𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်းများကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။

NMF၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစုအတွက်ဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများ အနေနှင့်မူ သီးသန့်အခန်းများရရှိမည်ဖြစ်ပါသည်။

Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ခေါင်းအုံးများ၊ အိမ်တွင်း ပရိဘောဂများပံ့ပိုးပေးထား ပါသည်။ Wifi internet များလည်း တပ်ဆင် ပေးထားပြီး သွားလာရေး အတွက် စက်ဘီး များ၊ ဆိုင်ကယ်နှင့်ကားကိုလိုအပ်သလို အသုံးပြုခွင့်ပေးထားပါသည်။ ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများ အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို တာဝန်ယူ ဆောင်ရွက်ပေးပါသည်။ အသိပညာတိုးပွား စေရန်ရည်ရွယ်သော စာကြည့်တိုက်တစ်ခုကို လွန်ခဲ့သောအောက်တိုဘာလအတွင်း စတင်တည်ထောင်ထားပြီးဖြစ် ပါသည်။ စားနပ်ရိက္ခာအတွက် NMFမှ ပုံမှန်အခြေခံ စားနပ်ရိက္ခာ အစီအစဉ်ကိုလည်း လျှောက်ထားနိုင်ပါသည်။ Safe House ကူညီပေးနိုင်သော ကာလမှာ ၃လဖြစ်ပါသည်။

Safe House ၌ နေစဉ် ကာလအတွင်း NMFမှ အောက်ဖော်ပြပါ ဝန်ဆောင်မှုများအားလည်း စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါသည်။

• အင်္ဂလိပ်စာသင်တန်း၊ ထိုင်းစာသင်တန်း၊ Digital Security သင်တန်း နှင့် လူ့အခ္ငင့်အရေးသင်တန်း၊ စိတ်ခွန်အားမြှင့်တင်ရေးသင်တန်းများ ကို အခမဲ့တက်ရောက်နိင်ပါသည်။

• အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ကူညီရှာဖွေပေးလျှက် ရှိပါသည်။

• အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှုလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

• ကျောင်းနေအရွယ် ကလေးများအား ကျောင်းအပ်နှံပေးခြင်း/သင့်တော်သော ကျောင်းများရှာပေးခြင်းများကို လည်း ကူညီလုပ်ဆောင်ပေးလျှက် ရှိပါသည်။

Safe Houseတွင်နေထိုင်သူ တစ်ဉီးချင်း၏လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ်နိုင်ဆုံးဖြည့် ဆည်းပေးမည်ဖြစ်ပါသည်။ NMF၏ Safe Houseတွင် နေထိုင်ခွင့်အတွက်လျှောက်ထားသူများသည် ဒီမိုကရေစီ အရေး၊လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဦးစားပေးမည်ဖြစ်ပြီး ပြည်တွင်းမှ စစ်မှုထမ်းရှောင်လာကြသူ များ၊ စစ်ရှောင်ပုဂ္ဂိုလ်များအပါအဝင် မြန်မာပြည်သူပြည်သားများ အတွက်လည်း ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပါ သည်။

လျှောက်ထားသူများသည် အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတာစွာ နေနိုင်သူ ဖြစ်ရပါမည်။ အထက်ပါ အချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF၏ Safe House လျှောက်ထားခြင်း ဆိုင်ရာဖုန်း၏ Signal နံပါတ် (၀၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

#NewMyanmarFoundation

#safehouse

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!