အခမဲ့အခြေခံမော်တာစက်ချုပ် (၁၂) ရက်ကြာ သင်တန်းအပတ်စဉ် (၄၁) သင်တန်းဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ်-(၄၁) ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အခြေခံ မော်တာစက်ချုပ်သင်တန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ (၁၂) ရက်ကြာ သင်တန်းများ စတင် ဖွင့်လှစ်ခဲ့ပြီး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုသင်တန်းအား New Myanmar Foundation မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရန် နှင့် အထည်ချုပ်စက်ရုံများတွင် စက်ချုပ်အလုပ်အကိုင်အား အလွယ်တကူ ရရှိရန် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၁၂) ရက်အတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ သင်တန်းကာလအတွင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် သင်တန်းအားလုံး ပြီးဆုံးသည်အထိ တက်ရောက်‌ပေးကြရန်၊ သင်တန်းကာလ ပြီးဆုံးသွားပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် ကြိုးစားရှာဖွေပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည်ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။

ထို့နောက် ဆရာသန်းမြင့်အောင်မှလည်း သင်တန်းတက်ရောက်လာသော ဆရာမများကြိုဆို ပါကြောင်း၊ သင်တန်းကာလအတွင်း ဆရာမများ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ မိသားစုဝင်များကဲ့သို့အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်း ပြီးဆုံးပါကလည်း အလုပ်အကိုင်များရရှိရန်အတွက်လည်း ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့အား ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆရာမမေသန္တာလှိုင် မှ အခမဲ့ အခြေခံမော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိ လာကြသော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှုများနှင့် မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီ တောင်းနိုင် ပါကြောင်း၊ အချင်းချင်း ဗဟုသုတ မျှဝေနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြားသော အထောက်အပံ့များ ရယူနိုင်ခွင့်များ အတွက် Signal Groupများ ဖွဲ့ပေးထားခြင်း ဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်း သား/သူ အချင်းချင်း သင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာ ပေးပါရန်၊ အသက်မွေးဝမ်းကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန် တို့ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

#NewMyanmarFoundation

#sewingmachine

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!