လူ့အခွင့်အရေးအစီအစဥ် – HRV Data အချက်အလက်များ စိစစ်ပြင်ဆင်ရေးသားခြင်း လုပ်ငန်းအတွက် Data Editor လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation မှ Human Rights Program ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ်စီမံချက်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ရာ လူ့အခွင့်အရေးချိုးဖောက်မှု Data အချက်အလက်များအား စိစစ်ပြင်ဆင်ခြင်း၊ အစီရင်ခံစာပြုစုခြင်း လုပ်ငန်းအတွက် (Data Editor) လျှောက်လွှာများ ခေါ်ယူနေပါသည်။

လူ့အခွင့်အရေးအစီအစဥ် – လူ့အခွင့်အရေးချိုးဖောက်မှူဆိုင်ရာ အချက်အလက်များအား စိစစ်ပြင်ဆင်ရေးသားခြင်း (Data Editor)

လျှောက်လွှာလက်ခံမည့်ကာလ : ၁၉/၀၃/၂၀၂၄ မှ ၂၉/၀၃/၂၀၂၄ ၊ ညနေ ၅ နာရီ အထိ

နေရာ : မဲဆောက်ရုံး

အစမ်းခန့်ကာလ : ၃ လ

လစာ : ဘတ် ၈၀၀၀ – ၁၀၀၀၀

အစီရင်ခံရမည့်သူ : Human Rights Program Manager (New Myanmar Foundation)

ခန့်အပ်မည့် ဦးရေ : ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

● Data Editor မှ ပြည့်စုံကောင်းမွန်မှန်ကန်သော အချက်အလက်များပါရှိသည့် လူ့အခွင့်အရေးမှတ်တမ်း အစီရင်ခံစာ များ ထွက်ရှိရန် အစီအစဉ်ရေးဆွဲခြင်း နှင့် အဖွဲ့ဝင် Online/Ground Data Collectors များအား သတင်း အချက်အလက် ကောက်ယူ ဖြည့်သွင်းခြင်းနည်းစနစ်များ သင်ကြားပြသခြင်းနှင့် အကြံပြုခြင်း

● Online/Ground Data Collectors များမှ ကောက်ယူဖြည့်သွင်းထားသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းအချက်အလက်များကို စိစစ်ပြင်ဆင်ခြင်း၊ ယင်းသတင်းအချက်အလက်များကို ခွဲခြမ်းလေ့လာဆန်းစစ်ခြင်း၊ Data Collector များနှင့် လိုအပ်သလို ဆွေးနွေး ညှိနှိုင်းခြင်း၊ Guideline ချမှတ်ပေးခြင်း

● ကောက်ယူလာသောအချက်အလက်များအား စုစည်းပြီး ပြည့်စုံသော လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာများအား သတ်မှတ်ထားသော ရက်၌ မြန်မာ၊ အင်္ဂလိပ် (၂) ဘာသာဖြင့် ထုတ်ပြန်ခြင်း (သတ်မှတ်ထားသော အစီရင်ခံစာများမှာ သုံးလပတ် အစီရင်ခံစာ (သို့) လူ့အခွင့်အရေးပင်မအကြောင်းအရာ အလိုက်ဆန်းစစ်ချက် အစီရင်ခံစာ နှင့် နှစ်ကုန်အစီရင်ခံစာတို့ဖြစ်သည်။)

● လူအခွင့်အရေးချိူးဖောက်မှုများအား စောင့်ကြည့်မှတ်တမ်းတင်နေသော ပြည်ပအဖွဲ့အစည်းများမှ ဖော်ပြထားသော အချက်အလက် များအားလည်း လိုအပ်ပါက စုစည်း ဘာသာပြန်ပြီး လူ့အခွင့်အရေးမှတ်တမ်းအစီရင်ခံစာတွင် ထည့်သွင်းခြင်း

● ဆိုးရွားပြင်းထန်စွာကျူးလွန်ခံရသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အချိန်နှင့်တပြေးညီ သဘောထားထုတ်ပြန်ချက် (Statement) ထုတ်ပြန်နိုင်ရေး မြန်မာ၊ အင်္ဂလိပ် (၂) ဘာသာဖြင့် ရေးသား ပြုစုခြင်း

● လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က လုပ်ဆောင်နေသောလုပ်ငန်းများအား Donor အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း များနှင့်တွေ့ဆုံသော အစည်းအဝေးများတွင် လည်းကောင်း၊ မှတ်တမ်းတင်ပြုစုထားသည့် အချက် အလက်နှင့် အစီအရင်ခံစာများကို လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ/အစည်းအဝေးများတွင် လည်းကောင်း မြန်မာ၊ အင်္ဂလိပ် (၂) ဘာသာဖြင့် တင်ပြဆွေးနွေးပြောဆိုခြင်း

● လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့၏ Activity Report အား လစဉ် သတ်မှတ်ထားသောရက်၌ Program Manager ထံတင်ပြခြင်း။

အရည်အချင်းလိုအပ်ချက်များ

● လူ့အခွင့်အရေးဆိုင်ရာ အခြေခံဗဟုသုတရှိရမည်ဖြစ်ပြီး လူ့အခွင့်အရေးမှတ်တမ်းကောက်ယူမှုလုပ်ငန်းစဉ်များ အကြောင်း ကောင်းစွာသိရှိနားလည်ရမည်။

● Computer literacy နှင့် IT အခြေခံဖြစ်သည့် Google Sheet, MS Office Suite, social media အသုံးပြုတတ်ရမည်။ Infographic report များပြုလုပ်နိုင်ရမည်။

● Database management အတွေ့အကြုံရှိသူဖြစ်ပါက ပိုမိုကောင်းမွန်သည်။

● တက္ကသိုလ်မှ အနည်းဆုံး ဘွဲ့တစ်ခုရရှိထားရမည်။

● Myanmar၊ English နှစ်ဘာသာလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်ရမည်။

● Interpersonal, Networking နှင့် Communication Skills များကောင်းမွန်ရမည်။

● လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့တွင် အနည်းဆုံး ၁ နှစ်ကြာ တာဝန်ထမ်းဆောင်နိုင်သူကို ဦးစားပေးမည်။

လျှောက်ထားလိုသူများသည် Email: humanrights.nmf@gmail.com သို့ အောက်ပါအချက်အလက်များ ပြည့်စုံစွာ ပူးတွဲပေးပို့ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့နောက်ဆုံးထားလျှောက်ထားနိုင်သည်။

✔ ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံများအပါအဝင် လူ့အခွင့်အရေးလုပ်ဆောင်ချက်များရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာထည့်သွင်း ရေးသားထားသည့် ကိုယ်ရေးမှတ်တမ်း ( CV form)

✔ ပညာအရည်အချင်းလက်မှတ်များ

✔ ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ email၊ signal နံပါတ်များကို CV form တွင် တပါတည်းဖော်ပြရန်။

✔ ကနဦးရွေးချယ်ခံရသူများကို ဆက်သွယ်၍ အင်တာဗျူး (လူတွေ့/online) ခေါ်ယူမေးမြန်းမည်ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက:

Program Coordinator

Phone, Signal & Telegram – +66808986684

humanrights.nmf@gmail.com

Human Rights Program

New Myanmar Foundation

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!