မြန်မာပြည်သူ၊သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် (၃) နှစ်ပြည့် အခမ်းအနားကျင်းပ

နေ့စွဲ – ၁ရက် ဖေဖော်ဝါရီလ ၂၀၂၄ခုနှစ်

ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၄ ခုနှစ်တွင် မြန်မာပြည်သူ/သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် (၃)နှစ် ပြည့် campaign လှုပ်ရှားမှုအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြား ထားသော ကရင်အမျိုးသားအစည်းအရုံးKNUမှ‌ ခေါင်းဆောင်တစ်ဦး၊ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းတွဲဖက်အတွင်းရေးမှူး ဆရာမဒေါ်ခင်လှဌေး၊ သမိုင်း သယ်ဆောင်သူများအဖွဲ့ မှ ဆရာမဒေါ်ရီရီဆွေ၊ မေမေ့ရင်ခွင် ဖောင်ဒေးရှင်းမှ ဆရာဦးသန်းမြင့်အောင် တို့မှ အသီးသီး အမှာစကား များနှင့် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမှစ၍ မြန်မာပြည်သူ၊သားများ ၏ လူ့အခွင့်အရေးများ မည်သို့မည်ပုံ ဆုံးရှုံးခဲ့ရကြောင်း၊ ရှေ့ဆက်၍ လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အမြန်ဆုံးရရှိရန် လက်တွဲကာ ရှေ့ဆက်တိုက်ပွဲဝင်ကြရန် လိုအပ် ကြောင်းတို့ကို အကျယ်တ၀င့်ပြောကြား ပေးခဲ့ကြပါသည်။

အခမ်းအနားသို့ တက်ရောက်လာကြသော ထိုင်းနိုင်ငံရောက် တော်လှန်ရေးအင်အားစုများမှ အာဏာသိမ်း (၃)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် သွေးမအေးစေရန် ကမ္ဘာမကျေဘူး တစ်ခန်း ရပ်ပြဇာတ်ဖြင့် ဖျော်ဖြေခဲ့ကြပြီး တော်လှန်ရေးသီချင်းများ သီဆိုခဲ့ကြပါသည်။ ထို့‌နောက် တက်ရောက်လာကြသော ဆရာ/ဆရာမများအား မုန့်ဟင်းခါးစတုဒီသာ ကျွေးခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာပိတ်သိမ်း ခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!