𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်း၌ ဒီမိုကရေစီရေးနှင့် လူ့အခွင့် အရေးလှုပ်ရှားဆောင်ရွက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများနှင့် မိသားစုများအတွက် နှစ်သစ်ကူးအကြို ပွဲကျင်းပပေးခြင်း

ဒီဇင်ဘာလ၊ ၃၁ ရက်နေ့၊ ၂၀၂၃ခုနှစ်  ညနေ ၆နာရီအချိန်တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်း၌ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများနှင့် မိသားစုများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ခွန်အားဖြစ်စေရန် ရည်ရွယ်၍ နှစ်သစ်ကူးအကြိုအခမ်းအနားအား ကျင်းပပေးခဲ့ပါသည်။ အခမ်းအနားတွင် တက်ရောက် လာကြသူများအား New Myanmar Foundation ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာစန်းအောင်မှ နှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ကာ ကြာဇံဟင်းခါး၊ အအေးနှင့် ရေခဲမုန့်များ စတုဒီသာ တည်ခင်းကျွေးမွေးခဲ့ပါသည်။ ထို့နောက် ကလေးသူငယ်များ၊ အမျိုးသားအမျိုးသမီးများ အားလုံး ပျော်ရွှင်စွာပါဝင်နိုင်စေရန်အတွက် ငွေသားမဲများ၊ လူ့အသုံး အဆောင်ပစ္စည်းများ၊ အဝတ်အထည်များ နှင့် အစားအသောက်များ ပါ၀င်သော ဗလာမပါ ဆုမဲပေါင်း (၂၅၀)ကို မဲဖောက်ပေးခဲ့ပါသည်။ မဲဖောက် ပေးခြင်း အစီအစဉ်များ ပြီးသည့်နောက်တွင် ၀ိုင်း၀န်းကူညီကြသော New Myanmar Foundation မှ ဝန်ထမ်းများနှင့် ထွက်ပြေးတိမ်းရှောင် မိသားစုများ ပျော်ရွှင်စွာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်းနှင့် ဒေါက်တာစန်းအောင်မှ နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းပေးပြီး အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!