လူထုခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက်မွေးနေ့ အခမ်းအနားအားကျင်းပခြင်း
ရက်စွဲ။ ။ ဇွန်လ (၁၉)ရက် ၊ ၂၀၂၄ ခုနှစ်။
လူထုခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက်မွေးနေ့ အခမ်းအနားနှင့် ပန်းသပိတ်အား New Myanmar Foundation မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ တွင် နယ်စပ်ဒေသ တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် လူထုခေါင်းဆောင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့ ကိတ်ခွဲခြင်း၊ ပန်းသပိတ်ဆင်နွှဲခြင်းနှင့် တက်ရောက်သူများအား ရေခဲမုန့်၊ ကိတ်မုန့်တို့ဖြင့် တည်ခင်းဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း၊ မတရားချုပ်နှောင်ဖမ်းဆီးခံရခြင်းမှလည်း အမြန်ဆုံး လွတ်မြောက် ပါစေကြောင်းနှင့် မြန်မာပြည်ကြီး စစ်အာဏာရှင်စနစ်မှ အမြန်ဆုံး လွတ်မြောက်လာပါစေကြောင်း New Myanmar Foundation မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။



