက်နိုင်ကြပါစေကြောင်း နှစ်သစ်ကိုကြိုဆိုလျက် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ဤသို့တည်ဆောက်နိုင်ရန် ကြိုးပမ်းအားထုတ်တိုက်ပွဲဝင်ရင်း
အသက်သွေးနှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်အနစ်နာခံခဲ့ကြသော အာဇာနည် သူရဲကောင်း အပေါင်းအား လည်း ဦးညွှတ်အလေးပြု အပ်ပါ သည် ။ ထို့အပြင် အစဉ်တစိုက်
တတ်စွမ်း သ ၍ ကြိုး ပမ်း အားထုတ်နေ ကြသော ပြည်တွင်း ၊ ပြည်ပ ရှိ မြန်မာ ပြည်သူ အားလုံး ကို လည်း အလေး အနက် ဂုဏ်ပြု
ချီး ကျူး အပ်ပါ သည် ။
NEW MYANMAR FOUNDATION

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!